Davy Architecture Studio

Davy Architecture Studio Homes, hospitals & hospitality — architecture that fits how you live.

ARCHITECTURE INTERNS WANTEDLearn Architecture in a Real StudioDavy Architecture Studio (DAS) က Thanlyin မှာရှိတာမို့ ဒီ ...
31/08/2026

ARCHITECTURE INTERNS WANTED

Learn Architecture in a Real Studio

Davy Architecture Studio (DAS) က Thanlyin မှာရှိတာမို့ ဒီ Internship ကို Thanlyin Technological University မှ Architecture Major ကျောင်းသား/ကျောင်းသူတွေကို အထူးဖိတ်ခေါ်ချင်ပါတယ်။

ဒါပေမယ့် Thanlyin Technological University က မဟုတ်လည်း ရပါတယ်။
Architecture Major ဖြစ်ပြီး Architecture ကို တကယ်စိတ်ဝင်စားတဲ့ ကျောင်းသား/ကျောင်းသူတိုင်း လျှောက်ထားနိုင်ပါတယ်။

ဒီ Internship အတွက် Experience အများကြီးရှိဖို့ မလိုပါဘူး။
Software အကုန်တတ်ဖို့လည်း မလိုပါဘူး။

ကျွန်တော်တို့ ပိုလိုချင်တာက—

* Architecture ကို တကယ်စိတ်ဝင်စားတဲ့သူ
* လေ့လာသင်ယူချင်စိတ်ရှိတဲ့သူ
* မေးခွန်းမေးရဲတဲ့သူ
* Feedback ယူပြီး တိုးတက်ချင်တဲ့သူ
* သွက်လက်ပြီး တာဝန်ယူတတ်တဲ့သူ
* Studio environment ထဲမှာ Architect တွေနဲ့အတူ Real Projects တွေကို လက်တွေ့ဝင်လေ့လာချင်တဲ့သူ

Internship အတွင်းမှာ—

Design Research / Concept Development / Drawing / 3D / Presentation / Site Visit / Documentation

စတဲ့ Architecture Studio တစ်ခုရဲ့ real workflow ကို ကြည့်ရုံမဟုတ်ဘဲ တတ်နိုင်သလောက် ကိုယ်တိုင်ပါဝင်လုပ်ကိုင်ပြီး သင်ယူရမှာပါ။

ဒီ Internship ကို “Intern လာလုပ်ပေးမယ့်သူ” ရှာတာထက်
Architecture Student တစ်ယောက်အနေနဲ့ ကျောင်းမှာသင်နေရတာနဲ့ လက်တွေ့ Architecture Practice ကြားက ကွာခြားချက်ကို ကိုယ်တိုင်လာကြည့်၊ လာလုပ်၊ လာသင်နိုင်မယ့်အခွင့်အရေး တစ်ခုအဖြစ် ပိုမြင်ပါတယ်။

Internship ကာလအတွင်း Allowance and Meal ကို DAS မှ စီစဉ်ပေးပါမယ်။

ကျွန်တော်တို့ ပိုကြားချင်တဲ့ မေးခွန်းက—

“ဘာရမလဲ?” ထက်
“ဒီမှာ ငါဘာတွေသင်ယူနိုင်မလဲ?”

ဆိုတဲ့ မေးခွန်းပါ။

Architecture ကို တကယ်စိတ်ဝင်စားပြီး Studio Life ကို လက်တွေ့လာကြည့်ချင်တယ်ဆိုရင် လာစကားပြောပါ။

Come curious.
Learn by doing.
See how architecture really happens.

