22/10/2026
မြန်မာ့ရိုးရာပွဲစျေး - Myanmar Traditional Festival ရဲ့ Shop for Hope Booth မှာ Daw Pa ရှိနေပါမယ် ရှင့်
#ပွဲဈေး
✨ မြန်မာ့ရိုးရာပွဲစျေး 2026 မှာ ဘယ်လိုဆိုင်ခန်းတွေ ပါဝင်မှာလဲ? ✨🇲🇲
ပွဲစျေးလာလည်ရင်း ကိုယ်ကြိုက်တဲ့ပစ္စည်းတွေကို လွယ်ကူစွာရှာဖွေဝယ်ယူနိုင်ဖို့အတွက် ပါဝင်ပြသရောင်းချမယ့် ဆိုင်ခန်းတွေကို မိတ်ဆက်ပေးသွားပါမယ်ရှင်…
📍 Zone (C) | Booth No. C15
🏪 ဆိုင်ခန်းအမည် - Sharing Our Strength
🤝မျှဝေခြင်းဖြင့် ကလေးကင်ဆာလူနာများ တို့၏ အနာဂတ်ကို အားဖြည့်ပေးခြင်း
Sharing Our Strength အဖွဲ့လေးဟာ ကလေးကင်ဆာလူနာများ၏ ဆေးကုသမှုနှင့် လိုအပ်ချက်များကို တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့လေးတစ်ခု ဖြစ်ပါတယ်။
ချည်ထိုးအရုပ်လေးများ၊ အိတ်များနှင့် နေ့စဉ်လူသုံးကုန်ပစ္စည်းများကို ကိုယ်တိုင်ဖန်တီးထုတ်လုပ် ရောင်းချပြီး ရရှိလာတဲ့ အလှူငွေများကို ကလေးများ ဆေးကုသမှုခံယူရာတွင် လိုအပ်သည့် အထောက်အပံ့များအတွက် ပြန်လည်မျှဝေပေးလျက်ရှိပါတယ်။
ဒါ့အပြင် Daw Pa, Mal Chi, The Charm နှင့် Daisy Day တို့ကလည်း Collaboration Partners များအဖြစ် ချည်ထည်ပစ္စည်းလေးများ ပါဝင်ရောင်းချကာ ကလေးလူနာလေးများကို အတူတကွ ကူညီပံ့ပိုးပေးနေကြပါတယ်။
ပစ္စည်းလေးတစ်ခုကို ဝယ်ယူအားပေးခြင်းဟာ လှပတဲ့လက်မှုပစ္စည်းတစ်ခုကို ရရှိစေရုံသာမက ကင်ဆာရောဂါကို ရင်ဆိုင်နေရတဲ့ ကလေးလေးများအတွက်လည်း မျှော်လင့်ချက်နဲ့ အားအင်တစ်စိတ်တစ်ပိုင်း ဖြစ်လာစေပါတယ်။
Sharing Our Strength နဲ့အတူ ကလေးတို့ရဲ့ အနာဂတ်အတွက် မျှဝေကူညီပေးကြပါစို့။
ဒီလို အစားအသောက်တွေ၊ရိုးရာပစ္စည်းတွေ၊အကအလှတွေ၊ ဗဟုသုရဖွယ်တွေ စုံလင်လှတဲ့ ပွဲတော်ကြီးကို သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ မိသားစုနဲ့ဖြစ်ဖြစ် မြန်မာ့ရိုးရာပွဲစျေးမှာ ပျော်ပျော်ပါးပါး လာလည်ရင်း မြန်မာ့ရိုးရာအငွေ့အသက်တွေ၊ စုံလင်တဲ့အစားအသောက်တွေနဲ့ စိတ်ဝင်စားစရာ ဆိုင်ခန်းတွေကို တစ်နေရာတည်းမှာ လာရောက်ခံစားလိုက်ကြရအောင်။ 🌾✨
“မြန်မာ့ရိုးရာပွဲစျေး”✨
ကျင်းပမည့် နေ့ရက်၊ အချိန်၊ နေရာ
🗓️ 𝓓𝓪𝓽𝓮 : 6,7,8 November, 2026
🕙 𝓣𝓲𝓶𝓮 : 10:00 AM to 8:00 PM
📍 𝓥𝓮𝓷𝓾𝓮 : Yangon Convention Center(YCC), Inya Lake Hotel. (အင်းလျားလိတ်ဟိုတယ်ဝန်းအတွင်းရှိ ရန်ကုန်ကွန်ဗန်းရှင်းစင်တာ)
🇲🇲မြန်မာတို့ရဲ့ အမှတ်တရတွေ ပြန်လည်ဆုံစည်းမယ့်နေရာမှာ ဆုံကြမယ်နော်💛
📣မြန်မာ့ရိုးရာပွဲဈေးကို မည်သူမဆို ဝင်ကြေးအခမဲ့နဲ့ လာရောက်လည်ပတ်နိုင်ပါတယ်။
🎈ဒီပွဲဈေးမှာ မြန်မာ့ရိုးရာအစားအစာများ ပြုလုပ်ပုံအဆင့်ဆင့်တွေ၊ ဗဟုသုတရဖွယ် မြန်မာ့ယဉ်ကျေးမှုအကြောင်းအရာ စကားဝိုင်းတွေ နားထောင်ရင်း ပျော်စရာမေးခွန်းအစီအစဉ်တွေနဲ့ ဆုလက်ဆောင်တွေ၊ ကံစမ်းမဲတွေကို ရယူနိုင်ဦးမှာနော်..
🎈မြန်မာ့ရိုးရာအကအလှတွေနဲ့အတူ ရဲ့ ဖျော်ဖြေမှုတွေကိုလည်း ကြည့်ရှုနိုင်မှာပါ..
🎈ဒါ့အပြင် နာမည်ကြီး အနုပညာရှင်တွေဖြစ်ကြတဲ့ နဲ့ ဆရာမ #ဒေါ်ခိုင်မာလွင် တို့ကိုယ်တိုင် မြည်းစမ်းကျွေးမယ့် ပွဲဈေးတန်းမုန့်တွေစားရင်း မြန်မာ့ရိုးရာပွဲဈေးကို ပျော်ပျော်ပါးပါး လာရောက်ဆင်နွှဲလိုက်ကြရအောင်…🎊💛
#မြန်မာ့ရိုးရာပွဲစျေး2026
#မြန်မာ့ရိုးရာအငွေ့အသက်
#မြန်မာ့ရိုးရာမုန့်စျေးတန်း
#အမှတ်တရတွေပြန်လည်တွေ့ဆုံမဲ့နေရာ