LUMOS Lite

LUMOS Lite Lighten your luxury world with LUMOS Lite

အိမ်တစ်လုံး ဒါမှမဟုတ် အဆောက်အအုံတစ်ခုရဲ့ အလှအပကို ဖန်တီးတဲ့အခါ အထက်ကနေ ဖြာဆင်းလာတဲ့ Lighting တွေနဲ့ Wall Lighting တွေချည...
18/09/2026

အိမ်တစ်လုံး ဒါမှမဟုတ် အဆောက်အအုံတစ်ခုရဲ့ အလှအပကို ဖန်တီးတဲ့အခါ အထက်ကနေ ဖြာဆင်းလာတဲ့ Lighting တွေနဲ့ Wall Lighting တွေချည်း သုံးမယ်ဆိုရင် အဆင်မပြေပါဘူး။

အထူးသဖြင့် လူသွားလမ်းတွေ၊ လှေကားထစ်တွေနဲ့ စင်္ကြံလမ်းတွေမှာ မျက်စိမကျိန်းစေဘဲ သွားလာနိုင်ဖို့အတွက် မြေပြင်နဲ့နီးတဲ့ အနိမ့်ပိုင်းကနေ Lighting ပေးရတဲ့ နည်းပညာတစ်ခု လိုအပ်လာပါတယ်။ အဲဒီလိုနေရာမျိုးတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ စနစ်ကတော့ "Low-Level / Step Lighting" လို့ခေါ်တဲ့ နံရံအနိမ့်ပိုင်း ဒါမှမဟုတ် လှေကားထစ်တွေကို အလင်းပေးတဲ့ စနစ် ပဲ ဖြစ်ပါတယ်။

Low-Level / Step Lighting ဆိုတာ လှေကားထစ်တွေ၊ နံရံအောက်ခြေနဲ့ ကြမ်းပြင်နဲ့ကပ်လျက် နေရာတွေမှာ တပ်ဆင်ပြီး အလင်းကို အောက်ဘက် ဒါမှမဟုတ် ဘေးဘက်ကို တိတိကျကျ ဖြန့်ကျက်ပေးတဲ့ Lighting အမျိုးအစားကို ပြောတာပါ။ အထူးသဖြင့် နံရံအတွင်းကို ဖောက်ပြီး တပ်ဆင်ရတဲ့ Recessed Step Light တွေဟာ နေရာမယူဘဲ အင်မတန် သပ်ရပ်တဲ့ အလှတရားကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် နံရံကို ဖောက်စရာမလိုဘဲ အပြင်ကနေ အလွယ်တကူ တပ်ဆင်နိုင်တဲ့ Surface-mounted Step Light တွေနဲ့ လှေကားထစ်အောက်ခြေမှာ အလင်းကို ဝှက်ပြီး ဖန်တီးရတဲ့ Hidden LED Step Light မျိုးတွေလည်း ထပ်ရှိသေးလို့ မိမိရဲ့ အဆောက်အအုံ ဒီဇိုင်းအလိုက် စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

ဒီနည်းပညာရဲ့ အဓိက ရည်ရွယ်ချက်ကတော့ … ညဘက်အချိန်တွေမှာ မီးအမှောင်ထဲ လှေကားအတက်အဆင်းလုပ်တဲ့အခါ ခြေချော်လဲကျတာမျိုး မဖြစ်အောင် လှေကားထစ်တစ်ခုချင်းစီရဲ့ အနားသတ်နဲ့ ခြေလမ်းတွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့စေနိုင်ပါတယ်။

ဒါ့အပြင် Lighting တွေက မျက်လုံးထက် အဆင့်အများကြီးနိမ့်ပြီး အောက်ခြေနားမှာ တပ်ဆင်ထားတာဖြစ်တဲ့အတွက် လူတွေရဲ့ မျက်လုံးထဲကို ဘယ်လိုနည်းနဲ့မှ Glare မဖြစ်တော့ဘဲ တည်ငြိမ်တဲ့ Lighting ကို ရရှိစေပါတယ်။

လျှောက်လမ်းဘေးတွေနဲ့ လှေကားထစ်တွေမှာ Step Light လေးတွေ တပ်ဆင်ထားကြောင့် အဆောက်အအုံရဲ့ Interior နဲ့ Exterior ဒီဇိုင်းကို အရင်ထက်ပိုပြီး ခမ်းနားထည်ဝါတာမျိုး သပ်ရပ်လှပတာမျိုးတွေ ခံစားရစေပါတယ်။

လှေကားထစ်တွေ၊ စင်္ကြံလျှောက်လမ်းတွေ၊ ဥယျာဉ်လမ်း၊ လျှောက်လမ်းတွေနဲ့ ဟိုတယ်၊ ကွန်ဒိုလို အဆောက်အအုံတွေရဲ့ အဝင်ဝနေရာတွေအတွက် ဒီ Low-Level / Step Lighting စနစ်ဟာ မရှိမဖြစ် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

အခုဆိုရင် Lumos Lite မှာ ဒီလို Step Light အမျိုးမျိုးနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် Smart Sensor တွေပါ ရရှိနေပြီ ဖြစ်ပါတယ်။ လူရဲ့ လှုပ်ရှားမှု (Movement) ကို သိရှိပြီး ခြေလှမ်းလှမ်းလိုက်တာနဲ့ အလိုအလျောက် လင်းလာမယ့်စနစ်၊ ကိုယ်မရောက်ခင် တစ်လှမ်း နှစ်လှမ်းအလိုမှာ ကြိုပြီး လင်းပေးမယ့် အဆင့်မြင့် Sensor နည်းပညာတွေပဲ ဖြစ်ပါတယ်။ ဒီ Sensor တွေအကြောင်း အသေးစိတ်ကိုတော့ နောက်ထပ် Post မှာ သီးသန့် ထပ်မံ တင်ဆက်ပေးသွားပါမယ်။