WE’RE HIRINGJunior Architect + DrafterDavy Architecture Studio (DAS) အတွက် team member ၂ယောက် ခေါ်ချင်ပါတယ် —* Junior Ar...
24/08/2026

WE’RE HIRING

Junior Architect + Drafter

Davy Architecture Studio (DAS) အတွက် team member ၂ယောက် ခေါ်ချင်ပါတယ် —

* Junior Architect
* Drafter

Architecture ကို စိတ်ဝင်စားပြီး
လေ့လာလိုစိတ်ရှိတဲ့သူ၊
သွက်လက်တက်ကြွတဲ့သူ၊
feedback ယူပြီး မြန်မြန်တိုးတက်နိုင်တဲ့သူတွေကို ကြိုဆိုပါတယ်။

Experience အရမ်းများဖို့ မလိုပါဘူး။
Good attitude, willingness to learn, and responsibility ကို ပိုကြည့်မယ်။

⸻

1) Junior Architect

ဒီ role က design ကို စိတ်ဝင်စားပြီး architect တစ်ယောက်အနေနဲ့ တဖြည်းဖြည်း grow လုပ်ချင်တဲ့သူတွေအတွက်ပါ။

ဘာတွေလုပ်ရမလဲ

* Concept Design နဲ့ Design Development တွေမှာ Team နဲ့အတူ ပါဝင်လုပ်ကိုင်ခြင်း
* Floor Plan, Elevation, Section, Detail Drawing တွေ ပြင်ဆင်ခြင်း
* 3D Modeling နဲ့ Presentation Materials တွေ ပြင်ဆင်ခြင်း
* Design Research နဲ့ Reference Study တွေ လုပ်ခြင်း
* Site Visit, Measurement နဲ့ Project Coordination တွေမှာ ပါဝင်ခြင်း
* Architect တွေရဲ့ feedback အတိုင်း drawing နဲ့ design တွေ revision ပြုလုပ်ခြင်း

ဒီအချက်တွေရှိရင် ပိုအဆင်ပြေမယ်

* Architecture Degree / Diploma
* AutoCAD သုံးနိုင်သူ
* SketchUp / 3D Software တစ်ခုခု သုံးနိုင်သူ
* Photoshop / Illustrator / Canva တို့ထဲက တချို့သုံးနိုင်သူ
* Design ကို တကယ်စိတ်ဝင်စားသူ
* Computer နဲ့ Digital Tools သုံးရတာ မကြောက်သူ

⸻

2) Drafter

ဒီ role က design concept ဖန်တီးရမယ့် role မဟုတ်ဘဲ
architect တွေရဲ့ design ကို clear, accurate and buildable drawings အဖြစ် ပြောင်းပေးမယ့် role ဖြစ်ပါတယ်။

ဘာတွေလုပ်ရမလဲ

* Floor Plan, Elevation, Section, Detail Drawing တွေ ရေးဆွဲခြင်း
* Documentation Drawing တွေ ပြင်ဆင်ခြင်း
* Architect ပေးတဲ့ mark-up / revision တွေကို တိကျစွာ ပြန်ပြင်ခြင်း
* Drawing standard, dimension, annotation နဲ့ file organization တွေ စနစ်တကျ လိုက်နာခြင်း
* Site measurement / as-built drawing လုပ်ငန်းတွေမှာ ပါဝင်ခြင်း
* Structural / MEP / other consultant drawings တွေနဲ့ basic coordination လုပ်ခြင်း

ဒီအချက်တွေရှိရင် ပိုအဆင်ပြေမယ်

* Architecture / Civil / Building Technology background
* AutoCAD ကောင်းကောင်းသုံးနိုင်သူ
* Detail ကို ဂရုစိုက်တတ်သူ
* Construction drawing ကို အခြေခံနားလည်သူ
* Revision များကို စိတ်ရှည်စွာ ပြန်ပြင်နိုင်သူ
* Drawing accuracy ကို အရေးထားသူ

⸻

ကျွန်တော်တို့ ပိုကြည့်မယ့်အရာ

Software ကျွမ်းကျင်တာတစ်ခုတည်းထက်—

စဉ်းစားတတ်လား
လေ့လာချင်လား
feedback လက်ခံနိုင်လား
တာဝန်ယူတတ်လား
team နဲ့အတူ grow လုပ်ချင်လား

ဒါတွေကို ပိုကြည့်မယ်။

DAS မှာ role တစ်ခုခုကို routine drafting / routine office work အနေနဲ့ပဲ မထားချင်ပါဘူး။
Real project workflow ထဲမှာ ဝင်ပြီး
design, documentation, detailing, coordination, site experience တွေကို တဖြည်းဖြည်း သင်ယူပြီး grow လုပ်နိုင်ဖို့ ရည်ရွယ်ပါတယ်။

Experience: Fresh Graduate / Junior Level
Salary: Negotiable based on skill and potential

စိတ်ဝင်စားသူများအနေနဲ့

[email protected] or Cb ကို

CV + Portfolio / Sample Drawings + Expected Salary
ပေးပို့လျှောက်ထားနိုင်ပါတယ်။

Design. Learn. Grow.
Let’s build something good together.

