17/08/2026
နိုဗာတက်မှာ ဒီဇိုင်းသင်ရတဲ့ အတွေ့အကြုံ -ဇင်ကိုဖြိုး
☆ကိုယ့်ရဲ့အတွေးအမြင်နဲ့ ဖန်တီးနိုင်စွမ်းကို လက်တွေ့ပုံဖော်ချင်တဲ့အတွက် Novatek Design school ကို join ဖြစ်တာပါ။
☆ ဒီမှာ Designသင်ယူတဲ့အခါ ဆရာ/ဆရာမတွေက သင်ခန်းစာတွေပဲ သင်ပေးတာမျိုးမဟုတ်ပဲ အခြေခံအကြောင်းအရာတွေကို ရှင်းပြပေးပြီးနောက် ကိုယ်တိုင်စဉ်းစား၊ ကိုယ်တိုင် Design လုပ်ပြီး လက်တွေ့အသုံးချနိုင်အောင် လမ်းညွှန်ပေးတာကို အထူးသဘောကျမိပါတယ်။
☆ အထူးသဖြင့် Design ဆိုတာ တစ်ခုတည်းသောအဖြေသာရှိတာမျိုးမဟုတ်ပဲ ကိုယ့်ရဲ့အတွေးအမြင်နဲဲ Creativity ပေါ်မှုတည်ပြီး Design Solution အမျိုးမျိုးဖန်တီးနိုင်တာကို သင်ယူလိုက်ရတာ အရမ်းကောင်းတဲ့အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။
☆ နောက်ထပ်သဘောကျမိတာက ဆရာ/ဆရာမတွေနဲ့ ကျောင်းသား/ကျောင်းသူတွေကြားမှာ အပြန်အလှန်ဆွေးနွေးပြီး သင်ယူနိုင်တဲ့ပတ်ဝန်းကျင် ဖြစ်ပါတယ်။ ကိုယ်မသိတဲ့အရာတွေကို မေးမြန်းနိုင်သလို သူငယ်ချင်းတွေရဲ့ Design တွေကို ကြည့်ပြီး ကိုယ်မစဉ်းစားမိတဲ့ Idea အသစ်တွေကိုလည်း ရရှိခဲ့ပါတယ်။ အခြားသူတွေရဲ့ Design ကို လေ့လာရင်းနဲ့ ကိုယ့်ရဲ့ Design Thinking ကိုပါ ပိုမိုကျယ်ပြန့်လာစေပါတယ်။
☆ Design ကို သင်ယူတဲ့အချိန်မှာ Project တွေကို Review လုပ်ရတာက ကိုယ့်ရဲ့ Design Development အတွက် အများကြီးအကျိုးရှိတယ်လို ခံစားရပါတယ်။ ကိုယ်တိုင် Project တစ်ခုကိုလုပ်တဲ့အခါ ကိုယ့်အမြင်နဲ့ ကိုယ်စဉ်းစားထားတဲ့အတွက် တစ်ခါတလေ ကိုယ်မမြင်မိတဲ့ အားနည်းချက်တွေ၊ မသင့်တော်တဲ့အချက်တွေ ရှိနေနိုင်ပါတယ်။ Review လုပ်တဲ့အချိန်မှာ ဆရာ/ဆရာမတွေက အခြားရှုထောင့်ကနေ ပြန်လည်ကြည့်ပြီး Feedback ပေးတဲ့အတွက် အဲဒီအချက်တွေကို သိရှိပြီး ပြန်လည်ပြင်ဆင်နိုင်ခဲ့ပါတယ်။
☆ Concept ကောင်းမကောင်း၊ Layout က Function နဲ့ ကိုက်ညီမှုရှိမရှိ၊ Space တွေကြား Relationship ကောင်းမကောင်း စတဲ့အချက်တွေကို ပြန်လည်သုံးသပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ကိုယ်စိတ်ကူးထားတဲ့ Design ကို အလှအပတစ်ခုတည်းအနေနဲ့ မကြည့်တော့ဘဲ Function နဲ့ Practicality ကိုပါ ထည့်သွင်းစဉ်းစားတတ်လာပါတယ်။
☆ကျောင်းမှာ Project တွေကို ကိုယ်တိုင်လုပ်ဆောင်ရတာများတဲ့အတွက် သင်ခန်းစာထဲမှာ သင်ယူထားတဲ့ Knowledge တွေကို လက်တွေ့အသုံးချရင်း Skill တွေက ပိုပြီးတိုးတက်လာခဲ့ပါတယ်။Hard Skill ပိုင်းမှာတော့ Architecture & Interior Design အတွက် အခြေခံအရေးကြီးတဲ့ AutoCAD, SketchUp, Rendering Software နဲ့ Presentation Tools တွေကို အသုံးပြုတတ်လာပါတယ်။
