Mahar Engineering Service

Mahar Engineering Service မှန်ကန်သော ဈေးနှုန်း
စစ်မှန်သော စေတနာ
ခိုင်မာသော အာမခံ

 #အင်ဗာတာ(Inverter)အဲကွန်းနဲ့ရိုးရိုး(Non-inverter)အဲကွန်းဘာကွာသလဲ? #ဘယ်ဟာကပိုကောင်းသလဲ?ကျနော့်ကို ဘယ်အဲကွန်းကကောင်းသလဲလ...
08/09/2026

#အင်ဗာတာ(Inverter)အဲကွန်းနဲ့ရိုးရိုး(Non-inverter)အဲကွန်းဘာကွာသလဲ? #ဘယ်ဟာကပိုကောင်းသလဲ?

ကျနော့်ကို ဘယ်အဲကွန်းကကောင်းသလဲလာမမေးပါနဲ့
ကျနော်မဖြေတတ်ဘူး
ဘယ်အဲကွန်းကမီတာခသက်သာလဲလာမေးမယ်?
အအေးနှုန်းကစက်မှာဖော်ပြတဲ့အတိုင်းတကယ်ဟုတ်ရဲ့လားလာမေးမယ်?
ဘယ်စက်တာရှည်ခံလဲလာမေးမယ်?
ဘယ်စက်အပိုပစ္စည်းပေါလဲလာမေးမယ်?
အာမခံစိတ်ချရလားလာမေးမယ်
ဆိုရင်တော့ တိတ်တိတ်ကလေးလာမေးပါ ကျနော်သိတာ လေးဖြေပေးပါမယ်။

အင်ဗာတာဖြစ်စေရိုးရိုးဖြစ်စေ
အဲကွန်းတိုင်းက အခန်းထဲကအပူကို စုပ်ယူပြီး
အောက်ဒိုးယူနစ်ကနေ အပြင်ကို
အပူစွန့်ထုတ်ပေးတာချင်းအတူတူပါ။
အအခန်းကိုအေးအောင်လုပ် ပေးတာချင်း အတူတူပါ။

ပါဝင်တဲ့အစိတ်အပိုင်းအတွေကလည်းတူသလို
အလုပ်လုပ်ပုံကလည်းအတူတူပါ။

ဒါဆိုဘာက မတူတာလဲဆိုရင်
#အင်ဗာတာအဲကွန်းမှာတော့
ပါဝင်တဲ့အစိတ်အပိုင်းတွေထဲကမှ
လျှပ်စစ်သုံးပြီးလည်ပတ်နေရတဲ့ မော်တာတွေဖြစ်တဲ့
အခန်းတွင်းအင်ဒိုးယူနစ်တွေထဲကပန်ကာမော်တာ၊အောက်ဒိုးယူနစ်တွေထဲကကွန်ပရက်ဆာမော်တာနဲ့ပန်ကာတွေရဲ့အလုပ်လုပ်တဲ့ အမြန်နှုန်းက အခန်းရဲ့အပူချိန်၊ရာသီဥတုနဲ့လူဦးရေလိုက်လို့ အလိုအ လြောကျ ပြောင်းလဲပြီး အတိုးအလျော့လုပ်လို့အမြန်နှုန်းကို ကစားပေးနိုင်တာပါ။

အဲဒီလိုအမြန်နှုန်းလျော့တော့ ဘာဖြစ်လဲဆိုရင် ကြာရှည်သုံးတဲ့အခါ ပျမ်းမျှအနေနဲ့တွက်ရင် မီတာခသက္သာတာပါပဲ။

မော်တာတွေရဲ့ လည်ပတ်နှုန်းက ၂၀%လျော့သွားတိုင်းအကြမ်းအားဖြင့် လျှပ်စစ်စားသုံးမှုက ၄၀% ကျော်လောက်သက်သာတာပါပဲ။

ရိုးရိုးအဲကွန်းကတော့
ပန်ကာမော်တာတွေနဲ့ကွန်ပရက်ဆာရဲ့လည်နှုန်းက
အခန်းထဲမှာအေးသည်ဖြစ်စေပူသည်ဖြစ်စေ
ချိန်ညှိထားတဲ့အပူချိန်ထိမအေးမချင်း
လူကချိန်ထားတဲ့အတိုင်းလည်ပတ်နှုန်း
မပြောင်းလဲပဲစက်ကပုံသေအမြင့်ဆုံး
အမြန်နှုန်းနဲ့အမြဲအ လုပ်လုပ်နေမှာပါ။

သတ်မှတ်အပူချိန်ရောက်ပြီဆိုရင်လုံးဝရပ်သွားပြီး
အခန်းရဲ့အပူချိန်က ပြန်တက်ပြီး သတ်မှတ်ချိန်ညှိထားတဲ့အပူချိန်ကျော်တာနဲ့ ပြန်လည်ပါတယ်။

(ကြန္ပရက္ဆာက ခဏခဏ လည်လိုက်ရပ်လိုက်လုပ်ရင်
သက်တမ်းတိုနိုင်ပါတယ်၊ စမောင်းမောင်းချင်းမှာ
လျှပ်စစ်ဆွဲအားကိုများလို့ အကြိမ်ရေများများလည်လိုက်ရပ်လိုက်ဖြစ်လေ
လျှပ်စစ်စွမ်းအင်ပိုကုန်လေပါ)