CHRISTIAN FAITH × MYANMAR ARCHITECTUREChurch တစ်ကျောင်းကို မြန်မာ့ဟန်နဲ့ ဘယ်လိုဖန်တီးမလဲ?ဒီဒီဇိုင်းမှာ ရိုးရာမြန်မာအဆောက...
16/08/2026

CHRISTIAN FAITH × MYANMAR ARCHITECTURE

Church တစ်ကျောင်းကို မြန်မာ့ဟန်နဲ့ ဘယ်လိုဖန်တီးမလဲ?

ဒီဒီဇိုင်းမှာ ရိုးရာမြန်မာအဆောက်အအုံတစ်ခုကို တိုက်ရိုက်ကူးယူထားခြင်းမဟုတ်သလို၊ Western Church Architecture ကိုလည်း မြန်မာနိုင်ငံထဲ ရိုးရိုးပြန်ထည့်ထားခြင်း မဟုတ်ပါဘူး။

ကျွန်တော်တို့ ရှာဖွေချင်ခဲ့တာက Christian Architecture ရဲ့ ဝိညာဉ်နဲ့ မြန်မာ့ဗိသုကာရဲ့ အငွေ့အသက်တို့ ဆုံနိုင်မယ့် နေရာတစ်ခု ဖြစ်ပါတယ်။

Church Architecture ရဲ့ ကောင်းကင်ဘက်သို့ ဦးတည်တက်သွားတဲ့ verticality, အလယ်ဗဟိုကို အလေးပေးထားတဲ့ symmetry နဲ့ sacred axis, အတွင်းပိုင်းကို အလင်းရောင်ဝင်ရောက်စေတဲ့ မြင့်မားတဲ့ glazing တွေကို အခြေခံထားပါတယ်။

အဲဒီအပေါ်မှာ မြန်မာ့ရိုးရာအဆောက်အအုံတွေမှာ တွေ့ရတဲ့ အထပ်လိုက်ဆင်းလာတဲ့ ခေါင်မိုးအချိုးအစား၊ နက်ရှိုင်းတဲ့ eaves၊ သစ်သားဆန်တဲ့ detailing နဲ့ အုတ်သားရဲ့ နွေးထွေးမှု ကို contemporary architectural language နဲ့ ပြန်လည်ပေါင်းစပ်ထားပါတယ်။

ဒါကြောင့် ဒီအဆောက်အအုံကို မြင်လိုက်တဲ့အခါ
Church တစ်ကျောင်းဖြစ်တယ်ဆိုတာ ခံစားရသလို၊ ဒီမြေပေါ်မှာ မွေးဖွားလာတဲ့ Architecture တစ်ခုလို့လည်း ခံစားရစေချင်ပါတယ်။

ဘာသာတရားရဲ့ identity ကို ထိန်းသိမ်းရင်း၊
ဒေသရဲ့ culture နဲ့ climate ကို လက်ခံထားတဲ့
A Contemporary Myanmar Christian Architecture.

— Davy Architecture Studio

A Day in an Architect’s Studio — Art2Arch Institute X Davy Architecture Studioမကြာသေးခင်က Art2Arch ရဲ့ Diploma in Archit...
13/08/2026

A Day in an Architect’s Studio —
Art2Arch Institute X Davy Architecture Studio

မကြာသေးခင်က Art2Arch ရဲ့ Diploma in Architecture အတန်းမှ ကျောင်းသား၊ ကျောင်းသူများနဲ့ ဆရာ၊ ဆရာမများ Davy Architecture Studio ကို လေ့လာရေးလာရောက်ခဲ့ကြပါတယ်။