လူကြီးမင်းတို့ရဲ့ အိမ်နဲ့ လုပ်ငန်းခွင်တွေအတွက် လုံခြုံမှုနဲ့အတူ အလှတရားကိုပါ တစ်ပါတည်း ယူဆောင်လာပေးမယ့် Premium Step Lighting Solution တွေကို ရွေးချယ်နိုင်ဖို့ဆိုရင် ကျွန်တော်တို့ Lumos Lite က အမြဲတမ်း အသင့်ရှိနေပြီဖြစ်ကြောင်း ပြောကြားအပ်ပါတယ်ခင်ဗျာ။

📞 Hotline: 09 400 200 808

📱 Sales Team: 09 40400 9002, 09 40400 9003, 09 40400 9004, 09 40400 9005

📍 Lumos Showroom Address: အမှတ် ၄(က)/၁၀(က)၊ မင်းဓမ္မလမ်း၊ (၃)လွှာ၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

Lighting ကို ကိုယ်လိုချင်တဲ့ နေရာတစ်ခုတည်းဆီ တိတိကျကျ ပေးနိုင်တာက 𝐀𝐬𝐲𝐦𝐦𝐞𝐭𝐫𝐢𝐜𝐚𝐥 𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 ပဲ။သာမန် Lighting တော်တော်များမျ...
10/09/2026

Lighting ကို ကိုယ်လိုချင်တဲ့ နေရာတစ်ခုတည်းဆီ တိတိကျကျ ပေးနိုင်တာက 𝐀𝐬𝐲𝐦𝐦𝐞𝐭𝐫𝐢𝐜𝐚𝐥 𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 ပဲ။

သာမန် Lighting တော်တော်များများက အလင်းကို အောက်တည့်တည့်နဲ့ ဘေးပတ်ပတ်လည်ကို ညီတူမျှတူ ဖြန့်ကျက်ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ ခေတ်မီ Interior နဲ့ Architectural Design တွေမှာ နေရာတိုင်းအတွက် ဒီလို ပြန့်ကျဲနေတဲ့ အလင်းမျိုးကို မလိုအပ်ပါဘူး။

သမိုင်းဝင်ရုပ်ထုတွေ၊ တသီးတသန့် Show ပြထားတဲ့ Products တွေ၊ ပန်းချီကားတွေနဲ့ ဒါမှမဟုတ် လျှောက်လမ်းတွေကို Lighting ထိုးတဲ့အခါ အလင်းက ကိုယ်လိုချင်တဲ့ တစ်ဖက်တည်းကိုပဲ တိတိကျကျ ရောက်ရှိဖို့ လိုအပ်ပါတယ်။ ဒီလို လိုအပ်ချက်တွေအတွက် အတိအကျ တွက်ချက်ဖန်တီးထားတဲ့ နည်းပညာကတော့ အချိုးမညီ အလင်းပေးစနစ်လို့ခေါ်တဲ့ 𝐀𝐬𝐲𝐦𝐦𝐞𝐭𝐫𝐢𝐜𝐚𝐥 𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 ပဲ ဖြစ်ပါတယ်။

Asymmetrical Lighting ဆိုတာ အလင်းကို အလယ်ဗဟိုကနေ ဘေးဘက် အစွန်းတစ်ဖက်တည်းကိုသာ ရည်ရွယ်ချက်ရှိရှိ စောင်းပြီး ဖြန့်ကျက်ပေးတဲ့ နည်းပညာဖြစ်ပါတယ်။ သာမန်မီးလုံးတွေလို အလင်းကို ရမ်းသန်းမလွှတ်ဘဲ၊ သေသေချာချာဖန်တီးပြုလုပ်ထားတဲ့ အဆင့်မြင့် 𝐀𝐬𝐲𝐦𝐦𝐞𝐭𝐫𝐢𝐜 𝐋𝐞𝐧𝐬 တွေနဲ့ 𝐑𝐞𝐟𝐥𝐞𝐜𝐭𝐨𝐫 တွေကို အသုံးပြုပြီး Lighting ကို ကိုယ်လိုချင်တဲ့ ပစ်မှတ်ဆီကိုပဲ တိုက်ရိုက် ပို့လွှတ်ပေးတာပါ။

ဒီနည်းပညာရဲ့ အကြီးမားဆုံး အားသာချက်ကတော့ 𝐆𝐥𝐚𝐫𝐞 ဖြစ်ခြင်းကို ကို အပြည့်အဝ ကာကွယ်ပေးနိုင်ပြီး၊ ကြည့်ရှုသူရဲ့ မျက်လုံးထဲကို တိုက်ရိုက်မဝင်လာတော့ဘဲ ကိုယ်ပြသချင်တဲ့ Object ဆီကို အာရုံပိုစိုက် နိုင်စေပါတယ်။

ဒါကြောင့် အရမ်းကို သက်တောင့်သက်သာရှိတဲ့ Visual Comfort ကို ရရှိစေတဲ့အပြင်၊ မလိုအပ်တဲ့ နေရာတွေကို အလင်းမရောက်တော့တဲ့အတွက် လေလွင့်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

လူကြီးမင်းရဲ့ နေရာက ဈေးဝယ်သူတွေကို ဆွဲဆောင်ရမယ့် High-end Retail Shop ပဲဖြစ်ဖြစ်၊ Art Gallery ပဲဖြစ်ဖြစ်၊ ဒီ Asymmetrical Lighting တွေက သင့်ရဲ့ နေရာကို အဆင့်အတန်းတစ်ခုအထိ သေချာပေါက် မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။

လူကြီးမင်းတို့ရဲ့ အိမ်နဲ့ လုပ်ငန်းခွင်တွေအတွက် နေရာမှန်၊ အလင်းမှန်နဲ့ အကောင်းဆုံး Premium Lighting Solution တွေကို ရွေးချယ်နိုင်ဖို့ ကျွန်တော်တို့ Lumos Lite က အမြဲတမ်း အသင့်ရှိနေပါတယ်ခင်ဗျာ။