အင်ဗာတာတွေမှာကတော့အခန်းထဲမှာ
ပူနေရင် ကွန်ပရက်ဆာနဲ့ပန်ကာတွေကို
မြန်မြန်လည်ပြီး အခန်းကိုသတ်မှတ်ထားတဲ့
အပူချိန်အနေအထားထိအေးစေဖို့
မြန်မြန်အလုပ်လုပ်ပေးမှာပါ ။
အေးမြသွားရင်တော့ လည်နှုန်းကိုလျော့ချပြီး
စွမ်းအင်ကိုချွေတာပေးပါလိမ့်မယ်။
အခန်းထဲမှာအရမ်းပူချိန်ဆိုရင်တော့ သူ့ရဲ့ကွန်ပရက်ဆာနဲ့ပန်ကာ မော်တာတွေရဲ့လည်ပတ်နှုန်းက သာမာန်အဲကွန်းက လည်ပတ်နှုန်းထက်မြင့်သွားလို့ လျှပ်စစ်ပိုကုန်တဲ့အချိန်လည်းရှိပါတယ်။

အရေးကြီးတဲ့တချက်က
အင်ဗာတာအဲကွန်းသုံးတဲ့ အခန်းဟာ အပူမလုံ၊လေမလုံရင်၊စက်ရဲ့Capacityနဲ့မကိုက်ညီပဲ စက်အရွယ်ကသေးနေရင်အဲကွန်းကွန်ပရက်ဆာက High Speedနဲ့လည် နေမှာဖြစ်လို့ လျှပ်စစ်စွမ်းအင်ပိုသုံးစွဲပြီးမီတာခပိုကုန်ကျနိုင်ပါတယ်။

(လျှပ်စစ်မော်တာတွေက လည်နှုန်းမြန်လေလေ လျှပ်စစ်စွမ်းအင်သုံးစွဲမှုပိုများလေလေပါ)

အဲဒီလိုအခန်းမှာ
သတ်မှတ်အပူချိန်ရောက်ပြီဆိုတာနဲ့
အင်ဗာတာအဲကွန်းအများစုက ရိုးရိုးအဲကွန်းတွေမှာလို ကွန်ပရက်ဆာနဲ့ အောက်ဒိုးယူနစ်ကြီးတခုလုံးကို
လုံးဝရပ်တန့်ပစ်တာမျိုးမလုပ်ပဲ စက်ရပ်မပစ်ပဲ
အနိမ့်ဆုံးလည်ပတ်နှုန်းနဲ့ဆက်ပြီးတော့
လည်ပတ်နေစေပြီး လျှပ်စစ်ကိုချွေတာရင်း
အခန်းရဲ့အပူချိန်ကိုထိန်းပေးထားတဲ့အတွက်
ရံဖန်ရံခါ အပူများများထုတ်ဖို့ အခန်းကိုမြန်မြန်ပြန်အေးစေဖို့ လိုတဲ့အချိန်ကလွဲလို့
အမြဲတမ်းကြီး မြန်နှုန်းမြင့်မြင့်နဲ့လည်နေစရာမလိုပဲ
အခန်းကိုအေးနေအောင်
အငြိမ်ထိန်းထားနိုင်ပါတယ်။

အဲဒီလိုမတူညီမှုတွေကနေ
သုံးစွဲသူတွေအတွက်ဘာတွေ
အားသာစေသလဲဆိုရင်တော့

ရိုးရိုးအဲကွန်းတွေကစက်မောင်းနေတဲ့တလျှောက်
အခန်းကသတ်မှတ်ထားတဲ့အပူချိန်ထိမအေးမချင်း
ပုံသေနှုန်းနဲ့ လည်နေတဲ့အတွက် နာရီနဲ့အမျှ လျှပ်စစ်
ကပုံသေနှုန်းနဲ့ကုန်နေပြီး မီတာခတက်နေမှာပါ။

ပြည်တွင်းမှာရောင်းချနေတဲ့
ရိုးရိုးအဲကွန်းတွေအများစုကတော့
9000BTU/hr (တကောင်စက်)
တနာရီမောင်းရင် စက်အများစု
မီတာယူနစ်အနေနဲ့( 0.9)ယူနစ်
(တယူနစ္နီးပါ) တက်ကြပါတယ်။
တချို့စက်အနည်းစုပဲ
တနာရီကို (0.7)ဝန်းကျင်လောက်သာတက်တာပါ။

တနေ့ကို (၁၀) နာရီသုံးမယ်ဆိုရင်တော့
စက်အမျိုးအစားလိုက်လို့တနေ့ကို
လျှပ်စစ်ယူနစ် (၇) က ယူနစ်(၉) ကြား
ကုန်ကျပါလိမ့်မယ်။ တနှစ်ဆိုရင်တော့