ဒီတစ်ခေါက်မှာ ပုံမှန် Lecture ပုံစံမျိုးမဟုတ်ဘဲ DAS ရဲ့ Architect တွေက Studio တစ်ခုရဲ့ နေ့စဉ်လုပ်ငန်းခွင်ထဲမှာ တကယ်ကြုံတွေ့ရတဲ့ Architecture Practice, Design Process, Team Workflow နဲ့ DAS ရဲ့ Practice & Ideology တွေကို မျှဝေပြောပြခဲ့ကြပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေဘက်ကလည်း Architect တစ်ယောက်ရဲ့ လက်တွေ့ဘဝ၊ Project တွေမှာကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ Design နဲ့ Construction ကြားက ကွာဟချက်တွေ၊ Professional Practice နဲ့ပတ်သက်ပြီး သိချင်တာတွေကို လွတ်လွတ်လပ်လပ် မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။

စာသင်ခန်းထဲက Architecture နဲ့ လက်တွေ့ Studio ထဲက Architecture ကြားမှာ ဘာတွေကွာခြားသလဲဆိုတာကို နည်းနည်းပဲဖြစ်ဖြစ် မြင်တွေ့ခံစားသွားနိုင်ခဲ့ကြမယ်လို့ မျှော်လင့်ပါတယ်။

Architect ဖြစ်လာမယ့် လူငယ်တွေကို Knowledge မျှဝေပေးတာသာမက တကယ့် Architect’s Studio တစ်ခုရဲ့ Atmosphere နဲ့ Working Life ကို ကိုယ်တိုင်လာရောက်ခံစားခွင့်ပေးနိုင်တာကိုလည်း DAS က ဝမ်းသာပါတယ်။

ဒီနေ့လိုပဲ ပျော်ပျော်ပါးပါး စကားပြော၊ မေးချင်တာမေး၊ အတွေးအမြင်တွေ ဖလှယ်နိုင်ဖို့
Art2Arch က ကျောင်းသား၊ ကျောင်းသူတွေအတွက် DAS ရဲ့တံခါးက အမြဲဖွင့်ထားပါတယ်။

နောက်လည်း လာလည်ကြပါဦး။
See you again at the studio.







Church Design Proposal 001 – “Light as Faith”Architecture is more than form. It is a story told through space, light, an...
19/07/2026

Church Design Proposal 001 – “Light as Faith”

Architecture is more than form. It is a story told through space, light, and material.

ဒီ Church Concept မှာ Natural Light ကို အလင်းရောင်တစ်ခုအနေနဲ့ မမြင်ဘဲ Faith ရဲ့ Symbol အဖြစ် စဉ်းစားထားပါတယ်။

အဆောက်အဦးရဲ့ Solid Walls နဲ့ Vertical Light Slits တွေက
အပြင်က အာရုံရှုပ်ထွေးမှုတွေကို လျော့ချပေးပြီး
အတွင်းပိုင်းမှာ အလင်းရောင်ကို ပိုမိုထင်ရှားစေပါတယ်။

Ground Floor ကို လူမှုအသိုင်းအဝိုင်းအတွက် ဖွင့်လှစ်ထားတဲ့ Community Space အဖြစ် ဖန်တီးထားပြီး၊
အပေါ်ပိုင်း Sanctuary ကတော့ တိတ်ဆိတ်မှု၊ အာရုံစူးစိုက်မှုနဲ့ ဝတ်ပြုခြင်းအတွက် ရည်ရွယ်ထားပါတယ်။

Light ဟာ ဒီ Design ရဲ့ Decoration မဟုတ်ပါ။
Architecture နဲ့ Faith ကို ချိတ်ဆက်ပေးတဲ့ အဓိက Design Element ဖြစ်ပါတယ်။

Concept
“Light as Faith”

Architecture should not only create beautiful buildings.
It should create meaningful experiences.

—
Davy Architecture Studio
Designing spaces with purpose.

