22/09/2026
ယနေ့ခေတ် Sustainable Landscape Design တွေမှာ
အဆောက်အအုံပတ်ဝန်းကျင် အပူချိန်လျှော့ချဖို့အတွက်
အပင်စိုက်ပျိုးတဲ့ နည်းလမ်းဟာ
ရှေးမြန်မာ့ အိမ်ဝိုင်း အပင်စိုက်ဓလေ့ကနေ ဆင်းသက်လာတာများဖြစ်နိုင်မလား။
ရှေးမြန်မာ့အိမ်ဝိုင်းတွေကိုကြည့်ရင်
အိမ်ဆောက်မယ့် မြေကွက်ပတ်လည်မှာ
တမာပင်၊ သန်းပင်၊ မန်ကျည်းပင်စတဲ့
သစ်ပင်ကြီးတွေကို စနစ်တကျ စိုက်ပျိုးလေ့ရှိကြတယ်။
ဒါဟာ ရိုးရိုး သစ်ပင်စိုက်တာ မဟုတ်ဘဲ
အိမ်တစ်အိမ်ရဲ့ Microclimate (အိမ်ဝိုင်းအတွင်း ရာသီဥတု) ကို
ဗိသုကာ နည်းလမ်းကျကျ ဖန်တီးကြခြင်းပါ။
Windbreak & Shading လို့ဆိုနိုင်တဲ့
လေကာနဲ့ အရိပ်အတွက်
သစ်ပင်ကြီးတွေဆီကနေ လေပူကို တားဆီးပေးနိုင်တဲ့အပြင်
ရွက်အုပ်တွေဆီကနေ အရိပ်အာဝါသကို ရရှိစေနိုင်ပါတယ်။
သစ်ပင်ကြီးတွေဟာ
သဘာဝအတိုင်း ရေခိုးရေငွေ့တွေကို လေထုထဲ ထုတ်ပေးနိုင်တာကြောင့်
အိမ်ဝိုင်းတစ်ခုလုံးရဲ့ အပူချိန်ကို အကောင်းဆုံးလျှော့ချပေးနိုင်ပါတယ်။