၉ ယူနစ် ၃၆၅= ၃၂၈၅ယူနစ် ယူနစ်ကုန်ပါမယ်။

မီတာခအနေနဲ့ ၃၂၈၅ ၁၂၀= ၃၉၄၀၀၀ ကုန်ကျနိုင်ပါတယ်။
၁၀နာရီထက်ပိုမောင်းရရင်တော့ ဒီထက်ပိုကုန်ပါမယ်။

အဲဒီအချိန်မှာ အင်ဗာတာအဲကွန်းကိုသုံးရင်တော့
တနေ့စာအတွက် ကွန်ပရက်ဆာနဲ့မော်တာတွေဟာ
အခန်းထဲမှာအေးနေချိန်
မလိုအပ်ရင်ဖြည်းဖြည်းပဲလည်လို့
လည်နှုန်းလျော့လေလေ လျှပ်စစ်စွမ်အင်ကုန်တာ
သက်သာလေလေပါ။အဲဒါကြောင့် စက်သံလည်းငြိမ်တဲ့အပြင် မီတာခလည်းသက်သာစေပါတယ်။

ရိုးရိုးစက်နှင့်ယှဉ်ရင်စက်အမျိုးအစားလိုက်လို့ ၃၀%ကေန ၅၀%ကျော်ထိသက်သာနိုင်ပါတယ်။

ဂျင်းအာဗာတာစက်တွေလည်းအများကြီးရှိပါတယ်။
ဆိုလိုတာက ရိုးရိုးNon inverterနဲ့ဘာမှမထူးတဲ့စက်တွေပြောတာပါ။ပိုလာတာက ဆားကစ်တွေပိုလာတော့ မြန်မာပြည်လျှပ်စစ်နဲ့ စက်မြန်မြန်ပျက်တာပါပဲ။

အဲဒါကြောင့်တနှစ်ရဲ့မီတာခအနေနဲ့
တကောင်အားအဲကွန်း(9000Btu/hr)
အင်ဗာတာစက်အမျိုးအစားလိုက်လို့
စက်တလုံးအနေနဲ့တနှစ်ကို

ကျပ် 120000/- ဝန်းကျင်ကနေ
200000/- ဝန်းကျင်ထိသက်သာနိုင်ပါတယ်။

အင်ဗာတာအဲကွန်းနဲ့ရိုးရိုးအဲကွန်းရဲ့
ဝယ်ရင်းဈေးထက်
တလုံးကို လက်ရှိပေါက်ဈေးအရ
တံဆိပ်အမျိးမျိုးလိုက်လို့
၁၀၀၀၀၀/- ကေန ၃၀၀၀၀၀/-ဝန်းကျင်ပဲပိုကုန်လို့
တနေ့ ၁၀ နာရီနဲ့ တနှစ်ကျော်ကျော်
သုံးရင်ကို အတူတူကုန်ကျတာဖြစ်လို့
ရေရှည်မှာ အင်ဗာတာအဲကွန်းက
ငွေကြေးပိုချွေတာနိုင်မှာပါ။

စက်ရဲ့သက်တမ်းကလည်း ရိုးရိုးစက်နဲ့ယှဉ်ရင်
အရပ်အပြုနည်းလို့ ပိုပြီးသက်တမ်းရှည်ပါလိမ့်မယ်။

အဲကွန်းအလုံးရေအများကြီးသုံးတဲ့ ဟော်တယ်၊တည်းခိုခန်းလို
အဆောက်အဦးတွေဆိုရင်တော့
အင်ဗာတာအဲကွန်းသုံးတဲ့ အဆောက်အဦးတွေက
အများကြီး ငွေကြေးချွေတာနိုင်မှာပါ။

အားသာချက်အားနည်းချက်အနေနဲ့

အင်ဗာတာအဲကွန်းရဲ့ဈေးနှုန်းက
ရိုးရိုးစက်နဲ့ယှဉ်ရင်အနည်းဆုံး ကျပ်၁၀၀၀၀၀/- ကေန ၃၀၀၀၀၀/-ဝန်းကျင်ထိပိုနိုင်ပါတယ်။

အင်ဗာတာစက်က လျှပ်စစ်မီးမတည်ငြိမ်အတက်အကျများရင်ရိုးရိုးစက်လိုမဟုတ်မဟုတ်ပဲ လျှပ်စစ်ပိုင်းဆိုင်ရာ
ဆားကစ်တွေ အခန့်မသင့်ရင်ပျက်စီးတတ်ပါတယ်ပါတယ်။
ဒါပေမယ့်ပုံမှန်အားဖြင့်တော့ ဗို့အားနည်းရင်ကို
ကောင်းကောင်းအလုပ်လုပ်နိုင်စွမ်းရှိပါတယ်။

အင်ဗာတာစက်ဟာရိုးရိုးစက်နဲ့ယှဉ်ရင်
အသံဆူညံမှုပိုနည်းလို့ အခန်းတွင်းမှာပိုပြီး
တိတ်ဆိတ် ငြိမ်သက်နေပါလိမ့်မယ်။အခန်းကို
အမြန်ဆုံးအေးမြစေပါလိမ့်မယ်။
အအေးနှုန်းတည်ငြိမ်စေပါလိမ့်မယ်။