Residential Concept  #002Project 02 – The Shaded Tropical Family ResidenceYangon မှာ Modern House ဆိုပြီး Glass တွေ အမျာ...
14/07/2026

Residential Concept #002
Project 02 – The Shaded Tropical Family Residence
Yangon မှာ Modern House ဆိုပြီး Glass တွေ အများကြီးသုံးတာကို မကြာခဏတွေ့ရပါတယ်။
ဒါပေမယ့် Glass များလေလေ အပူပိုဝင်လေလေ ဖြစ်ပါတယ်။
ဒီ Concept မှာတော့ "Shade Before Glass" ဆိုတဲ့ အယူအဆကို အသုံးပြုထားပါတယ်။
✔ Deep Roof Overhangs
✔ Vertical Sun Screens
✔ Recessed Windows
✔ Natural Ventilation
ဒီ Elements တွေက အိမ်ကို Modern ဖြစ်စေသလို နေပူဒဏ်ကိုလည်း လျှော့ချပေးပါတယ်။
Architecture က လှပမှုနဲ့ Performance ကို Balance လုပ်နိုင်တဲ့အခါ ပိုကောင်းတဲ့ Design ဖြစ်လာပါတယ်။
💬 ဒီ Façade Design ကို ၁၀ မှတ်ပြည့် ဘယ်နှမှတ်ပေးမလဲ?

Architecture Insight  #001Architecture ဆိုတာ အဆောက်အဦးလှအောင်လုပ်တာ မဟုတ်ဘူး။Architect တစ်ယောက်ရဲ့ အလုပ်က လှပတဲ့ façade ...
13/07/2026

Architecture Insight #001
Architecture ဆိုတာ အဆောက်အဦးလှအောင်လုပ်တာ မဟုတ်ဘူး။
Architect တစ်ယောက်ရဲ့ အလုပ်က လှပတဲ့ façade တစ်ခုဆွဲပေးတာထက် ပိုပါတယ်။
အိမ်တစ်လုံး ဒီဇိုင်းလုပ်တဲ့အချိန်မှာ—
• မနက်နေရောင် ဘယ်ကဝင်မလဲ?
• နေ့လယ်အပူကို ဘယ်လိုလျှော့မလဲ?
• မိသားစုတစ်ယောက်နဲ့တစ်ယောက် Privacy ဘယ်လိုရမလဲ?
• လေဝင်လေထွက် ဘယ်လိုကောင်းမလဲ?
• နောင် ၁၀ နှစ်အကြာမှာ အိမ်ကို ဘယ်လိုတိုးချဲ့လို့ရမလဲ?
ဒီမေးခွန်းအားလုံးကို အဖြေရှာတာက Architecture ဖြစ်ပါတယ်။
အဆောက်အဦးတစ်လုံးက လှရုံနဲ့ မလုံလောက်ပါဘူး။
လူတွေရဲ့ နေထိုင်ပုံကို ပိုကောင်းအောင်လုပ်ပေးနိုင်မှ Architecture ကောင်းတစ်ခု ဖြစ်ပါတယ်။
💬 သင်သာ အိမ်အသစ်ဆောက်မယ်ဆိုရင် အရေးအကြီးဆုံးအချက်က ဘာဖြစ်မလဲ? Comment မှာ ရေးခဲ့ပါ။

09/07/2026

Architecture က အပေါ်ဆုံးထပ်မရောက်ခင် အဆုံးသတ်မသွားသင့်ဘူး!

Condominium နဲ့ high-rise building တစ်လုံးကို အဝေးကနေကြည့်တဲ့အခါ façade ပေါ်က အသေးစိတ် detail တွေကို အရင်ဆုံး မမြင်ရပါဘူး။

အရင်ဆုံးမြင်ရတာက—

အဆောက်အအုံရဲ့ overall proportion၊
ကောင်းကင်နဲ့ ထိတွေ့နေတဲ့ silhouette နဲ့
အပေါ်ဆုံးမှာ ဘယ်လိုအဆုံးသတ်ထားသလဲဆိုတဲ့ ပုံရိပ်ပါ။