📞 Hotline: 09 400 200 808

📱 Sales Team: 09 40400 9002, 09 40400 9003, 09 40400 9004, 09 40400 9005

📍 Lumos Showroom Address: အမှတ် ၄(က)/၁၀(က)၊ မင်းဓမ္မလမ်း၊ (၃)လွှာ၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

🎬 WE ARE HIRINGPosition — Video Creator (Mid Level)• Video Shooting & Editing ကျွမ်းကျင်သူ• TikTok / Facebook Reels အတွက...
05/09/2026

🎬 WE ARE HIRING

Position — Video Creator (Mid Level)

• Video Shooting & Editing ကျွမ်းကျင်သူ
• TikTok / Facebook Reels အတွက် Quality Video Content ဖန်တီးနိုင်သူ
• CapCut Editing Tools အသုံးပြုနိုင်သူ ( Premiere Pro is Plus)
• Creative Idea & Storytelling ကောင်းမွန်သူ
• Marketing Content အတွေ့အကြုံရှိသူ
• Portfolio ပြသနိုင်သူ

💰 Salary — Negotiable (Experience အပေါ်မူတည်)

📩 CV + Portfolio ပေးပို့လျှောက်ထားနိုင်ပါတယ်။

📱 09 753 348 776

💌 [email protected]

📍 Head Office No.4A/10A, Mindama Road, East Gyogone Qtr, Insein Township, Yangon.

❝𝐈𝐥𝐥𝐮𝐦𝐢𝐧𝐚𝐭𝐞 𝐞𝐯𝐞𝐫𝐲 𝐬𝐩𝐚𝐜𝐞 𝐰𝐢𝐭𝐡 𝐭𝐡𝐞 𝐛𝐫𝐢𝐥𝐥𝐢𝐚𝐧𝐜𝐞 𝐨𝐟 𝐏𝐔𝐑𝐀.❞လူကြီးမင်းတို့ရဲ့ အိမ်နဲ့ လုပ်ငန်းခွင်တွေမှာ ကိုယ်လိုချင်တဲ့ Lighti...
25/08/2026

❝𝐈𝐥𝐥𝐮𝐦𝐢𝐧𝐚𝐭𝐞 𝐞𝐯𝐞𝐫𝐲 𝐬𝐩𝐚𝐜𝐞 𝐰𝐢𝐭𝐡 𝐭𝐡𝐞 𝐛𝐫𝐢𝐥𝐥𝐢𝐚𝐧𝐜𝐞 𝐨𝐟 𝐏𝐔𝐑𝐀.❞

လူကြီးမင်းတို့ရဲ့ အိမ်နဲ့ လုပ်ငန်းခွင်တွေမှာ ကိုယ်လိုချင်တဲ့ Lighting ကို တိတိကျကျ ပေးစွမ်းနိုင်ပြီး ခေတ်မီတဲ့ အလှတရားကို တစ်ပါတည်း ယူဆောင်လာပေးမယ့် LUMOS Lite ရဲ့ PURA 𝐃𝐨𝐰𝐧𝐥𝐢𝐠𝐡𝐭 Series နဲ့ မိတ်ဆက်ပေးပါရစေ။

အဆင့်မြင့် COB LED နည်းပညာကို အသုံးပြုထားတဲ့ ဒီ PURA Round Downlight ဟာ 12W လေးနဲ့တင် 1200 Lumens အထိ အလင်းအား အပြည့်အဝ ထုတ်ပေးနိုင်ပါတယ်။

Beam Angle 36º ပါဝင်ပြီး ပန်းချီကားတွေ၊ နံရံ အလှဆင်ပစ္စည်းတွေလိုမျိုး ကိုယ်ပံ့ပိုးပြသချင်တဲ့ နေရာတွေဆီကို လုံလုံလောက်လောက် အလင်းထုတ်လွှတ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း သပ်ရပ်လှပတဲ့ ဖွဲ့စည်းပုံရှိတဲ့အပြင် အရည်အသွေးမြင့် သီးသန့် LED Driver ပါဝင်ပါတယ်။ Input Voltage AC 85V ကနေ 285V အထိ လက်ခံပေးနိုင်တာကြောင့် မီးအားအတက်အကျဒဏ်ကို အပြည့်အဝ ခံနိုင်ရည်ရှိပြီး၊ မျက်စိကျိန်းစေမယ့် Flicker ထတာမျိုး လုံးဝမရှိဘဲ တည်ငြိမ်လှပတဲ့ အလင်းရောင်ကို အမြဲရရှိစေမှာပါ။

ကိုယ်ထည်ကို ပေါ့ပါးပြီး ခိုင်ခံ့တဲ့ Aluminium Die Cast သတ္တုသားနဲ့ ပြုလုပ်ထားလို့ အပူစွန့်ထုတ်မှု အတော်လေး ကောင်းမွန်ပါတယ်။ ဒါ့အပြင် ရေရှည်အသုံးပြုတဲ့အခါမှာလည်း ဆေးရောင်ကျွတ်တာ၊ အရောင်လွင့်တာမျိုး လုံးဝမဖြစ်စေဘဲ အသစ်အတိုင်း အမြဲလှပနေဦးမှာပါ။

ရေစိုမှုနဲ့ ဖုန်မှုန့်တွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်တဲ့ IP44 Rating ပါဝင်ပြီး Burning Hours နာရီ (၅၀,၀၀၀) အထိ အသုံးခံလို့ ရေရှည်အတွက် လုံးဝ စိတ်ချရတဲ့ Premium Lighting တစ်ခုအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

မိမိအခန်းဒီဇိုင်းနဲ့ လိုက်ဖက်မယ့် အရောင်ထွက် 3000K, 4000K, 6000K တွေကို ရွေးချယ်နိုင်လို့ ရှင်းလင်းပြီး သက်တောင့်သက်သာရှိတဲ့ ရပ်ဝန်းတစ်ခုကို ဖန်တီးပေးနိုင်မှာ သေချာပါတယ်ခင်ဗျာ။

