21/07/2026
⏰"ကြာလေ...ကောင်းလေ" ဆိုတဲ့အထဲမှာ Bathroom Renovation လဲ ထိပ်ဆုံးက ပါပါတယ်။
ကျွန်တော်တို့ရဲ့Client မိတ်ဆွေတွေ တော်တော်များများက Bathroom Renovate အပ်တယ်ဆိုရင် ဘယ်နှရက်အတွင်းပြီးမလဲဆိုတဲ့ မေးခွန်းကို မေးကြပါတယ်။ ဘယ်သူမဆို အမြန်ဆုံးအကောင်အထည်ဖော်ချင်ကြတာ နားလည်ပါတယ်ဗျ။
ဒါပေမဲ့ ကျွန်တော်တို့ Excellent မှာတော့ အနည်းဆုံး ၃ ပတ် အချိန်ပေးနိုင်မှ Bathroom Renovation ကို လက်ခံဖြစ်ပါတယ်။
"ဘယ် company မှာ စုံစမ်းခဲ့တာ...၁၀ရက်လောက်နဲ့လုပ်ပေးနိုင်တယ်...Excellent ကရော လုပ်ပေးနိုင်မလား❓” ဆိုတာမျိုးလေးတွေ မေးလာခဲ့ရင်လဲ ကျွန်တော်တို့က သေချာလေး အသေးစိတ်ပြန်ပြောပြပေးဖြစ်ပါတယ်။
၁၀ ရက်နဲ့ လုပ်လို့ရမလားဆိုရင်တော့...ရပါတယ်
ဒါပေမဲ့ Process တစ်ခုချင်းကို လုံလောက်တဲ့အချိန်ပေးမလုပ်တဲ့အခါ အဖြစ်များတဲ့ ရေယိုတာ၊ စိမ့်တာ၊ ကြွေပြားတွေ ကွာတာ၊ မှိုတက်တာ စတဲ့ ယိုယွင်းမှုတွေက အချိန်တိုအတွင်းမှာကို ပေါ်လာတတ်ပါတယ်။
🌟”Excellent” မှာ Bathroom Renovation လာလုပ်ကြတဲ့ Client တွေရဲ့ ၃ပုံ၂ပုံကျော်လောက်ကလဲ ဒီပြဿနာတွေကြောင့်ပါ။
Bathroom Renovation အတွက် “Excellent ကို” ဆက်သွယ်လာပြီဆိုတာနဲ့
"ဘာကြောင့် လုပ်ချင်တာလဲ"ဆိုတဲ့ မေးခွန်းကို အရင်ဆုံးမေးပါတယ်။
လက်ရှိ Bathroom က ကြာပြီဖြစ်လို့ Modernize ပြန်လုပ်ချင်သူတွေလဲ ရှိကြပါတယ်။
ပြီးရင်တော့ ဒီနိုင်ငံမှာ ရေချိုးခန်းတစ်ခုလုပ်မယ်ဆိုရင် Amount ဘယ်လောက်ကနေ ဘယ်လောက်ကုန်ကျနိုင်တယ်ဆိုတာပြောပြပေးပါတယ်။ Budget limit ထားထားတဲ့ Project မျိုးဆိုရင်တော့ ကျွန်တော်တို့ကိုယ်တိုင်း Site Visit အရင် သွားကြည့်ပေးပါတယ်။
🔺ရေချိုးခန်းက Concrete ပေါ်မှာ ရှိနေတာလား။ သစ်သားအိမ်လိုပဲ စင်တွေနဲ့ဆောက်ထားပြီး အိမ်အောက်ကို လူဝင်လို့ရတဲ့ အိမ်မျိုးလား။ ဒါကို အရင်ဆုံးကြည့်ပါတယ်။
🔺အောက်ခံသစ်သားပေါ်မှာ ဆောက်ထားတဲ့ Bathroom တွေဆိုရင်...
အများအားဖြင့် ရေချိုးခန်းတွေက Waterproofing Failed ဖြစ်ပြီး ရေစိမ့်တတ်လာပါတယ်။ ကြာလာတဲ့အခါ ဒီစိမ့်ရေတွေက အိမ်ရဲ့ Structure ထဲကို သွားတဲ့အခါမှာတော့ အိမ်ရဲ့ Structure မှာ အသားတွေဆွေးလာတာ၊ ကွာလာတာ၊ ခြတက်တာတွေဖြစ်လာနိုင်ပါတယ်။
ကျွန်တော်တို့ အတွေ့အကြုံအရ ရေချိုးခန်းရဲ့ အောက်က ဆင့်တွေမှာ လုံးဝဆွေးပြီး ပြိုကျမဲ့အခြေအနေထိ ဖြစ်တာမျိုးကို မြင်ခဲ့ဖူးပါတယ်။ ပြင်ချိန်သာ အချိန်ကိုက်မဖြစ်ခဲ့ရင် ပြိုကျသွားတဲ့အထိ ဖြစ်နိုင်တဲ့အခြေအနေပါ။
🔺အောက်ခံ Concrete ပေါ်မှာပဲ ဆောက်ထားတဲ့ Bathroom ဆိုရင်တော့...
