16/10/2026
အသံပဲ့တင်တာလား? ဘေးအခန်းဆီ အသံကူးတာလား? 🤔
နှစ်မျိုးလုံးကို “အသံဆူတယ်” လို့ ပြောဖြစ်ပေမယ့် ဖြေရှင်းရမယ့်ပုံစံ မတူပါဘူး။ ကိုယ်ပြောလိုက်တဲ့စကားက အခန်းထဲမှာ ပြန်ထပ်နေသလို ကြားရတယ်။ လူများလာရင် စကားသံတွေ ရောပြီး နားထောင်ရခက်လာတယ်။
ဒါဆို အခန်းအတွင်း အသံ ပဲ့တင်ထပ်မှုကို စဉ်းစားရပါမယ်။ Foam၊ Fabric၊ Polyester Acoustic Panel လို အသံစုပ်ပစ္စည်းတွေကို သင့်တော်တဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။ 🎛️
ဘေးအခန်းက သီချင်းသံကို ကြားနေရတယ်။ ကိုယ့်အခန်းက အသံကြောင့် အပြင်လူတွေ အနှောင့်အယှက်ဖြစ်နေတယ်။ဒါဆို အသံကူးနေတဲ့လမ်းကြောင်းကို စစ်ဆေးရပါမယ်။ နံရံ၊ တံခါး၊ မျက်နှာကျက်နဲ့ အပေါက်အဟတွေကို တွဲကြည့်ပြီး Sound Insulation စနစ် စီစဉ်ဖို့ လိုနိုင်ပါတယ်။ 🚪
အခန်းတစ်ခန်းမှာ ဒီပြဿနာနှစ်မျိုးလုံးလည်း ရှိနိုင်ပါတယ်။ ပစ္စည်းမရွေးခင် ဘယ်အသံကို ဘယ်နေရာမှာ လျှော့ချချင်တာလဲဆိုတာ Pro Sound ကို ပြောပြပါ။ အခန်းအတိုင်းအတာနှင့် လိုအပ်ချက်များကို Chatbox မှာ အခမဲ့ ဆွေးနွေးနိုင်ပါတယ်ရှင်။ 🤝💬
📞 ဆက်သွယ်ရန်: 09 799 855 381
📍 လိပ်စာ: အဆောင် N59-63၊ သီရိရတနာလက်ကားဈေးဝင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။