📌 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐒𝐩𝐞𝐜𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬:

Product Name: PURA Downlight Series
Material: Body Aluminium Die Cast & Aluminum Reflector
Light Source: COB
Input Voltage: AC85-285V
Power: 12W, 1200 lumen
CCT: 3000K, 4000K, 6000K
Beam Angle: 36º
IP Rating: IP 44
Available Color : Black / White
Available Shape : Round & Square
Burning Hours: 50,000 Hours

ခေတ်မီ Architectural Interior Design တွေနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် ဒီ Premium Downlight ကို မှာယူချင်တယ်ဆိုရင်တော့ အောက်ပါဖုန်းနံပါတ်တွေကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

📞 Hotline: 09 400 200 808

📱 Sales Team: 09 40400 9002, 09 40400 9003, 09 40400 9004, 09 40400 9005

📍 Lumos Showroom Address: အမှတ် ၄(က)/၁၀(က)၊ မင်းဓမ္မလမ်း၊ (၃)လွှာ၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

ကျွန်တော်တို့ နေ့တိုင်းထိတွေ့နေရတဲ့ Lighting တွေက မျက်လုံးနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တယ်ဆိုတာ သိလား? တိုးတက်ပြောင်...
18/08/2026

ကျွန်တော်တို့ နေ့တိုင်းထိတွေ့နေရတဲ့ Lighting တွေက မျက်လုံးနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တယ်ဆိုတာ သိလား?

တိုးတက်ပြောင်းလဲလာတဲ့ အခုလို ခေတ်ကြီးထဲမှာ အကောင်းဆုံး Lighting ကို ဘယ်လိုခွဲခြားရွေးချယ်ရမလဲဆိုတာကို ပြောပြပေးပါရစေ။

လမ်းမီး၊ ခြံမီးနဲ့ ပန်းခြံမှာ မီးတွေ တပ်ဆင်တဲ့အခါ လိုအပ်တဲ့ နေရာကိုပဲ လင်းစေပြီး မလိုအပ်တဲ့ နေရာတွေကို Lighting မရောက်သွားဖို့ အရမ်းအရေးကြီးပါတယ်။ Lighting က ကိုယ်မလိုချင်တဲ့ နေရာတွေကို ပြန့်ကျဲလွင့်စင်သွားတဲ့အခါ Light Pollution လို့ခေါ်တဲ့ အလင်းညစ်ညမ်းမှု ပြဿနာတွေ ဖြစ်ပေါ်လို့လာခဲ့ပါပြီ။

ဒီလို အလင်းညစ်ညမ်းမှုကို Lighting Engineers တွေက အတိအကျ တိုင်းတာထိန်းချုပ်နိုင်ဖို့

❝𝐁𝐔𝐆 𝐑𝐚𝐭𝐢𝐧𝐠❞ ဆိုတဲ့

စနစ်တစ်ခုကို တီထွင်လိုက်ပါတယ်။

𝐁𝐔𝐆 ဆိုတာ ပိုးကောင် (Bug) ကို ပြောတာမဟုတ်ဘဲ Backlight, Uplight နဲ့ Glare ဆိုတဲ့ စကားလုံး သုံးခုကို ပေါင်းစပ်ထားတာ ဖြစ်ပြီးတော့ Outdoor မှာ သုံးတဲ့ Lighting တွေက သဘာဝပတ်ဝန်းကျင်နဲ့ လူတွေကို အနှောင့်အယှက် မပေးဘဲ ဘယ်လောက်အထိ စည်းကမ်းတကျ လင်းပေးနိုင်သလဲ ဆိုတာကို တိုင်းတာပေးတဲ့ စံသတ်မှတ်ချက်တစ်ခုပဲ ဖြစ်ပါတယ်။

Backlight ဆိုတာ မီးလုံးရဲ့ နောက်ကျောဘက်ကို မလိုအပ်ဘဲ အလင်းတွေ ကျော်လွန်ရောက်ရှိသွားတာကို ခေါ်တာဖြစ်ပါတယ်။ ဥပမာ လမ်းမီးတိုင်က လမ်းမကိုပဲ လင်းရမှာ ဖြစ်ပေမဲ့၊ နောက်ဘက်ကို အလင်းတွေ ပြန့်ထွက်သွားတာမျိုးပါ။

Uplight ဆိုတာ မြို့ပြရဲ့ ညဘက်ကောင်းကင်ကို လင်းထိန်စေပြီး ကြယ်တွေကို ပျောက်ကွယ်သွားစေတဲ့ အရာပါ။ ဒါက ညဘက်ပျံသန်းတဲ့ ငှက်တွေနဲ့ ဂေဟစနစ်ကို အနည်းငယ် သက်ရောက်မှု ရှိစေနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လူသားတွေအတွက် ပိုပြီးအရေးပါတာကတော့ ဒီလိုအလင်းရောင်တွေကြောင့် မျက်စိအနှောင့်အယှက် မဖြစ်စေဖို့ပါပဲ။ အထူးသဖြင့် အထပ်မြင့်တိုက်တွေကနေ အောက်ဘက်ကို လှမ်းကြည့်လိုက်တဲ့အခါ မျက်စိကျိန်းသွားတာမျိုး မဖြစ်ဖို့က အရေးကြီးပါတယ်။

Glare ဆိုတာကတော့ လူတွေရဲ့ မျက်လုံးထဲကို Lighting တိုက်ရိုက် ဝင်လာလို့ မျက်လုံးပြာသွားတာမျိုး၊ ကျိန်းသွားတာမျိုးကို ပြောတာပါ။ ညဘက် ကားမောင်းနေတုန်း မျက်နှာချင်းဆိုင် ကားက High Beam ထိုးလိုက်တဲ့အခါ ရှေ့ကို ဘာမှမမြင်ရတော့တာက Glare ပါပဲ။

