27/08/2026
🚨 EZVIZ Camera "Device Offline" ဖြစ်ရတဲ့ အကြောင်းရင်းများနှင့် အိမ်မှာတင် ဖြေရှင်းနည်းလမ်းညွှန် 🛠️
🛜 "ဖုန်းထဲကကြည့်ရင် Offline ပြနေတယ်၊ ဘာလုပ်ရမလဲ?" ဆိုပြီး စိတ်ပူနေတဲ့ Customer များအတွက် အဓိကဖြစ်လေ့ရှိတဲ့ အကြောင်းရင်း (၄) ချက်နဲ့ ကိုယ်တိုင်ဖြေရှင်းလို့ရမယ့် အဆင့်ဆင့် လမ်းညွှန်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
⚠️ အကြောင်းရင်း (၁)။ မီးပြတ်သွားခြင်း သို့မဟုတ် ပါဝါမရခြင်း
အကြောင်းအမျိုးမျိုးကြောင့် ကင်မရာဆီကို လျှပ်စစ်ပါဝါ မရောက်တော့တဲ့အခါ Offline ပြတတ်ပါတယ်။
⚡️ စစ်ဆေးရန်နှင့် ဖြေရှင်းနည်း:
1 ကင်မရာမှာ တပ်ထားတဲ့ Adapter နဲ့ ကြိုးတွေ ကျွတ်နေသလား သေချာစစ်ပါ။
⚡️2 ကင်မရာမှာ မီးအချက်ပြမီး (Indicator Light) လင်းမလင်း ကြည့်ပါ။ မလင်းရင် အခြားမီးပလပ်ခုံတစ်ခုမှာ ပြောင်းထိုးကြည့်ပါ။
⚡️3 အိမ်မှာ မီးခဏခဏပြတ်လို့ Power Bank သို့မဟုတ် Router UPS နဲ့ တွဲသုံးထားရင် အဲဒီ Device တွေမှာ အားရှိမရှိ စစ်ဆေးပါ။
⚠️ အကြောင်းရင်း (၂)။ အိမ်က Wi-Fi လိုင်းမတည်ငြိမ်ခြင်း သို့မဟုတ် အင်တာနက်ပြတ်တောက်ခြင်း
ကင်မရာက ပါဝါလင်းနေပေမယ့် Wi-Fi Router က အင်တာနက်လိုင်း ကျနေတာမျိုး သို့မဟုတ် လိုင်းအရမ်းလေးနေရင် Offline ဖြစ်သွားတတ်ပါတယ်။
⚡️ စစ်ဆေးရန်နှင့် ဖြေရှင်းနည်း:
1 မိမိဖုန်းကို အိမ်က Wi-Fi နဲ့ ချိတ်ပြီး Youtube သို့မဟုတ် Facebook သုံးကြည့်ပါ။ အင်တာနက် မရဘူးဆိုရင် မိမိတို့သုံးနေတဲ့ ဆက်သွယ်ရေး Operator (ဥပမာ- 5BB, ATOM, Mytel စသည်) ဆီကို အကြောင်းကြားရပါမယ်။
2 အင်တာနက်တော့ရတယ်၊ ကင်မရာပဲ Offline ဖြစ်နေရင် Wi-Fi Router ကို ပလပ်ဖြုတ်၊ ၁ မိနစ်လောက်ထားပြီးမှ ပြန်ဖွင့်ပါ (Restart ချပါ)။ Router ပြန်တက်လာရင် ကင်မရာပါ အလိုအလျောက် Online ပြန်ဖြစ်လာတတ်ပါတယ်။
⚠️ အကြောင်းရင်း (၃)။ Router နှင့် ကင်မရာ အလှမ်းဝေးလွန်းခြင်း (Wi-Fi Signal အားနည်းခြင်း)
ကင်မရာတပ်ထားတဲ့နေရာက Wi-Fi Router နဲ့ အရမ်းဝေးနေရင် သို့မဟုတ် ကြားထဲမှာ နံရံတွေ၊ အကာအကွယ်တွေ ထူလွန်းရင် Signal မိလိုက်၊ ပြတ်လိုက်ဖြစ်ပြီး Offline ပြတတ်ပါတယ်။
စစ်ဆေးရန်နှင့် ဖြေရှင်းနည်း:
1 ကင်မရာကို ဖြုတ်ပြီး Wi-Fi Router ရဲ့ အနီးအနား (ဥပမာ- ၅ ပေ ပတ်လည်) မှာ ပါဝါပေးပြီး စမ်းကြည့်ပါ။
2 အနီးနားမှာ Online ပြန်ဖြစ်သွားပြီး ပုံမှန်ကြည့်လို့ရတယ်ဆိုရင် ပြဿနာက Wi-Fi Signal မမှီလို့ဖြစ်ပါတယ်။
3 အဲဒီအခါမျိုးမှာ Wi-Fi Signal အားကောင်းအောင် Wi-Fi Extender (လိုင်းချဲ့စက်) တစ်လုံး ကြားထဲမှာ ခံသုံးပေးဖို့ လိုအပ်ပါတယ်။
⚠️ အကြောင်းရင်း (၄)။ Wi-Fi Name (SSID) သို့မဟုတ် Password ပြောင်းလိုက်ခြင်း
အိမ်က Wi-Fi နာမည် သို့မဟုတ် လျှို့ဝှက်နံပါတ် (Password) အသစ်ပြောင်းလိုက်ရင် ကင်မရာက Wi-Fi အဟောင်းကိုပဲ မှတ်ထားတဲ့အတွက် ဆက်သွယ်မှုပြတ်တောက်ပြီး Offline ဖြစ်သွားပါတယ်။
စစ်ဆေးရန်နှင့် ဖြေရှင်းနည်း:
ဒီအခြေအနေမှာတော့ ကင်မရာကို Wi-Fi အသစ်နဲ့ ပြန်ချိတ်ပေး (Re-configure လုပ်ပေး) ရပါမယ်။
1 ကင်မရာမှာ ပါဝါပေးထားပြီး အောက်ခြေ သို့မဟုတ် အနောက်ဘက်က Reset ခလုတ်ကို ၅ စက္ကန့်မှ ၁၀ စက္ကန့်အထိ ဖိနှိပ်ထားပါ။ (အသံမြည်လာပြီး မီးနီ/မီးပြာ တောက်တောက် လင်းလာပါလိမ့်မယ်)။
2 မိမိဖုန်းထဲက EZVIZ App ကိုဖွင့်၊ Offline ပြနေတဲ့ ကင်မရာရဲ့ Settings ထဲက Wi-Fi Configure (သို့မဟုတ်) Network Settings ထဲကို သွားပါ။
3 အဆင့်ဆင့်ပြသတဲ့အတိုင်း Wi-Fi နာမည်နဲ့ Password အသစ်ကို ရိုက်ထည့်ပြီး ပြန်လည်ချိတ်ဆက်ပေးလိုက်ရုံပါပဲ။
💡 SKM ရဲ့ အကြံပြုချက်
EZVIZ ကင်မရာအများစု (အထူးသဖြင့် Model အဟောင်းများနှင့် standard model များ) ဟာ 2.4GHz Wi-Fi လိုင်း တစ်မျိုးတည်းကိုသာ ထောက်ပံ့ပေးပါတယ်။ Wi-Fi ပြန်ချိတ်တဲ့အခါ မိမိဖုန်းကို 5GHz လိုင်းမှာ မချိတ်မိစေဘဲ 2.4GHz လိုင်းမှာ ချိတ်ထားဖို့ အထူးသတိပြုရပါမယ်ခင်ဗျာ
#