အင်ဗာတာစက်ဟာရိုးရိုးစက်နဲ့ယှဉ်ရင်
လည်အားကို အရမ်းမမြင့်စေပဲထိန်းချုပ်ပြီးထားလို့
လျှပ်စစ်သုံးစွဲမှု အများကြီးသက်သာတဲ့အတွက်
လစဉ်မီတာခတော့ ချွေတာနိုင်ပါလိမ့်မယ်။
(စက်အမျိုးအစားလိုက်လို့ လက်ရှိသုံးစွဲနေတဲ့
အဲကွန်းစာရင် မီတာခ ၅၀%ကျော်ထိသက်သာတဲ့
အင်ဗာတာအဲကွန်းအမျိုးအစားတွေကို
ရွေးချယ်ဝယ်ယူသင့်ပါတယ်)

အင်ဗာတာအဲကွန်းဟာ
ဖုန်နဲ့အညစ်အကြေးထူထပ်ပီး၊ အင်းဆက်ပိုးတွေ များတဲ့နေရာဒေတွေမှာတပ်ဆင်သုံးစွဲရင်တော့ အောက်ဒိုးယူနစ်က လျှပ်စစ်ဆားကစ်တွေကို
ဒုက္ခပေးတတ်လို့ ထိန်းသိမ်းမှုစရိတ်ပိုကုန်ကျနိုင်ပါတယ်။ခဏခဏ Error တက်လို့ပျက်တတ်ပါတယ်။

အင်ဗာတာအဲကွန်းတွေရဲ့အပိုပစ္စည်းတွေဟာရိုးရိုးအဲကွန်းရဲ့အပိုပစ္စည်းတွေနဲ့ယှဉ်ရင်တော့
ဈေးနည်းနည်းပိုကြီးနိုင်ပြီး ကျွမ်းကျွမ်းကျင်ကျင်
ပြုပြင်နိုင်သူတော့နည်းပါးနေပါသေးတယ်။
ပြုပြင်စရိတ်တော့ ပိုကုန်တာရှိနေပါသေးတယ်။
(အပိုပစ္စည်းတွေတော့အလွယ်တကူရရှိနေပါပြီ)

လူတိုင်းအင်ဗာတာအဲကွန်းတွေသုံးရင်တော့
လျှပ်စစ်စွမ်းအင်ချွေတာနိုင်လို့ သဘာပတ်ဝန်းကျင်ကို ပိုပြီးထိန်းသိမ်းနိုင်သလို ပိုလွ်ံတဲ့လွ်ပ္စစ္ကို
တိုင်းပြည်အနေနဲ့အကျိုးရှိစွာသုံးစွဲနိုင်ပါမယ်။
(သုံးစွဲဖို့လည်းတိုက်တွန်းပါတယ်)။တကယ့်အစစ်ကိုပြောတာပါ။ဂျင်းအင်ဗာတာကတော့မထူးပါ။

အင်ဗာတာအဲကွန်းကို ဈေးမတတ်နိုင်လို့သုံးစွဲဖို့အဆင်မပြေသေးရင်တောင်
သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းဖို့နဲ့စွမ်အင်ချွေတာဖို့
အင်ဗာတာမဟုတ်တဲ့ရိုးရိုးအဲကွန်းတွေထဲကမှ တချို့သော အင်ဗာတာအဲကွန်းနီးပါး လျှပ်စစ်သုံးစွဲမှု သက်သာတဲ့ပြည်တွင်းမှာရောင်းချနေပြီဖြစ်တဲ့ EER , COP မြင့်တဲ့ ရာသီဉတုနဲ့ကိုက်ညီတဲ့
အဲကွန်းအမျိုးအစားတွေကိုရွေးချယ်သုံးစွဲကြဖို့
တိုက်တွန်းပါတယ်။

#ကိုနန္ဒမိုး

လုပ်ငန်းသုံး ရေခဲသေတ္တာ များအတွက်  𝗙𝗿𝗲𝗲𝘇𝗲𝗿/𝗖𝗵𝗶𝗹𝗹𝗲𝗿 𝗥𝗲𝗽𝗮𝗶𝗿 သီးသန့်𝗠𝗮𝗵𝗮𝗿 𝗥𝗲𝗳𝗿𝗶𝗴𝗲𝗿𝗮𝘁𝗼𝗿 𝗦𝗲𝗿𝘃𝗶𝗰𝗲 ရှိပါတယ်ခင်ဗျာဈေး လဲ သင့်💯💯စ...
08/09/2026

လုပ်ငန်းသုံး ရေခဲသေတ္တာ များအတွက် 𝗙𝗿𝗲𝗲𝘇𝗲𝗿/𝗖𝗵𝗶𝗹𝗹𝗲𝗿 𝗥𝗲𝗽𝗮𝗶𝗿 သီးသန့်
𝗠𝗮𝗵𝗮𝗿 𝗥𝗲𝗳𝗿𝗶𝗴𝗲𝗿𝗮𝘁𝗼𝗿 𝗦𝗲𝗿𝘃𝗶𝗰𝗲 ရှိပါတယ်ခင်ဗျာ

ဈေး လဲ သင့်💯💯
စိတ် လဲ ချ ရမယ့် 💯💯 ကိုသာသတိရလိုက်ပါခင်ဗျာ......