BUG Rating ကို 0 ကနေ 5 အထိ အမှတ်ပေးလေ့ရှိပြီး 0 ဆိုတာ အလင်းညစ်ညမ်းမှု လုံးဝမရှိတဲ့ အကောင်းဆုံး အခြေအနေပါ။ 5 ကတော့ အလင်းညစ်ညမ်းမှု အဆိုးရွားဆုံး အခြေအနေဖြစ်ပါတယ်။

ဒါကြောင့် အဆင့်မြင့် Outdoor မီးလုံးတွေ ဝယ်တဲ့အခါ B0, U0, G0 လို့ ရေးထားရင် ဒါဟာ အကောင်းဆုံး Lighting Products တစ်ခု ဖြစ်တယ်လို့ နားလည်နိုင်ပါတယ်။

ဒါကြောင့် လူကြီးမင်းတို့ရဲ့ အိမ်ခြံဝင်း၊ လမ်းမတွေနဲ့ ပရောဂျက်တွေအတွက် ဆိုရင်တော့ ကျွန်တော်တို့ Lumos Lite မှာ အဆင့်မြင့် Outdoor Lighting Solution မျိုးစုံကို ယုံကြည်စိတ်ချစွာ ရွေးချယ်ဝယ်ယူနိုင်ပါကြောင်း အသိပေးလိုက်ရပါတယ်ခင်ဗျာ...။

​📞 Hotline: 09 400 200 808

​📱 Sales Team: 09 40400 9002, 09 40400 9003, 09 40400 9004, 09 40400 9005

​📍 Lumos Showroom Address: အမှတ် ၄(က)/၁၀(က)၊ မင်းဓမ္မလမ်း၊ (၃)လွှာ၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

​

16/08/2026

❝𝐏𝐮𝐫𝐞 𝐢𝐥𝐥𝐮𝐦𝐢𝐧𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫 𝐲𝐨𝐮𝐫 𝐩𝐫𝐞𝐦𝐢𝐮𝐦 𝐬𝐩𝐚𝐜𝐞𝐬.❞

လူကြီးမင်းရဲ့ အိမ်နဲ့ လုပ်ငန်းခွင် နေရာတိုင်းအတွက် Lighting ကို တိတိကျကျ ပေးစွမ်းနိုင်ပြီး ခေတ်မီတဲ့ အလှတရားကိုပါ ယူဆောင်လာပေးမယ့် LUMOS Lite ရဲ့ PURA 𝐑𝐨𝐮𝐧𝐝 𝐃𝐨𝐰𝐧𝐥𝐢𝐠𝐡𝐭 Series ကို မိတ်ဆက်ပေးပါရစေ။

ဒီ PURA Round Downlight ဟာ အဆင့်မြင့် COB LED နည်းပညာကို အသုံးပြုထားလို့ 12W လေးနဲ့တင် 1200 Lumens အထိ အလင်းအား ကောင်းကောင်းထုတ်ပေးနိုင်ပါတယ်။

Beam Angle 36º ပါဝင်ပြီး Angle စနစ်ဖြစ်လို့ ကိုယ်ပြချင်တဲ့ နေရာ (ဥပမာ - ပန်းချီကား၊ နံရံ အလှဆင်ပစ္စည်း) ဆီကို လုံလုံလောက်လောက် အလင်းပေးနိုင်မှာပဲ ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့အတိုင်း သပ်ရပ်တဲ့ ဖွဲ့စည်းပုံနဲ့အတူ သီးသန့် LED Driver ပါဝင်တာကြောင့် တည်ငြိမ်တဲ့ အလင်းရောင်ကို ရရှိစေမှာပါ။

ကိုယ်ထည်ကို ပေါ့ပါးခိုင်ခံ့တဲ့ Aluminium Die Cast သတ္တုသားနဲ့ ပြုလုပ်ထားပြီး အပူစွန့်ထုတ်မှု အလွန်ကောင်းမွန်တဲ့အပြင်၊ ရေရှည်အသုံးပြုတဲ့အခါမှာလည်း ဆေးရောင်ကျွတ်တာ၊ အရောင်လွင့်တာမျိုး လုံးဝမဖြစ်စေဘဲ အသစ်အတိုင်း အမြဲလှပနေမှာပဲ ဖြစ်ပါတယ်။

ရေစိုမှုနဲ့ ဖုန်မှုန့်တွေကို ကာကွယ်ပေးနိုင်တဲ့ IP 44 Rating ပါဝင်ပြီး Burning Hours နာရီ (၅၀,၀၀၀) အထိ အသုံးခံလို့ ရေရှည်အတွက် လုံးဝ စိတ်ချရတဲ့ Premium Lighting တစ်ခုပဲ ဖြစ်ပါတယ်။

စစ်မှန်တဲ့အရောင်ထွက် 3000K 4000K 6000K ဖြစ်လို့ ရှင်းလင်းပြီး သက်တောင့်သက်သာရှိတဲ့ ရပ်ဝန်းတစ်ခုကို ဖန်တီးပေးနိုင်မှာပါ။

📌 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐒𝐩𝐞𝐜𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬:

Product Name: PURA Round Downlight Series

Material: Body Aluminium Die Cast & Aluminum Reflector

Light Source: COB

Input Voltage: AC85-285V

Power: 12W, 1200 lumen

CCT: 3000K, 4000K, 6000K

Beam Angle: 36º,

IP Rating: IP 44

Available Color : Black / White

Burning Hours: 50,000 Hours

ခေတ်မီ Architectural Interior Design တွေနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် ဒီ Premium Downlight ကို မှာယူချင်တယ်ဆိုရင်တော့ အောက်ပါဖုန်းနံပါတ်တွေကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

