AEEG-Air conditioner Sale and Service

AEEG-Air conditioner Sale and Service Servicing and Repairing of Air conditioner, Refrigerator and washing machine

Profile ကအဲ့လို တင်ထားမိလို့ သည်းခံကြပါကုန်😞အခုက ကျွန်တော်တို့ AEEG-Air conditioner Sale and Service ရဲ့ tiktok account ...
11/10/2026

Profile ကအဲ့လို တင်ထားမိလို့ သည်းခံကြပါကုန်😞

အခုက ကျွန်တော်တို့ AEEG-Air conditioner Sale and Service ရဲ့ tiktok account လေး share ပေးတာပါဗျ
လိုအပ်တဲ့ အလုပ်တာဝန်များ ပေးအပ်နိုင်ပါသည်ခင်ဗျာ


1454 Followers, 4807 Following, 11.0k Likes - Watch awesome short videos created by Aung Kyaw Hein

Inverter type air con ကိုမှ အသစ်လည်းဖြစ်ရမယ် ဈေးလည်းတန်ချင်တယ်ဆိုရင် ဆက်သွယ်ပေးပါဗျ🥰09260007768(Viber)Phone 09260007768/...
11/10/2026

Inverter type air con ကိုမှ အသစ်လည်းဖြစ်ရမယ် ဈေးလည်းတန်ချင်တယ်ဆိုရင် ဆက်သွယ်ပေးပါဗျ🥰

09260007768(Viber)
Phone 09260007768/09952052383

သိပ်အများကြီးမရှိလို့ ဦးရာသူယူစေပါဗျာ💪



02/10/2026

Aircon / ရေခဲသေတ္တာ / အဝတ်လျှော်စက်
ပြုပြင်ခြင်း၊ တပ်ဆင်ခြင်းနှင့် ရောင်းဝယ်ခြင်းလုပ်ငန်းအတွက် ဝန်ထမ်းအသစ်များ ခေါ်ယူနေပါသည်။

🔧 ခေါ်ယူမည့်ရာထူး • Aircon Technician
• Refrigerator Technician
• Washing Machine Technician
• Technician Helper / အကူ

📌 လိုအပ်သောအရည်အချင်းများ • သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်
• အတွေ့အကြုံမရှိသေးသူများလည်း လုပ်ငန်းသင်ယူလိုစိတ်ရှိပါက လျှောက်ထားနိုင်ပါသည်

• အလုပ်ကြိုးစားပြီး တာဝန်ယူမှုရှိသူ ဖြစ်ရမည်
• Customer များနှင့် ပြောဆိုဆက်ဆံရေးကောင်းမွန်သူ ဖြစ်ရမည်
• နယ်/မြို့တွင်း Installation & Service လုပ်ငန်းများ သွားရောက်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်
💰 လစာ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုအပေါ်မူတည်၍ လစာညှိနှိုင်းပေးမည်။
အလုပ်ကျွမ်းကျင်မှုနှင့် လုပ်ဆောင်နိုင်မှုအပေါ်မူတည်၍ Incentive / အပိုဆုကြေးများလည်း ရရှိနိုင်ပါသည်။

📍 အလုပ်နေရာ –အမှတ် (၂၁၉)၊ရွာမအရှေ့ရပ်ကွက်၊သီရိမင်္ဂလာလမ်း၊အင်းစိန်မြို့နယ်။
📞 ဆက်သွယ်ရန် – 09260007768/09952052383
📱 Viber – 09260007768

အလုပ်ကို စိတ်ဝင်စားပြီး ရေရှည်လုပ်ကိုင်လိုသူများ လာရောက်လျှောက်ထားနိုင်ပါသည်။

🙏 လူကြီးမင်းတို့၏ မိတ်ဆွေများထဲမှ သင့်တော်သူများရှိပါက Share ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

23/07/2026

အလေ့အကျင့်သေးသေးလေးတွေကနေ မီတာခကို ချွေတာရအောင်... 💡✨

လျှပ်စစ်မီတာခတွေ တိုးမြင့်လာတဲ့ ဒီနေ့ခေတ်မှာ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို စနစ်တကျ နည်းလမ်းမှန်မှန် သုံးစွဲတာက အိမ်အသုံးစရိတ်ကို ထိထိရောက်ရောက် လျှော့ချပေးရာ ရောက်ပါတယ်။

အဲကွန်းအပူချိန်ကို သင့်တော်ရုံမှာ ထားတာကအစ မိုးရာသီလို ရက်တွေမှာ သဘာဝအလင်းရောင်ကို ပိုမိုအသုံးပြုတာအထိ လုပ်ဆောင်ချက် သေးသေးလေးတိုင်းဟာ မီတာခသက်သာဖို့အတွက် များစွာ အထောက်အကူပြုပါတယ်နော်။