𝗦𝗲𝗿𝘃𝗶𝗰𝗲 ခေါ်ယူလိုပါက အချိန် ၂ နာရီခန့်
ကြိုတင် စာရင်းသွင်း ဆက်သွယ်ပေးရပါမယ်

Chat box သို့ Massage box ကနေ စာရင်းသွင်းနိုင်သလိုအောက်ဖော်ပြပါ ဖုန်းတွေကလည်း👇👇👇

09-444201592,09-424948453 ဆက်သွယ်စာရင်းသွင်းနိုင်ပါတယ်ရှင်☎️☎️☎️



#လုပ်ငန်းရေခဲသေတ္တာပြုပြင်ရေး
#အိမ်သုံးရေခဲသေတ္တာပြုပြင်ရေး

အဲကွန်းတစ်လုံး ဝယ်ယူတော့မည်ဆိုပါက ရေရှည်အသုံးပြုနိုင်မှုနှင့် ခိုင်မာသော အာမခံစနစ်သည် အလွန်အရေးကြီးပါသည်။ GREE Wall Moun...
08/09/2026

အဲကွန်းတစ်လုံး ဝယ်ယူတော့မည်ဆိုပါက ရေရှည်အသုံးပြုနိုင်မှုနှင့် ခိုင်မာသော အာမခံစနစ်သည် အလွန်အရေးကြီးပါသည်။ GREE Wall Mounted Pular Series သည် ရေရှည် အကြမ်းခံမှုနှင့် အာမခံပြည့်စုံမှုတို့ကြောင့် သုံးစွဲသူများ အားကိုးရဆုံး အဲကွန်းတစ်ခုဖြစ်ပါတယ်။

Pular Series တွင် အသုံးပြုထားသည့် အရည်အသွေးမြင့် Copper Pipe နှင့် Anti-Corrosion Gold Fin နည်းပညာတို့သည် မိုးရေနှင့် ရာသီဥတုကြောင့် စက်သံချေးတက်ခြင်း၊ ဆေးပေါက်ခြင်းတို့မှ ကာကွယ်ပေးပြီး တာရှည်ခံမှုကို တိုးမြှင့်ပေးပါတယ်။

ထို့အပြင် ခိုင်မာသည့် အာမခံစနစ်နှင့် အပိုပစ္စည်း ရရှိနိုင်မှု ပြည့်စုံခြင်းတို့ကြောင့် ရေရှည်အသုံးပြုရာတွင် စိတ္တသုခကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ အိမ်တိုင်းအတွက် စိတ်ချယုံကြည်ရပြီး ခေတ်မီဆန်းသစ်သည့် GREE Wall Mounted Pular Series ကို ဒီနေ့ပဲ တပ်ဆင်လိုက်ပါ။

—————————————————

GREE နှင့်ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက အမြို့မြို့ အနယ်နယ်ရှိ GREE Authorized Dealer ဆိုင်များတွင် စုံစမ်းဝယ်ယူနိုင်ပါသည်



Air Con အသစ်တပ်ဆင်လျင် Gas ထပ်ဖြည့်ဖို့လိုသလားAir Con တပ်ဆင်လျင် Gas ထပ်ဖြည့်ဖို့လိုသလားဆိုတော့ ။လိုရင်တော့ဖြည့်ရမှာပေါ့...
25/08/2026

Air Con အသစ်တပ်ဆင်လျင် Gas ထပ်ဖြည့်ဖို့လိုသလား

Air Con တပ်ဆင်လျင် Gas ထပ်ဖြည့်ဖို့လိုသလားဆိုတော့ ။လိုရင်တော့ဖြည့်ရမှာပေါ့။မလိုလျင်တော့မဖြည့်ဘူးပေါ့နော်။

Air con တွေမှာ သူတို့သတ်မှတ်ထားတဲ့ Pipe Length အတွင်းဆိုရင် Gas ထပ်ဖြည့်ဖို့မလိုပါဘူး။ သတ်မှတ်ထားတဲ့ Length ထက်ကျော်လျင်တော့ ၁ meter ကို ဘယ်လောက် g ဆိုပြီးတော့ သတ်မှတ်ထားတဲ့အတိုင်းဖြည့်ရပါတယ်။

သတ်မှတ်ထားတဲ့ Standard Pipe Length အတိုင်းဖြည့်ပေးထားတဲ့ gas ကို Outdoor Name Plate မှာ kg နဲ့ဖော်ပြပေးထားပါလိမ့် မယ် ။kg ဆိုတာက အလေးချိန်ကိုပြတဲ့ Unit ဆိုတော့ ချိန်ခွင်လေးနဲ့ချိန်ထည့်ပေးထားတဲ့သဘော။

အဲဒီလိုသတ်မှတ်ထားတဲ့နေရာမှာလည်း Janpan Brand နှင့် China Brand တွေက နည်းနည်းလေးမတူသေးဘူးရယ်။