​📞 Hotline: 09 400 200 808

​📱 Sales Team: 09 40400 9002, 09 40400 9003, 09 40400 9004, 09 40400 9005

​📍 Lumos Showroom Address: အမှတ် ၄(က)/၁၀(က)၊ မင်းဓမ္မလမ်း၊ (၃)လွှာ၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

သာမန်အားဖြင့် မီးလုံးဝယ်ရင် လင်းရင်ပြီးရောဆိုပြီး ဝယ်တဲ့သူတွေများပါတယ်။ ဒါပေမယ့် Lighting က လူတွေရဲ့ စိတ်ခံစားမှုနဲ့ သက်...
13/08/2026

သာမန်အားဖြင့် မီးလုံးဝယ်ရင် လင်းရင်ပြီးရောဆိုပြီး ဝယ်တဲ့သူတွေများပါတယ်။ ဒါပေမယ့် Lighting က လူတွေရဲ့ စိတ်ခံစားမှုနဲ့ သက်တောင့်သက်သာဖြစ်မှုအပေါ်ကို အကြီးအကျယ် လွှမ်းမိုးနေပါတယ်။ ဒီသဘောတရားကို ဒတ်ချ်လူမျိုး ရူပဗေဒပညာရှင် Arie Andries Kruithof က သုတေသနလုပ်ပြီး ဇယားတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဇယားကို The Kruithof Curve လို့ ခေါ်ပါတယ်။

ဒီသီအိုရီကို အလွယ်ဆုံး ပြောရရင် - " Lighting ရဲ့ လင်းနိုင်အားနဲ့ အရောင် ဖြူသလား၊ ဝါသလား ဆိုတဲ့ အချက်နှစ်ခုကို ဘယ်လို တွဲဖက်လိုက်ရင် လူတွေ သက်တောင့်သက်သာ ဖြစ်သွားလဲ၊ ဘယ်လို တွဲဖက်မိရင် စိတ်အနှောင့်အယှက် ဖြစ်သွားလဲ" ဆိုတာကို ရှင်းပြထားတဲ့ သီအိုရီ ဖြစ်ပါတယ်။

Kruithof Curve အရ ကျွန်တော်တို့ နေ့တိုင်းကြုံတွေ့နေရတဲ့ Lighting အခြေအနေ (၄) မျိုး ရှိပါတယ် -

Warm White ကို မှိန်ပျပျလေးထွန်းထားရင် လူတွေဟာ အလိုလို နွေးထွေးသွားတယ်၊ စိတ်အေးချမ်းသွားတယ်၊ ရိုမန်တစ်ဆန်တယ်လို့ ခံစားရပါတယ်။

ဥပမာ - ဖယောင်းတိုင်မီး ထွန်းထားတဲ့ ညစာစားပွဲ၊ မီးမှိန်မှိန်လေးနဲ့ အလှဆင်ထားတဲ့ ကော်ဖီဆိုင်၊ အိပ်ခန်းထဲ မီးအဝါရောင် မှိန်မှိန်လေးတွေက လူကို Relax ဖြစ်စေတာမျိုးကို ပြောတာပါ။

အဖြူရောင် (ဒါမှမဟုတ်) အပြာရောင်သန်းတဲ့ Cool White / Daylight ကို အလင်းအားကောင်းကောင်း သုံးလိုက်ရင် လူတွေက လန်းဆန်းတယ်၊ တက်ကြွတယ်၊ အလုပ်လုပ်ချင်စိတ် ပေါ်လာတယ်လို့ ခံစားရပါတယ်။

ဥပမာ - နေမွန်းတည့်ချိန်မှာတွေ့ရတတ်တဲ့ သဘာဝ နေရောင်ခြည်၊ မီးအရမ်းလင်းတဲ့ ရုံးခန်းတွေ၊ စာသင်ခန်းတွေ၊ ဆေးရုံတွေမှာ မီးဖြူကို သုံးမှ မျက်စိရှင်းပြီး တတ်ကြွမှု သဘောသဘာဝကိုဖြစ်ပေါ်စေပါတယ်။

အဖြူရောင်တို့ အပြာရောင်တို့ကို ခပ်မှိန်မှိန်ထွန်းထားမယ်ဆိုရင်တော့ အဲဒီလို Lighting မျိုးဟာ လူကို ခြောက်ခြားစေတယ်၊ အေးစက်စက်နိုင်တယ်၊ ဝမ်းနည်းစရာကောင်းတယ်၊ ကြောက်စရာကောင်းတယ် ဆိုတဲ့ ခံစားချက်ကို ပေးပါတယ်။

ဥပမာ - သရဲကားတွေထဲက လူသူမရှိတဲ့ လမ်းကြားတွေ၊ ညဘက် လမ်းမီး မှိန်မှိန်အဖြူတွေအောက် ရောက်နေတဲ့အခါ ခြောက်ခြားစရာကောင်းတဲ့ ခံစားချက်မျိုးကို ပြောတာဖြစ်ပါတယ်။

မီးအားက မျက်စိကျိန်းလောက်အောင် လင်းထိန်နေတယ်။ ဒါပေမယ့် အရောင်က အဝါရဲရဲကြီး ဖြစ်နေပြီဆိုရင်တော့ လူကို ပူလောင်ပြီး အိုက်စပ်စပ်ဖြစ်စေတယ်၊ နေရထိုင်ရ ကသိကအောက် ဖြစ်စေပါတယ်။

ဥပမာ - အရမ်းပူပြင်းတဲ့ နွေရာသီ ရောက်နေသလိုမျိုး၊ ဒါမှမဟုတ် အပူပေးတဲ့ မီးအဝါရောင် အကြီးကြီးတွေအောက် ရောက်နေသလို ခံစားရပြီး သက်တောင့်သက်သာ လုံးဝ မရှိတော့ပါဘူး။

