Thiha Roofing Sheet Factory

Thiha Roofing Sheet Factory လုံခြုံစိတ်ချ ခိုင်ခန့်လှပ သွပ်အမိုးမှာဆို သီဟ

ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်ထူးမြတ်လှသည့် နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာဝင်တွင...
29/07/2026

ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်ထူးမြတ်လှသည့် နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာဘုရား၏ သာသနာဝင်တွင် ထင်ရှားလှသည့် "သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ" ဆိုသည့် ထူးခြားဆန်းကြယ်သော ဖြစ်စဉ်ကြီး (၄) မျိုးစလုံးသည် အခြားသောနေ့များမဟုတ်ဘဲ ဝါဆိုလပြည့်နေ့ ၌ပင် တိုက်ဆိုင်စွာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။

၁။ သန္ဓေယူသောနေ့ (သန္ဓေ)
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် တုသိတာနတ်ပြည်မှ စုတေ၍ မဟာမာယာဒေဝီ မိဖုရားကြီး၏ ဝမ်းကြာတိုက်၌ သန္ဓေယူတော်မူသောနေ့ မှာ ဝါဆိုလပြည့်နေ့ ဖြစ်ပါသည်။

၂။ တောထွက်တော်မူသောနေ့ (တောထွက်)
သတ္တဝါအပေါင်းတို့အား သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရာ လမ်းစကို ရှာဖွေရန်အတွက် မင်းစည်းစိမ်၊ သားမယားတို့ကို စွန့်လွှတ်ကာ တောထွက်တော်မူသောနေ့မှာလည်း ဝါဆိုလပြည့်နေ့ပင် ဖြစ်ပါသည်။

၃။ ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာတော် စတင်ဟောကြားသောနေ့ (ဓမ္မစက်)
ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် ပဉ္စဝဂ္ဂီ (၅) ဦးတို့အား သစ္စာလေးပါး တရားတော်မြတ်ကို ဖော်ထုတ်ပေးသည့် "ဓမ္မစက္ကပဝတ္တနသုတ်" (ဓမ္မစက်) ကို စတင်ဟောကြားတော်မူသောနေ့ ဖြစ်ပါသည်။ ထို့ကြောင့် ဝါဆိုလပြည့်နေ့ကို "ဓမ္မစက်နေ့"ဟုလည်း ခေါ်ဆိုပူဇော်ကြပါသည်။

၄။ ရတနာဃရ စင်ကြံ၌ ပြာဋိဟာပြတော်မူသောနေ့ (တချက်ပြာဋိဟာ)
ဒိဋ္ဌိတို့၏ အယူဝါဒများကို နှိမ်နင်းရန်နှင့် သတ္တဝါတို့၏ သဒ္ဓါတရား တိုးပွားစေရန်အတွက် ရေမီးအစုံ တန်ခိုးပြာဋိဟာ စတင်ပြသတော်မူသောနေ မှာလည်း ဝါဆိုလပြည့်နေ့ဖြစ်ပါသည်။

---
ထို့အပြင် ဝါဆိုလပြည့်နေ့သည် သံဃာတော်အရှင်သူမြတ်များ သီတင်းသုံးနေထိုင်ရန် ဝါဆိုတော်မူသောနေ့ ဖြစ်သလို၊ သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့သည့် ထူးမြတ်သော နေ့မြတ်လည်း ဖြစ်ပါသည်။

ဤသို့သော "သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ" အစရှိသည့် ထူးခြားသော သမိုင်းဝင်ဖြစ်စဉ်ကြီးများနှင့် ပြည့်စုံသော ဝါဆိုလပြည့်နေ့တွင် တရားတော်များကို နာယူမှတ်သားပြီး ကုသိုလ်ကောင်းမှုအပေါင်းကို ကြိုးစားအားထုတ်ပွားများနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

18/07/2026

Customers review လေးတွေအတွက် ပီတိဖြစ်ရပါတယ်ရှင် 🙏🏻🥰

#သွပ်ပြားစက်ရုံ
#အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး
#မိတ္ထီလာ
#အိမ်ဆောက်ပစ္စည်း

29/06/2026

သွပ်အပိုတွေကြောင့် ငွေကုန်ကြေးကျတွေများနေပြီလား.

#အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး
#မိတ္ထီလာ

#သွပ်ပြားစက်ရုံ

25/06/2026

“Work hard, travel together, grow together. ✨ Thiha Roofing Sheet Factory Annual Trip 2026.”


#သွပ်ပြားစက်ရုံ
#အိမ်ဆောက်ပစ္စည်း

#မိတ္ထီလာ

16/06/2026

သွပ်ပြားစျေးတွေ ဘာလို့တက်နေရတာလဲ

#သီဟသွပ်ပြား
#အိမ်ဆောက်ပစ္စည်း
#မိတ္ထီလာ

#သွပ်ပြားစက်ရုံ

08/06/2026

လူကြိုက်အများဆုံးက ဘာအရောင်လေး ဖြစ်မယ်ထင်လဲ ?
#အိမ်ဆောက်ပစ္စည်း
#သွပ်ပြား
#မိတ္ထီလာ
#သီဟသွပ်ပြား

07/06/2026

မိတ္ထီလာမိုးကောင်းချက်ပဲ🌧️🌧️🌧️

#အိမ်ဆောက်ပစ္စည်း
#မိတ္ထီလာ
#သွပ်ပြား

06/06/2026

ရှားရှားပါးပါး အရောင်ပိုစိုပြီး လှတာလေး ပါလာပါတယ်ဗျ 🥰🥰🥰
တခြားအရောင်လေးတွေလည်း ထပ်ဖောက်ကြည့်ပြီး ပြပေးဦးမယ်

#မိတ္ထီလာ
#သွပ်ပြား
#အိမ်ဆောက်ပစ္စည်း

05/06/2026

တွဲကား တစ်စီးစာ သွပ်လိတ်ရောင်စုံလေးတွေ ရောက်ပါပြီရှင့်
#သွပ်ပြား #သွပ်ပြားစက်ရုံ #မိတ္ထီလာ #အိမ်ဆောက်ချင်သူများ

ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယမှာ ..(၇) ရက်သားသမီး အပေါင်း နှလုံးစိတ်ဝမ်းကြည်လင်အေးချမ်းစွာဖြင့် ဒါန၊ သီလ၊ ဘာဝနာ အမှုများ...
30/04/2026

ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယမှာ ..
(၇) ရက်သားသမီး အပေါင်း နှလုံးစိတ်ဝမ်းကြည်လင်အေးချမ်းစွာဖြင့် ဒါန၊ သီလ၊ ဘာဝနာ အမှုများကို ပွါးများအားထုတ်၍ ..
ကုသိုလ်များ ဆထက်ထမ်းပိုး တိုးပွါးကြပါစေကြောင်း “သီဟ” အမိုးပြားစက်ရုံမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏🍃🙏

Address

Meiktila

Telephone

+959446655932

Website

Alerts

Be the first to know and let us send you an email when Thiha Roofing Sheet Factory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thiha Roofing Sheet Factory:

Shortcuts

Share