Japan Brand က 7.5 meter အတွင်း ဆိုရင် Gas ထပ်ဖြည့်စရာမလိုပါဘူး။China Brand ဆိုရင်တော့ 5 meter အတွင်း ဆိုရင်တော့ Gas ထပ်ဖြည့်စရာ မလိုပါဘူး။အကြမ်းအားဖြင့်အဲလိုမှတ်လို့ရပါတယ်။ ကိုယ်တပ်ဆင်တဲ့ Brand ရဲ့ Installation Manual ထဲမှာလည်းလေ့လာလို့ရပါတယ်။

သတ်မှတ်ထားတဲ့ Standard Pipe Length ထက်ကျော်လျင် ဘယ်လောက်ဖြည့်ရမယ်ဆိုတာကို Liquid Pipe Size အပေါ်မူတည် ၍ဖော်ပြပေးထားပါလိမ့်မယ်။ (မသိသေးတဲ့သူတွေမှားရှိလျင်အောက်မှာလေ့လာလို့ရအောင်ဖော်ပြပေးထားပါတယ်ခင်ဗျာ)

တစ်ခုပြောချင်တာကတော့ ၁ meter အပေါ်မှာ ဖြည့်ရမှာ ပမာဏ g သည် Brand တစ်ခုနှင့်တစ်ခု Model တစ်ခုနှင့်တစ်ခု မှာ အနည်း ငယ်ကွဲလွှဲနိုင်ပါတယ်ခင်ဗျာ ။

Theory အရပြောရရင်တော့ gas ကို psi (pressure) နဲ့ဖြည့်တာကို recommend မပေးထားပါဘူ။ဒါပေမဲ့ လက်တွေ့လုပ်ငန်းခွင်မှာ တော့ အတွေ့အကြုံအရ psi နဲ့ချိန်ထည့်လည်းအလုပ်ဖြစ်ပါသေးတယ်။ စက်အကြီးပိုင်းမှာတော့ အလေးချိန်နဲ့ထည့်တာပိုပြီးတော့ သင့်တော်ပါတယ်။

လေးစားခြင်းဖြင့်

Chan Nyein Zaw
ACST

𝘼𝙞𝙧-𝘾𝙤𝙣 𝙎𝙚𝙧𝙫𝙞𝙘𝙚 ခေါ်ဖို့လိုနေပြီလားး𝐌𝐚𝐡𝐚𝐫 𝘼𝙞𝙧-𝘾𝙤𝙣 𝙎𝙚𝙧𝙫𝙞𝙘𝙚 ရှိတယ်နော်ဈေး လဲ သင့်💯💯စိတ် လဲ ချ ရမယ့် 💯💯 𝐌𝐚𝐡𝐚𝐫 ကိုသာသတိရလိုက...
25/08/2026

𝘼𝙞𝙧-𝘾𝙤𝙣 𝙎𝙚𝙧𝙫𝙞𝙘𝙚 ခေါ်ဖို့လိုနေပြီလားး
𝐌𝐚𝐡𝐚𝐫 𝘼𝙞𝙧-𝘾𝙤𝙣 𝙎𝙚𝙧𝙫𝙞𝙘𝙚 ရှိတယ်နော်

ဈေး လဲ သင့်💯💯
စိတ် လဲ ချ ရမယ့် 💯💯 𝐌𝐚𝐡𝐚𝐫 ကိုသာသတိရလိုက်ပါခင်ဗျာ......

𝘼𝙞𝙧-𝘾𝙤𝙣 𝙎𝙚𝙧𝙫𝙞𝙘𝙚 ခေါ်ယူလိုပါက အချိန် ၂ နာရီခန့်ကြိုတင် စာရင်းသွင်း ဆက်သွယ်ပေးရပါမယ်ခင်ဗျာ

Chat box သို့ Massage box ကနေ စာရင်းသွင်းနိုင်သလို👉👉👉👉အောက်ဖော်ပြပါ ဖုန်းတွေကလည်း ဆက်သွယ်စာရင်းသွင်း‌ခေါ်ယူနိုင်ပါတယ်ခင်ဗျာ

09-444201592/09-798161088

25/08/2026

မိုးရာသီရောက်လာတဲ့အခါ ပြင်ပအပူချိန် ကျဆင်းသွားပြီး လေထုစိုထိုင်းဆများလာတတ်ပါတယ်။ ဒီလိုအချိန်မှာ အဲကွန်းအပူချိန်ကို နွေရာသီမှာ ထားသလို ၁၈°C - ၂၀°C အထိ အေးလွန်ကဲအောင် ထားပါက ခန္ဓာကိုယ် အအေးပတ်နိုင်ပြီး မလိုအပ်ဘဲ မီးအားကုန်လွန်စေပါတယ်။

မိုးရာသီအတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး အဲကွန်းအပူချိန်ကတော့ ၂၄°C မှ ၂၆°C အထိ ဖြစ်ပါတယ်။ ဒီအပူချိန်ဟာ ခန္ဓာကိုယ်အတွက် သက်တောင့်သက်သာအရှိဆုံး ဖြစ်စေရုံမက အခန်းတွင်း စိုထိုင်းဆကိုလည်း မျှတစေပါတယ်။