Kruithof Curve က ဒီလို သဘာဝကျကျ အချိုးညီအောင် မသုံးဘဲ၊ အိပ်ခန်းထဲမှာ မီးဖြူမှိန်မှိန်တွေ သုံးမိရင် အေးစက်စက် သရဲကားထဲကလို ဖြစ်သွားတတ်ပြီး၊ စာကြည့်တိုက်မှာ မီးဝါထိန်ထိန်ကြီးတွေ သုံးမိရင် ပူအိုက်ပြီး နေရခက်သွားမယ် ဆိုတာကို ရှင်းပြပေးနိုင်တဲ့ Lighting ခက်ဆစ် တစ်ခုပါပဲ။
ဒါကြောင့် နေရာတစ်ခုကို ဖန်တီးတဲ့အခါ Lighting ကို ကြုံသလို မရွေးချယ်ဘဲ မိမိအလိုရှိတဲ့ စိတ်ခံစားမှုနဲ့ ကိုက်ညီတာမျိုးကို စနစ်တကျ ရွေးချယ်ဖို့ လိုအပ်ပါတယ်။ Lighting ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ ပြဿနာတွေ ကင်းဝေးပြီး နေရာတိုင်းအတွက် အချိုးအစားကျတဲ့ Lighting မျိုးကို ရရှိဖို့ ကျွန်တော်တို့ Lumos Lite က အကောင်းဆုံးသော Lighting Solution များကို ပံ့ပိုးပေးနေပါတယ်။ မှန်ကန်ပြီး သက်တောင့်သက်သာအရှိဆုံး ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ဖို့အတွက် Lumos Lite နဲ့အတူ လက်တွဲလိုက်ပါခင်ဗျာ။

📞 Hotline: 09 400 200 808

📱 Sales Team: 09 40400 9003, 09 40400 9002, 09 40400 905

📍 Lumos Showroom Address: အမှတ် ၄(A)/၁၀(A)၊ မင်းဓမ္မလမ်း၊ (၃)လွှာ၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

WE ARE HIRING Digital Marketing Intern -  1 Post ( Female) 📍 Department: Marketing💼 Employment Type: Full-Time Job Respo...
10/08/2026

WE ARE HIRING
Digital Marketing Intern - 1 Post ( Female)
📍 Department: Marketing
💼 Employment Type: Full-Time

Job Responsibilities

🎥 Social Media Talent – 60%�

TikTok, Facebook Reels နှင့် Social Media Video များတွင် On-Camera Talent အဖြစ် ပါဝင်ရန်�Product, Service နှင့် Educational Content များကို သဘာဝကျကျ၊ ယုံကြည်မှုရှိရှိ တင်ဆက်ရန်�Video Script နှင့် Content Brief များအတိုင်း Shooting တွင် ပါဝင်ရန်�Social Media Trends နှင့် Creative Content Ideas များကို အဖွဲ့နှင့် ပူးပေါင်းဖန်တီးရန်�

📱 Social Media Support – 40%�

Social Media Post များကို Schedule နှင့် Publish ပြုလုပ်ရန်�Comments နှင့် Messages များကို Professional ဖြစ်စွာ Reply ပြုလုပ်ရန်�Content Shooting အတွက် Props၊ Products နှင့် လိုအပ်သော Materials များကို ကူညီပြင်ဆင်ကူညီရန်�Indoor / Outdoor Shooting များတွင် Team ကို Support ပေးရန်�

Requirements
✅ Camera ရှေ့တွင် ယုံကြည်မှုရှိပြီး သဘာဝကျကျ ပြောဆိုတင်ဆက်နိုင်သူ
✅ TikTok, Facebook နှင့် Social Media Trends များကို စိတ်ဝင်စားသူ
✅ Communication Skill ကောင်းပြီး Teamwork ဖြင့် အလုပ်လုပ်နိုင်သူ
✅ Creative ဖြစ်ပြီး Content Ideas များ စဉ်းစားနိုင်သူ
✅ တာဝန်ယူမှုရှိပြီး အချိန်မှန်သူ
✅ Content Shooting များတွင် ပါဝင်ရန် အဆင်ပြေသူ
✅ အဝတ်အစားကို သေသပ်စွာ ဝတ်ဆင်တတ်သူ

Note: Content Creation၊ Graphic Design၊ Video Editing၊ Digital Marketing ပိုင်းဆိုင်ရာ ပညာရပ်များကို လက်တွေ့ သင်ယူနိုင်မယ့် အခွင့်အလမ်း။

📩 Apply Now!
CV များကို ပေးပို့၍ လျှောက်ထားနိုင်ပါသည်။��PH /Viber - 09-753348776
Email - [email protected]�Head Office - မင်းဓမ္မလမ်း ၊ အရှေ့ကြို့ကုန်းရပ်ကွက် ၊ အင်းစိန်မြို့နယ် ( ကျောက်တော်ကြီးမှတ်တိုင် )

သာမန်မျက်စိနဲ့ ကြည့်ရင် Lighting က ငြိမ်နေတယ်လို့ပဲ ထင်ရမှာပါ။ ဒါပေမယ့် အဲ့ Lighting က တစ်စက္ကန့်ကို အကြိမ်ရာနဲ့ချီပြီး ...
06/08/2026

သာမန်မျက်စိနဲ့ ကြည့်ရင် Lighting က ငြိမ်နေတယ်လို့ပဲ ထင်ရမှာပါ။ ဒါပေမယ့် အဲ့ Lighting က တစ်စက္ကန့်ကို အကြိမ်ရာနဲ့ချီပြီး အရမ်းမြန်တဲ့နှုန်းနဲ့ On/Off ဆက်တိုက် ဖြစ်နေတယ်ဆိုရင်ရော❓

ကျွန်တော်တို့ရဲ့ မျက်လုံးက အဲဒီလောက် မြန်ဆန်တဲ့ အပြောင်းအလဲကို မလိုက်နိုင်လို့ အလင်းငြိမ်တယ်လို့ ထင်ယောင်ထင်မှား ဖြစ်တတ်တာပါတယ်။ ဒါကတော့ Invisible Flicker ဆိုတဲ့ ကိုယ်တိုင် မမြင်နိုင်တဲ့ တုန်ခါမှုပါပဲ။