23/07/2026

🥰

23/07/2026

🛠️ အဲကွန်းတစ်လုံးဟာ တန်ဖိုးကြီးတဲ့ အိမ်သုံးပစ္စည်း ဖြစ်တာကြောင့် ရေရှည်မှာ ပျက်စီးမှုမရှိဘဲ ဆယ်စုနှစ်ချီ သုံးစွဲနိုင်ဖို့ စနစ်တကျ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အဲကွန်း သက်တမ်း ပိုရှည်စေမယ့် အလွယ်ကူဆုံး သတိပြုရမယ့် အချက် (၅) ချက်ကို ဝေမျှပေးလိုက်ပါတယ်။

၁။ အဲကွန်း Filter ကို ပုံမှန်ဆေးပါ။ ၂ ပတ်တစ်ကြိမ် (သို့မဟုတ်) ၁ လတစ်ကြိမ် အထဲက ဖုန်စကာ Filter လေးကို ဖြုတ်ပြီး ရေဆေးပေးပါ။ ဖုန်ပိတ်နေရင် စက်ပူပြီး ကွန်ပရက်ဆာ သက်တမ်း တိုစေပါတယ်။

၂။ အပြင်အုံ (Outdoor Unit) ပတ်ဝန်းကျင်ကို ရှင်းလင်းထားပါ။ အပြင်အုံ ဘေးနားမှာ သစ်ပင်ခြုံနွယ်တွေ၊ ပစ္စည်းတွေ ပိတ်မနေပါစေနဲ့။ လေဝင်လေထွက် ကောင်းမှ အပူကောင်းကောင်း စွန့်ထုတ်နိုင်မှာပါ။

၃။ ရေဆေးခြင်း (Chemical Wash) ကို ၆ လတစ်ကြိမ် ပြုလုပ်ပါ။ ကျွမ်းကျင်အင်ဂျင်နီယာများနှင့် စနစ်တကျ အတွင်းပိုင်းထိ ဆေးကြောခြင်းက စက်ကို အမြဲအသစ်အတိုင်း ဖြစ်နေစေပါတယ်။

၄။ မီးအား အတက်အကျ ကြမ်းချိန်တွင် ခေတ္တပိတ်ပါ။ GREE မှာ မီးအားစနစ် ကာကွယ်မှု ပါဝင်သော်လည်း မိုးကြိုးပစ်ခြင်း သို့မဟုတ် မီးလိုင်း အလွန်အမင်း မငြိမ်သက်ချိန်မျိုးတွင် ပိတ်ထားခြင်းက ပိုမို စိတ်ချရသည်။

၅။ အပူချိန်ကို ၂၅ ဒီဂရီစင်တီဂရိတ်ဝန်းကျင်ပဲ ထားပါ။ စက်ကို အလွန်အမင်း အလုပ်မခိုင်းခြင်းက စက်ပစ္စည်း အစိတ်အပိုင်းတွေကို သက်တမ်း အရှည်ဆုံး ဖြစ်စေပါတယ်။

ဒီအချက်လေးတွေကို လိုက်နာပြီး GREE အဲကွန်းကို နှစ်ပေါင်းများစွာ စိတ်ချလက်ချ အသုံးပြုလိုက်ပါ။

—————————————————

GREE နှင့်ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက အမြို့မြို့ အနယ်နယ်ရှိ GREE Authorized Dealer ဆိုင်များတွင် စုံစမ်းဝယ်ယူနိုင်ပါသည်



23/07/2026

🫀Aircon တစ်လုံးရဲ့ အဓိကအကျဆုံး အစိတ်အပိုင်းကိုပြောပါဆိုရင် Aircon ရဲ့ နှလုံးသား လို့ပြောလို့ရတဲ့ Compressor ပါပဲ။

🛋️အခန်းထဲက အပူတွေကို အပြင်ထုတ်ပေးပြီး အခန်းအေးမြဖို့အတွက် အဓိက တာဝန်ယူရတဲ့ Compressor ကို သတိမထားပဲ ပြုလုပ်နေမိတဲ့ အလေ့အကျင့်တွေကြောင့် အချိန်မတိုင်ခင်ပျက်စီးတတ်ကြပါတယ် ။‌

ဒါကြောင့် ဒီနေ့မှာတော့ Aufit Aircon ကနေ Aircon ရဲ့ နှလုံးသား Compressor ကို ပျက်စီးအောင် ဘယ်အပြုအမူတွေလုပ်နေမိလဲဆိုတာ ပြောပြပေးသွားမှာပဲဖြစ်ပါတယ် ။