ဒါ့အပြင် GREE Inverter အဲကွန်းများတွင် ပါဝင်သော Smart Temperature Sensor စနစ်သည် ပြင်ပ ရာသီဥတုအလိုက် အခန်းတွင်း အပူချိန်ကို ငြိမ့်ညောင်းစွာ ထိန်းညှိပေးသဖြင့် မိုးရာသီမှာလည်း အထူးသက်သာ အဆင်ပြေစေပါတယ်။ မိတ်ဆွေတို့ရော မိုးရာသီမှာ အဲကွန်းအပူချိန် ဘယ်လောက်ထားလေ့ရှိကြပါသလဲ။

—————————————————

GREE နှင့်ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက အမြို့မြို့ အနယ်နယ်ရှိ GREE Authorized Dealer ဆိုင်များတွင် စုံစမ်းဝယ်ယူနိုင်ပါသည်



23/08/2026

သုံးစွဲသူများအကြိုက်တွေ့နေကြတဲ့ GREE Pular Inverter Series မှာ ထူးခြားတဲ့ Feature အများကြီး ပါဝင်ပါတယ်။ Pular Inverter ကို အသုံးပြုနေကြတဲ့ မိတ်ဆွေတို့ကော ဘယ် Feature ကို အကြိုက်ဆုံးလဲဆိုတာ Comment မှာ ရွေးချယ်ပေးခဲ့ပါဦးနော်။

(A) မီးခြွေတာမှု: 1Hz Inverter Technology ကြောင့် မီးဘီလ်ကုန်ကျစရိတ်ကို အသိသာဆုံး လျှော့ချပေးနိုင်ခြင်း။

(B) အသံတိတ်မှု: အသံဆူညံမှု အနည်းဆုံး 19dB အထိ လျှော့ချပေးထားသဖြင့် ညဘက် အိပ်စက်ရာတွင် အထူး ငြိမ်သက်ခြင်း။

(C) လေထုသန့်စင်မှု: Cold Plasma & Auto Clean စနစ်ပါဝင်၍ အခန်းတွင်း ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားများကို သန့်စင်ပေးနိုင်ခြင်း။

အသုံးအဝင်ဆုံးဖြစ်မယ့် Feature လေးကို Comment မှာ A, B သို့မဟုတ် C ဆိုပြီး ရေးသားခဲ့ပေးပါဦး!

—————————————————

GREE နှင့်ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက အမြို့မြို့ အနယ်နယ်ရှိ GREE Authorized Dealer ဆိုင်များတွင် စုံစမ်းဝယ်ယူနိုင်ပါသည်



လျှပ်စစ်ဓါတ်အားသုံးစွဲသူများသို့အသိပေးတင်ပြချက်
19/08/2026

လျှပ်စစ်ဓါတ်အားသုံးစွဲသူများသို့အသိပေးတင်ပြချက်

18/08/2026

အဝတ်လျှော်စက်ကို ပျက်စီးစေနိုင်သော
အဝတ်လျှော်နည်းအမှား (၇)ခု

အဝတ်လျှော်စက်တွေ ပေါ်လာတာဟာ လူတွေကို အားအင်ကုန်ခမ်းခြင်းကို လျော့ချပေးနိုင်ခဲ့ပါတယ်။ အချိန်ကုန်၊ လူပင်ပန်းသက်သာတာကြောင့် အိမ်တိုင်းနီးပါးမှာ အသုံးပြုနေကြတာကို တွေ့ရမှာပါ။

ဒါကြောင့် အဝတ်လျှော်စက် နဲ့ အဝတ်လျှော်သူတွေ ပြုလုပ်လေ့ရှိတဲ့ အမှားတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာ မသုံးခြင်း သင့်မိသားစုဝင်တွေ တခါတလေမှာ ဖျားနာတာတွေ ရှိနိုင်ပါတယ်။ ဖျားနာပြီး ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေ...
ပြီးတော့ အဖျားပိုး ကူးစက်ခံထားရတဲ့အဝတ်အစားတွေဟာ သာမန်အဝတ်လျှော်ဆပ်ပြာနဲ့ ပိုးမွှားတွေ မသေနိုင်ပါဘူး။ ဒါကြောင့် ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာကို သုံးရင်း ရောဂါပိုးကို ကာကွယ်ဖို့ တိုက် တွန်းချင်ပါတယ်။

(၂) အဝတ်လျှော်စက်ကို သန့်ရှင်းရေး မလုပ်ခြင်း အဝတ်လျှော်စက်က ရေထည့်လိုက် ဆပ်ပြာထည့်လိုက် လုပ်နေတာ မှန်ပါတယ်။ ဒါပေမဲ့ ၁ လ တခါတော့ သန့်ရှင်းရေး လုပ်ပေးစေချင်ပါတယ်။
လည်ပတ်တဲ့နေရာနဲ့ အဝတ်ကို သန့်စင်ပေးတဲ့ နေရာတွေမှာ ကြေး (ဂျီး) တွေ ပိတ်နေတတ်လို့ သွားတိုက်တံနဲ့ ဖြစ်ဖြစ်၊ ရေနွေးနဲ့ ဖြစ်ဖြစ် သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်