Waterproofing Failed ဖြစ်တဲ့အခါ သူရဲ့စိမ့်ရေတွေက ဘေးအခန်းတွေကို ပျံ့သွားတဲ့အတွက်ကြောင့် ဘေးအခန်းတွေရဲ့ Moisture ကို ကြည့်ရင် သိနိုင်တာမို့ ဒါကို စစ်ဆေးရပါတယ်။
ဖြစ်ခါစမှာ မသိသာပေမဲ့ နှစ်ကြာလာတဲ့အခါ ဘေးအခန်းတွေရဲ့ နံရံတွေက ရေကြောင့် ပွလာတာမျိုးတွေ၊ အစွန်းအထင်းတွေဖြစ်လာနိုင်ပါတယ်။
ဒီအချက်တွေ အားလုံးကို ကြည့်ပြီးပြီဆိုရင်တော့ မိတ်ဆွေရဲ့ Bathroom အတွက် Renovation Quotation ထွက်လာပါပြီဗျ။✅
ဒါကတော့ Bathroom Renovation အပ်မဲ့ Client မိတ်ဆွေတို့အတွက် ပထမဆုံး Consulting ပေးတဲ့အဆင့်ဖြစ်ပါတယ်။
Project စပြီဆိုတာနဲ့ လုပ်ဆောင်တဲ့ အသေးစိတ် Process တွေကိုလဲ နောက်ထပ်တင်ဆက်ပေးသွားမှာမို့ စောင့်ကြည့်နိုင်ပါတယ်ခင်ဗျာ။
🌟"Quality ကို ဦးစားပေး Excellent ကို ရွေး"🌟
📞 Contact Our Specialists:
🏠 David: 0452343557 (Residential Specialist)
📞 JP: 0490938624 (Commercial Specialist)
**************************
⏰ When it comes to the saying "Good things take time,"
a bathroom renovation is definitely at the top of the list!
Many of our clients ask one common question when they book a bathroom renovation:
"How many days will it take?" We completely understand that everyone wants their dream space completed as quickly as possible. However, at Excellent, we only take on a bathroom renovation project if we are given a minimum timeframe of 3 weeks.
We often get asked, "I inquired with another company, and they said they could do it in 10 days. Can Excellent do it too?" When this happens, we always take the time to explain the details.
Can it be done in 10 days? Yes, it is technically possible.
However, when each step of the process isn't given enough time to set and cure properly, serious issues like water leaks, moisture seepage, hollow or lifting tiles, and mold growth usually appear within a very short period.
🌟 In fact, over two-thirds of the clients who come to Excellent for a bathroom renovation do so precisely because they are facing these exact issues from previous rushed jobs.
The moment you contact Excellent for a bathroom renovation, our first question is always: "What is the main reason you want to renovate?" (Many of our clients simply want to modernize an outdated bathroom).
Next, we provide an overview of the typical cost range for building a bathroom in this country. If it is a project with a specific budget limit, we will personally arrange a site visit first.
During the site inspection, we check the foundation:
Is the bathroom built on a concrete slab?
Or is it built on a timber subfloor (like a traditional framed house) with a crawl space underneath?
For bathrooms built on timber subfloors:
Most of the time, old bathrooms suffer from waterproofing failure, leading to leaks. Over time, this moisture seeps into the home's structural framing, causing the timber to rot, decay, and attract termites. In our experience, we have seen subfloor joists completely rotted out and on the verge of collapse. If it isn't repaired in time, it poses a major structural risk.
For bathrooms built on a concrete slab:
When the waterproofing fails here, the water tends to travel horizontally into adjoining rooms. We inspect the moisture levels in adjacent walls to check for this. While it might not be obvious at first, over the years, the walls of the neighboring rooms will start to blister, peel, and develop unsightly water stains.
Once we have thoroughly inspected all these factors, we provide a detailed quotation.
This is the very first consultation step for our valued clients planning a bathroom renovation.
Stay tuned for our upcoming posts, where we will share the detailed, step-by-step process we take once a project officially begins!
🌟 "Choose Quality, Choose Excellent" 🌟
📞 Contact Our Specialists:
🏠 David: 0452343557 (Residential Specialist)
📞 JP: 0490938624 (Commercial Specialist)