1️⃣Filter များကို ပုံမှန်ဆေးကြောမှု မရှိခြင်း
လအတော်ကြာသည်အထိ Filter များကို ဖြုတ်ဆေးခြင်းမရှိဘူးဆိုရင် Filter မှာ ဖုန်မှုန့်များ ပိတ်ဆို့ကာ လေဝင်လေထွက် စနစ်ကို အနှောင့်အယှက်ဖြစ်စေပြီး အခန်းတွင်းအပူချိန်ကို လျှော့ချနိုင်ဖို့ Compressor က ပုံမှန်ထက် အဆမတန် ပိုမိုရုန်းကန်ရတတ်တာကြောင့် Compressor ကို ထိခိုက်စေနိုင်ပါတယ် ။

2️⃣ရုတ်တရက် ပိတ်လိုက်၊ ပြန်ဖွင့်လိုက် ပြုလုပ်ခြင်း

Aircon ကို ပိတ်ပြီးတာနဲ့ ချက်ချင်းပြန်လည်ဖွင့်တာက Compressor ကို လျှပ်စစ်စီးကြောင်း နှင့် ဖိအားဒဏ်ကို ရုတ်တရက် သက်ရောက်စေတတ်ပါတယ် ။ ဒီလိုလုပ်တာ အကြိမ်ရေများလာတာနဲ့ Compressor လောင်ကျွမ်းခြင်းကို ဖြစ်ပေါ်စေပါတယ် ။

3️⃣Outdoor Unit ကို အပူလှောင်သောနေရာတွင် ထားခြင်း

Compressor ရှိတဲ့ Outdoor Unit ကို နေရောင်တိုက်ရိုက်ကျတဲ့နေရာ ၊ လေဝင်လေထွက်မကောင်းဘဲ အပူပြန်ထွက်ခက်တဲ့ နေရာကျဉ်းကျဉ်းလေးတွေထဲမှာ တပ်ဆင်ထားတယ်ဆိုရင် အပူကို အပြင်မှာ မထုတ်နိုင်တော့ဘဲ Compressor ထဲမှာရှိနေတာကြောင့် Compressor ရပ်ပြီးပျက်သွားတတ်ပါတယ် ။

💁ကဲဒီလောက်ဆိုရင် ကိုယ့်အိမ်က Aircon ရဲ့ နှလုံးသားလေးကို ဘယ်လိုအပြုအမူတွေက ဖျက်ဆီး နေလဲဆိုတာ သိသွားကြမယ်ထင်ပါတယ် ။

နောက်ထပ်တွေမှာလဲ Aircon နဲ့ ပတ်သတ်ပြီး ဗဟုသုရစရာများကိုပြောပြပေးသွားမှာမို့လို့ Like & Follow လုပ်ပေးထားကြပါဦးနော် ။

𝗔𝘂𝗳𝗶𝘁 𝗔𝗶𝗿𝗰𝗼𝗻 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺

https://t.me/aufitairconmyanmar

𝗔𝘂𝗳𝗶𝘁 𝗔𝗶𝗿𝗰𝗼𝗻 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗩𝗶𝗯𝗲𝗿

https://invite.viber.com/?g2=AQBjUq4tIFdVs1MEJTPZ4dsLu%2FAAjwa%2FSfm04OrNok8MNGvhd2g6yZcq4aIj4JBc

𝗔𝘂𝗳𝗶𝘁 𝗔𝗶𝗿𝗰𝗼𝗻 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗧𝗶𝗸 𝗧𝗼𝗸

https://www.tiktok.com/.aircon.myan?_t=8n9ocZmBhVR&_r=1




18/04/2026

MCG 1 hp New installation




အလုပ်ကိစ္စများအတွက် ကျွန်တော်တို့ tiktok acount ကိုပဲ လာရောက် ဆက်သွယ်ပေးကြပါခင်ဗျာ0926000776809952052383
01/03/2026

အလုပ်ကိစ္စများအတွက် ကျွန်တော်တို့ tiktok acount ကိုပဲ လာရောက် ဆက်သွယ်ပေးကြပါခင်ဗျာ
09260007768
09952052383


1224 Followers, 3096 Following, 8379 Likes - Watch awesome short videos created by Aung Kyaw Hein

Address

No(210), Thirimingalar Street
Insein
11011

Telephone

+959952052383

Website

Alerts

Be the first to know and let us send you an email when AEEG-Air conditioner Sale and Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AEEG-Air conditioner Sale and Service:

Shortcuts

Share

Nearby home improvement businesses