(၃) အဝတ်ကို ပြောင်းပြန် လှန်လျှော်ပါ သင့်ရဲ့ ဂျင်းဘောင်းဘီ၊ ဆွယ်တာ၊ အနွေး ထည် စတာတွေကို လျှော်တဲ့အခါ ပြောင်းပြန်လှန်ပြီး လျှော်သင့်ပါတယ်။ အဝတ်အစားတွေဟာ အသားနဲ့ ထိပြီး
အရေပြားပေါ်က ကြေး(ဂျီး)တွေ ကပ်နေနိုင်ပါတယ်။ ဒါကြောင့် အဝတ်လျှော်တဲ့အခါ ပြောင်းပြန်လှန်ဖို့ မမေ့ပါနဲ့။

(၄) အဝတ်အများကြီး ထည့်လျှော်တာကို ရှောင်ပါ အဝတ်လျှော်စက်တွေဟာ ကြီးမားပြီး အဝတ်ထည့်စရာ နေရာ အကျယ်ကြီးပါတယ် ဆိုပေမယ့် ကျွမ်းကျင်သူတွေရဲ့ ပြောစကားအရ
သင့်အဝတ်ကိုလည်း နေရာလွတ်ပေးဖို့ လိုပါတယ်။ ဒီလို နေရာလွတ်ပေးမှသာ သင့်အဝတ်တွေကို ကျယ်ကျယ်ဝန်းဝန်းနဲ့ လျှော်ဖွတ်နိုင်လို့ ပြောင်မှာ ဖြစ်ပါတယ်။

(၅)။ အဝတ်လျှော်အိတ်မပါဘဲ အတွင်းခံ နှင့် ခြေအိတ်တွေကို ထည့်လျှော်ခြင်း ကိန်းဂဏန်းများ အရ အဝတ်လျှော်စက်နှင့် ပတ်သက်တဲ့ ပြဿနာအများစုဟာ drum နဲ့ သက်ဆိုင်ပါတယ်။
အဝတ်လျှော်အိတ်နဲ့ လျှော်တဲ့ အခါ သေးငယ်တဲ့ အရာဝတ္တုတွေ filter ထဲရောက်သွားတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် သင့်ရဲ့ အတွင်းခံတွေကိုလည်း လျော့တွဲသွားတာမျိူး မဖြစ်တော့ပါဘူး။

(၆)။ ဆပ်ပြာအများကြီး သုံးခြင်း ဆပ်ပြာများများသုံးလေ အဝတ်တွေပိုသန့်လေလို့ လူတွေကအထင်မှားနေတက်ကြပါတယ်။ ဒါကမမှန်ကန်ပါဘူး။ ဆပ်ပြာအလွန်အကျွံ သုံးတဲ့ အခါ ကြီးမားတဲ့ ပြဿနာတွေကိုသာ ဖြစ်ပေါ်စေပါတယ်။
ဉပမာ- ဆပ်ပြာအမြှပ်တွေကနေ ရေထွက်ပေါက်ကို ပိတ်ဆို့စေပါတယ်။ ဆပ်ပြာများတဲ့ အခါ အဝတ်မှာ ဆပ်ပြာတွေမပြောင်တာမျိူးလည်းဖြစ်တက်ပါတယ်။

(၇)။ စည်းကမ်းတွေကို လိုက်နာပါ သင့်အဝတ်လျှော်စက်ကို ကြာရှည်ခံစေချင်တယ် ဆိုရင်တော့ အဝတ်လျှော်စက် တစ်ခုအတွက် လိုက်နာရမယ့် စည်းကမ်းတွေကို လိုက်နာဖို့ လိုပါတယ်။ အဝတ်အခြောက်ခံတဲ့ အခါမှာလည်း စက်က သတ်မှတ်ထားတဲ့ အချိန်အတိုင်း အခြောက်ခံဖို့ လိုအပ်ပါတယ်။

ကလေးအရုပ်၊ တဘက် စတာတွေကို လျှော်ဖွတ်တဲ့အခါ စက်က ခံနိုင်ရည် ရှိသလောက်ကိုသာ ထည့်ပြီး လျှော်ဖွတ်သင့်ပါတယ်။ သင့်မှာ အဝတ်လျှော်စက် ရှိနေရက်နဲ့ ခေါင်းအုံးစွပ်၊ အိပ်ယာခင်း စတာတွေကို သေချာလျှော်ဖွတ်ဖို့ မမေ့ပါနဲ့လို့ သတိပေးချင်ပါတယ်။

ဒီနေ့ Sharing လုပ်ပေးခဲ့တာကတော့ အဝတ်လျှော်စက်ကို ပျက်စီးစေနိုင်သော အဝတ်လျှော်နည်း အမှား (၇) ခုပဲ ဖြစ်ပါတယ်။

Crd_ M S H electronics

Address

Yangon

Telephone

+959444201592

Website

Alerts

Be the first to know and let us send you an email when Mahar Engineering Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mahar Engineering Service:

Shortcuts

Share