ဒီအပေါ်ဆုံးအဆုံးသတ်ပိုင်းကို Architecture မှာ Crown လို့ခေါ်ပါတယ်။

Crown ဆိုတာ building အပေါ်မှာ decoration တစ်ခု ထပ်တင်လိုက်တာမျိုး မဟုတ်ပါဘူး။

Building ရဲ့အောက်ခြေက စတင်လာတဲ့ form၊ proportion၊ vertical line၊ material နဲ့ façade rhythm တွေကို အပေါ်ဆုံးအထိ ဆက်လက်ယူဆောင်ပြီး architecture တစ်ခုလုံးကို ပြီးပြည့်စုံအောင် အဆုံးသတ်ပေးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံက condominium နဲ့ high-rise building တချို့မှာ façade ကို အောက်ထပ်ကနေ typical floor တွေအထိ သေချာစဉ်းစားထားပေမယ့် အပေါ်ဆုံးရောက်တဲ့အခါ design language ရုတ်တရက် ပြောင်းသွားတာကို တွေ့ရတတ်ပါတယ်။

Penthouse ကို အပေါ်ဆုံးမှာတင်ထားပေမယ့် penthouse ရဲ့ roof form က building တစ်လုံးလုံးရဲ့ design နဲ့ မကိုက်ညီတော့တာမျိုး။

ဒါမှမဟုတ် rooftop ကို service floor အဖြစ်အသုံးပြုပြီး chiller၊ water tank၊ lift overrun နဲ့ mechanical equipment တွေထားကာ parapet အနည်းငယ်နဲ့ပဲ အဆုံးသတ်ထားတာမျိုးပါ။

အဲဒီအခါ building က အပေါ်ဆုံးထပ်အထိ ဆောက်ပြီးသွားပေမယ့်—

Architecture ကတော့ အပေါ်ဆုံးမရောက်ခင်မှာပဲ အဆုံးသတ်သွားပါတယ်။

Penthouse ဟာ building ပေါ်မှာ သီးခြားတင်ထားတဲ့ အိမ်တစ်လုံး မဟုတ်ပါဘူး။

အဆောက်အအုံတစ်ခုလုံးရဲ့ composition ထဲက နောက်ဆုံးအပိုင်းဖြစ်ပါတယ်။

ဒါကြောင့် penthouse ရဲ့ roof၊ terrace၊ opening၊ setback နဲ့ material တွေဟာ အောက်ထပ် façade ရဲ့ design language ကို ဆက်လက်ပြောနိုင်ဖို့လိုပါတယ်။

Rooftop ကို service floor အဖြစ်အသုံးပြုရင်လည်း mechanical equipment တွေကို ရိုးရိုးဖုံးကွယ်ထားရုံနဲ့ မလုံလောက်ပါဘူး။

Equipment တွေရဲ့ ventilation၊ maintenance access နဲ့ technical requirements တွေကို မထိခိုက်စေဘဲ architectural screen၊ louver၊ vertical fins၊ perforated panel နဲ့ structural frame တွေကို အသုံးပြုပြီး rooftop service zone ကို building crown ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲနိုင်ပါတယ်။

Facade ရဲ့ vertical lines တွေကို အပေါ်ဆုံးအထိ ဆက်ယူခြင်း၊

Upper floors တွေကို အဆင့်ဆင့် setback လုပ်ပြီး silhouette တည်ဆောက်ခြင်း၊

Penthouse roof form ကို building massing နဲ့ ပေါင်းစပ်ခြင်း၊

Service zone ကို architectural screen နဲ့ composition ထဲ ထည့်သွင်းခြင်း၊

ညဘက်မှာ crown lighting နဲ့ building identity ကို ပိုမိုပေါ်လွင်စေခြင်း—

ဒီနည်းလမ်းတွေက rooftop equipment တွေကို ဖုံးကွယ်ပေးရုံသာမက building တစ်လုံးလုံးရဲ့ ပုံသဏ္ဌာန်ကို ပြီးပြည့်စုံစေပါတယ်။

ကောင်းမွန်တဲ့ crown တစ်ခုဟာ building ကို အကြောင်းမဲ့ ပိုမြင့်သလိုမြင်အောင် တပ်ဆင်ထားတဲ့ ornament မဟုတ်ပါဘူး။