ကျွန်တော်တို့ကသာ မမြင်ရဘူးဆိုပေမဲ့ ဦးနှောက်အာရုံကြောကတော့ အဲဒီ တုန်ခါမှုကို အမြဲတမ်း အာရုံခံမိနေပါတယ်။ ဒါကြောင့် ဒီလိုတုန်ခါနေတဲ့ Lighting အောက်မှာ အချိန်ကြာကြာ နေတဲ့အခါ မျက်စိညောင်းညာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာ၊ Migraine ထတာနဲ့ အာရုံစူးစိုက်မှု ကျဆင်းတာစတဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရစေပါတယ်။

ရိုးရိုး အိမ်သုံးလျှပ်စစ်မီးက လှိုင်းလို အတက်အကျရှိတဲ့ လျှပ်စီးဖြစ်ပြီး၊ LED တွေကတော့ ဖြောင့်တန်းတဲ့ လျှပ်စီးနဲ့မှ အလုပ်လုပ်ပါတယ်။ ဒါကြောင့် တည်ငြိမ်နေတဲ့ လျှပ်စစ်ဖြစ်အောင်လို့ အဆင့်မြင့်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Driver လေးတွေ ခံပေးရတယ်။ အရည်အသွေးညံ့တဲ့ သာမန် Driver တွေက လျှပ်စီးကို အပြည့်အဝ တည်ငြိမ်အောင်မလုပ်ပေးနိုင်ဘဲ လှိုင်းအတက်အကျလေးတွေ ကျန်နေသေးတာကြောင့် Lighting က လိုက်ပြီး တုန်ခါနေရတာပါ။

ဒီလို မမြင်ရတဲ့ မီးတုန်ခါမှုကြောင့် ဖြစ်လာမယ့် ကျန်းမာရေးဆိုးကျိုးတွေကို ကာကွယ်ဖို့ ကမ္ဘာ့အကြီးဆုံး အီလက်ထရောနစ် အင်ဂျင်နီယာများအဖွဲ့ IEEE က စံသတ်မှတ်ချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။

ဒီစံနှုန်းအရ မီးလုံးတစ်လုံးဟာ လူတွေအတွက် အန္တရာယ်ကင်းဖို့ဆိုရင် မီးတုန်ခါတဲ့ အကြိမ်အရေအတွက်နဲ့ ပြင်းအားက သတ်မှတ်ထားတဲ့ ပမာဏ အတွင်းမှာပဲ ရှိရပါမယ်။ ဒါကြောင့် အရည်အသွေးမြင့် Flicker-Free မီးလုံးတွေဟာ မျက်စိကျန်းမာရေးကို အပြည့်အဝ ကာကွယ်ပေးနိုင်ဖို့ ဒီ IEEE 1789 စံနှုန်းကို တိတိကျကျ လိုက်နာပြီးမှ ဈေးကွက်ထဲကို ထုတ်လုပ်ရတာ ဖြစ်ပါတယ်။

ဒါကြောင့် လူကြီးမင်းရဲ့ မိသားစု မျက်စိကျန်းမာရေးကို အပြည့်အဝ ကာကွယ်ပေးနိုင်ဖို့ဆိုရင်တော့ IEEE 1789 စံနှုန်းကို တိတိကျကျ လိုက်နာထားပြီး အဆင့်မြင့် Flicker-Free Driver တွေကိုသာ တပ်ဆင်အသုံးပြုထားတဲ့ Lumos Lite ရဲ့ Lighting Products တွေကို ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်ပါတယ်ခင်ဗျာ။

📞 Hotline: 09 400 200 808

📱 Sales Team: 09 40400 9003, 09 40400 9002, 09 40400 905

📍 Lumos Showroom Address: အမှတ် ၄(A)/၁၀(A)၊ မင်းဓမ္မလမ်း၊ (၃)လွှာ၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

ရန်ကုန်မြို့၊ ၈ မိုင်မှာရှိတဲ့ လူကြီးမင်းတစ်ဦးရဲ့ အိမ်သစ်လေးမှာ ကျွန်တော်တို့ Lumos Lite မှ Lighting အတွက် အစအဆုံး သွားရ...
06/08/2026

ရန်ကုန်မြို့၊ ၈ မိုင်မှာရှိတဲ့ လူကြီးမင်းတစ်ဦးရဲ့ အိမ်သစ်လေးမှာ ကျွန်တော်တို့ Lumos Lite မှ Lighting အတွက် အစအဆုံး သွားရောက် service ပေးခဲ့သော ပုံရိပ်လေးများကို တစ်ပုံချင်း စိတ်တိုင်းကျ ခံစားနိုင်ပါပြီခင်ဗျာ။

လူကြီးမင်းတို့ အနေနဲ့လည်း ကျွန်တော်တို့ Lumos Lite ရဲ့ Lighting Products တွေကို ဝယ်ယူတပ်ဆင်ချင်တယ်ဆိုပါက အောက်ပါဖုန်းနံပါတ်များမှတဆင့် ဆက်သွယ်မေးမြန်း မှာယူနိုင်ပါပြီခင်ဗျာ။

📞 Hotline: 09 400 200 808

📱 Sales Team: 09 40400 9003, 09 40400 9002, 09 40400 905

📍 Lumos Showroom Address: အမှတ် ၄(A)/၁၀(A)၊ မင်းဓမ္မလမ်း၊ (၃)လွှာ၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

Address

No. 4A/10A, Mindama Road, East Gyogone Qtr, Insein Township
Yangon
11011

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30

Telephone

+959400200808

Alerts

Be the first to know and let us send you an email when LUMOS Lite posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LUMOS Lite:

Shortcuts

Share

Category