☆တစ်ဖက်မှာလည်း Soft Skill တွေ အများကြီးတိုးတက်လာခဲ့ပါတယ်။ Teamwork Skill ကလည်း Project တွေကနေ အရေးကြီးတဲ့ Skill တစ်ခုအနေနဲ့ ရရှိလာပါတယ်။ Group Project တွေမှာ လူတစ်ယောက်နဲ့တစ်ယောက် အမြင်မတူတာတွေ ရှိနိုင်ပေမယ့် ကိုယ့်အမြင်ကိုပဲ အတင်းအကျပ်မလုပ်ဘဲ တခြားသူတွေရဲ့အမြင်ကို နားထောင်ပြီး အကောင်းဆုံး Solution ရအောင် ပူးပေါင်းလုပ်ဆောင်တတ်လာပါတယ်။ ☆Project တွေကို အချိန်သတ်မှတ်ချက်အတွင်း ပြီးအောင်လုပ်ရတဲ့အတွက် Time Management ကို ပိုပြီးနားလည်လာပါတယ်။
ကိုယ့်အတွက် အမှတ်တရဖြစ်ခဲ့တဲ့ Project တစ်ခုကတော့ Nature & Library Project ပါ။ Nature နဲ့ Reading ဆိုတဲ့ Concept နှစ်ခုကို Space ထဲမှာ ဘယ်လိုအတွေ့အကြုံအဖြစ် ဖန်တီးမလဲဆိုတာ စဉ်းစားရတာက စိတ်ဝင်စားစရာကောင်းသလို စိန်ခေါ်မှုလည်းရှိခဲ့ပါတယ်။ စိတ်ကူးထဲမှာ လှတယ်လိုထင်တဲ့အရာကို Drawing ထဲထည့်လိုက်ရုံနဲ့ မပြီးဘဲ အဲ့ဒီနေရာကို တကယ်အသုံးပြုမယ့်သူအတွက် အဆင်ပြေမပြေ၊ Space တွေ ဘယ်လိုဆက်သွယ်မလဲ၊ အဲ့ဒီ Concept ကို တကယ်ခံစားမိစေမလားဆိုတာတွေကို ပြန်စဉ်းစားရပါတယ်။ အဲ့ဒီအချိန်မှာ “Designing” ဆိုတာ ကိုယ်ကြိုက်တာကို ဖန်တီးတာထက် User အတွက် အဓိပ္ပာယ်ရှိတဲ့အရာတစ်ခုကို ဖန်တီးပေးတာပိုနီးစပ်တယ်ဆိုတာ ခံစားလာရပါတယ်။
☆အခုဆိုရင် နေရာတစ်ခုကိုကြည့်တဲ့အခါ အလှအပကိုပဲ ကြည့်တော့တာမဟုတ်ဘဲ “ဘာကြောင့် ဒီလို Design လုပ်ထားတာလဲ”၊ “ဒီ Space ကို အသုံးပြုမယ့်သူတွေအတွက် တကယ်အဆင်ပြေရဲ့လား”၊ “Material နဲ့ Lighting ကို ဘာကြောင့် ဒီလိုရွေးချယ်ထားတာလဲ” ဆိုပြီး Design ရဲ့နောက်ကွယ်မှာရှိတဲ့ Concept နဲ့ Design Intention ကိုပါ စဉ်းစားတတ်လာပါတယ်။ ဒါက သင်တန်းတက်ပြီးနောက် ကိုယ့်ရဲ့ Design အပေါ် အမြင်ပြောင်းလဲသွားတဲ့ အရေးကြီးဆုံးအချက်တစ်ခုလို ခံစားရပါတယ်။
☆Architecture & Interior Design က အမြဲတမ်းပြောင်းလဲတိုးတက်နေတဲ့ Field တစ်ခုဖြစ်တဲ့အတွက် အသစ်ထွက်လာတဲ့ Design Trends, Materials, Technology နဲ့ Design Approaches တွေကို ဆက်လက်လေ့လာသွားမယ်လို ရည်ရွယ်ထားပါတယ်။ Project အသစ်တွေ၊ Architecture နဲ့ Interior Design Reference တွေကို လေ့လာပြီး ကိုယ့်ရဲ့ Design Knowledge ကို အမြဲတမ်း Update ဖြစ်နေအောင် ကြိုးစားသွားမယ်လိုလည်း ခံယူထားပါတယ်။