Architecture ရဲ့ အဓိက idea ကို
ကောင်းကင်နဲ့ ထိတွေ့တဲ့ နောက်ဆုံးမျဉ်းအထိ
တစ်ဆက်တည်း ပြောနိုင်အောင် design လုပ်ထားခြင်းဖြစ်ပါတယ်။

Davy Architecture Studio မှာ building တစ်လုံးကို design လုပ်တဲ့အခါ plan နဲ့ façade ကိုသာ သီးခြားစဉ်းစားတာ မဟုတ်ပါဘူး။

Building base၊ main body၊ upper floors၊ penthouse၊ rooftop service zone နဲ့ crown အထိ composition တစ်ခုလုံးအဖြစ် စဉ်းစားပါတယ်။

ဘာကြောင့်လဲဆိုတော့—

Architecture က အပေါ်ဆုံးထပ်မရောက်ခင် အဆုံးသတ်မသွားသင့်လို့ပါ။

Building တစ်လုံးရဲ့ design ဟာ အပေါ်ဆုံးအခန်းမှာ မဆုံးပါဘူး။

ကောင်းကင်နဲ့ ထိတွေ့တဲ့ နောက်ဆုံးမျဉ်းမှာမှ အဆုံးသတ်ပါတယ်။

Mid-rise သို့မဟုတ် high-rise residential building၊ condominium project များအတွက် architectural planning၊ façade design၊ penthouse နဲ့ crown design အပါအဝင် အသေးစိတ်ဆွေးနွေးစုံစမ်းလိုပါက Davy Architecture Studio သို့ ဆက်သွယ်နိုင်ပါတယ်။

08/07/2026

Davy Residential Concepts | Project 01
North Dagon Multi-Generation House

North Dagon, Yangon ရဲ့ မြို့ပြနေထိုင်မှုအတွက် စဉ်းစားထားတဲ့ မိသားစုနေအိမ် concept တစ်ခု။

ဒီအိမ်ရဲ့ design direction က လှပတဲ့ facade တစ်ခုတည်းမဟုတ်ပါဘူး။
မြန်မာမိသားစုနေထိုင်မှုပုံစံ၊ Yangon ရဲ့နေပူနဲ့မိုးရာသီ၊ မြို့ပြအိမ်တွေအတွက်လိုအပ်တဲ့ privacy နဲ့ နေ့စဉ်နေထိုင်မှုအဆင်ပြေမှုတွေကို ပေါင်းစပ်ပြီး စဉ်းစားထားတဲ့ Modern Myanmar Tropical Residence ဖြစ်ပါတယ်။

ဒီအိမ်အတွက် အဓိက concept က—

“The Shaded Tropical Family Residence”

Yangon လို ပူအိုက်ပြီး မိုးများတဲ့မြို့မှာ အိမ်တစ်လုံးရဲ့ comfort ကို façade အလှတစ်ခုတည်းနဲ့ မဆုံးဖြတ်နိုင်ပါဘူး။

အရိပ်ပေးနိုင်တဲ့ အမိုးအစွန်းများ၊
privacy ကာကွယ်ပေးနိုင်တဲ့ screen များ၊
လေဝင်လေထွက်ကောင်းစေတဲ့ façade element များ၊
အပူကိုသက်သာစေတဲ့ material tone များ၊
စိမ်းလန်းတဲ့ landscape များ—

ဒီအရာတွေက အိမ်တစ်လုံးကို ပိုမိုနေထိုင်ကောင်းတဲ့ tropical family residence ဖြစ်စေပါတယ်။

Project Brief

Location — North Dagon, Yangon
Plot Size — 50’ x 80’
Orientation — South-facing road
Family — အဖိုးအဖွား၊ မိဘများ၊ ကလေး ၃ ယောက်၊ အိမ်အကူ
Parking — ကား ၂ စီး
Building Type — G+2
Design Style — Modern Myanmar Tropical Residence

Design Highlights

• အဖိုးအဖွားများအတွက် မြေညီထပ် အိပ်ခန်း
• ကား ၂ စီးအတွက် အရိပ်ရ parking နေရာ
• အဆင့်မြင့်ပြီး privacy ရှိတဲ့ ဝင်ပေါက်မုခ်
• Yangon ရဲ့နေပူနဲ့မိုးရာသီအတွက် အရိပ်ပေးအမိုးအစွန်းကြီးများ
• အပေါ်ထပ်အိပ်ခန်းများအတွက် timber-look privacy screen များ
• ဧည့်ခန်းနဲ့ ထမင်းစားခန်းများအတွက် ပွင့်လင်းပြီး သဘာဝအလင်းရောင်ရရှိတဲ့ façade opening များ
• မိဘများအတွက် သီးသန့် master အိပ်ခန်း
• ကလေးများအတွက် အပေါ်ထပ် အိပ်ခန်းများ
• မိသားစုအတွက် သီးသန့်နားနေခန်း
• မီးဖိုခန်း၊ အိမ်အကူအခန်း၊ အဝတ်လျှော်နေရာများကို သီးခြားခွဲထားတဲ့ service zone
• Tropical character ပေးတဲ့ terracotta breeze block များ
• Natural stone base နဲ့ စိမ်းလန်းတဲ့ front landscape

ဒီ facade ရဲ့ အဓိက character က အရိပ်၊ privacy နဲ့ နွေးထွေးမှု ပါ။

အပေါ်ထပ်မှာ timber-look vertical screen များကိုအသုံးပြုထားပြီး အိပ်ခန်းများအတွက် privacy ကိုကာကွယ်ပေးသလို အိမ်ရဲ့ tropical luxury feeling ကိုလည်း ပိုထင်ရှားစေပါတယ်။

အောက်ထပ် façade မှာ terracotta breeze block များကိုအသုံးပြုထားပြီး လေဝင်လေထွက်၊ အလင်းရောင် filter ဖြစ်မှုနဲ့ Myanmar / Southeast Asian residential character ကို ပေါင်းစပ်ပေးထားပါတယ်။

အောက်ခြေ natural stone base နဲ့ front landscape က အိမ်ကို ပိုမိုခိုင်ခံ့ပြီး grounded ဖြစ်စေပါတယ်။
Warm ivory wall, timber tone, dark bronze frame နဲ့ natural stone texture တွေက အိမ်ကို အလွန် flashy မဖြစ်စေဘဲ refined luxury feeling ပေးထားပါတယ်။

ဒီအိမ်ရဲ့ value က အပြင်ပန်းလှပမှုတစ်ခုတည်းမဟုတ်ပါဘူး။

မိသားစု ၃ ဆက်အတူနေထိုင်နိုင်ဖို့၊
နေ့စဉ်အသုံးပြုမှုအဆင်ပြေဖို့၊
privacy ရှိဖို့၊
အရိပ်နဲ့ လေဝင်လေထွက်ကောင်းဖို့၊
အပူသက်သာပြီး စိမ်းလန်းတဲ့နေထိုင်မှုအတွေ့အကြုံရရှိဖို့—

ဒီအရာအားလုံးကို architecture planning နဲ့ စနစ်တကျဖြေရှင်းထားတဲ့ မိသားစုနေအိမ် concept ဖြစ်ပါတယ်။

ဒီ project က ရောင်းချမည့်အိမ်မဟုတ်ပါဘူး။
မြန်မာမိသားစုနေထိုင်မှုပုံစံ၊ မြေအကျယ်အဝန်း၊ ရာသီဥတု၊ privacy နဲ့ lifestyle value တွေကိုအခြေခံပြီး စဉ်းစားထားတဲ့ residential design concept example တစ်ခုဖြစ်ပါတယ်။

သင့်မိသားစုအတွက် အဆင့်မြင့်ပြီး ကိုယ်ပိုင်နေထိုင်မှုပုံစံနဲ့ကိုက်ညီတဲ့ အိမ်တစ်လုံး စတင်စဉ်းစားချင်တယ်ဆိုရင် Davy Residential Projects နဲ့ ဆွေးနွေးနိုင်ပါတယ်။

ဖုန်း 09969000551

Address

No. 22, Shwe War Lane 2, Ah Hmu Htan Ward, Thanlyin
Yangon
1118

Website

Alerts

Be the first to know and let us send you an email when Davy Architecture Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share