DECO PLUS

DECO PLUS One-Stop Decoration Service (Residential,Healthcare Center and Corporate office decoration solutions)

04/10/2026

𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 ရဲ့ 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐛𝐢𝐥𝐢𝐭𝐲 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠 ဆိုတာ ဘာလဲ?

𝟑𝐃 𝐝𝐞𝐬𝐢𝐠𝐧 ထဲကအတိုင်း အပြင်မှာပါ 𝟗𝟎% တူဖို့ဆိုရင် 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 ရဲ့ 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐛𝐢𝐥𝐢𝐭𝐲 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠 က အရမ်းကို လိုအပ်ပါတယ်။

𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐛𝐢𝐥𝐢𝐭𝐲 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠 ဆိုတာက 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 တစ်ယောက်အနေနဲ့—

“ဒီ 𝐃𝐞𝐬𝐢𝐠𝐧 က လှမလား?” ဆိုတာတင်မဟုတ်ဘဲ�“ဒီ 𝐃𝐞𝐬𝐢𝐠𝐧 ကို 𝐒𝐢𝐭𝐞 မှာ တကယ်ဘယ်လိုတည်ဆောက်မလဲ?” ဆိုတာကို 𝐃𝐞𝐬𝐢𝐠𝐧 စလုပ်တဲ့အချိန်ကတည်းက ကြိုတင်စဉ်းစားတဲ့ အတွေးအခေါ်ပါ။
တစ်နည်းအားဖြင့် 𝐃𝐞𝐬𝐢𝐠𝐧 𝐈𝐧𝐭𝐞𝐧𝐭 ကို 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐑𝐞𝐚𝐥𝐢𝐭𝐲 နဲ့ ချိတ်ဆက်စဉ်းစားခြင်း ဖြစ်ပါတယ်။

အဓိကအားဖြင့် 𝟔 ချက်
𝟏. 𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥�: ဒီ 𝐃𝐞𝐬𝐢𝐠𝐧 ကို စေျးကွက်ထဲရှိတဲ့ ဘယ် 𝐦𝐚𝐭𝐞𝐫𝐢𝐚𝐥 နဲ့ အကောင်းဆုံးတည်ဆောက်နိုင်မလဲ?
𝟐. 𝐉𝐨𝐢𝐧𝐭 & 𝐃𝐞𝐭𝐚𝐢𝐥�: ဘယ်နေရာမှာ 𝐣𝐨𝐢𝐧𝐭 ဖြစ်မလဲ၊ ဘယ်လို 𝐝𝐞𝐭𝐚𝐢𝐥 နဲ့ ဖြေရှင်းမလဲ?
𝟑. 𝐅𝐚𝐛𝐫𝐢𝐜𝐚𝐭𝐢𝐨𝐧�: 𝐅𝐚𝐜𝐭𝐨𝐫𝐲 / 𝐰𝐨𝐫𝐤𝐬𝐡𝐨𝐩 မှာ တကယ်ဖြတ်၊ တပ်၊ 𝐚𝐬𝐬𝐞𝐦𝐛𝐥𝐞 လုပ်လို့ရမလား?
𝟒. 𝐈𝐧𝐬𝐭𝐚𝐥𝐥𝐚𝐭𝐢𝐨𝐧�: 𝐒𝐢𝐭𝐞 မှာ ဘယ်လို 𝐬𝐞𝐪𝐮𝐞𝐧𝐜𝐞 နဲ့ တပ်ဆင်မလဲ?
𝟓. 𝐂𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐢𝐨𝐧�: 𝐅𝐮𝐫𝐧𝐢𝐭𝐮𝐫𝐞, 𝐜𝐞𝐢𝐥𝐢𝐧𝐠, 𝐥𝐢𝐠𝐡𝐭𝐢𝐧𝐠, 𝐞𝐥𝐞𝐜𝐭𝐫𝐢𝐜𝐚𝐥, 𝐩𝐥𝐮𝐦𝐛𝐢𝐧𝐠, 𝐀𝐂, 𝐄𝐋𝐕 တွေ တစ်ခုနဲ့တစ်ခု မတိုက်မိအောင် 𝐜𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐞 လုပ်ထားလား?
𝟔. 𝐌𝐚𝐢𝐧𝐭𝐞𝐧𝐚𝐧𝐜𝐞�: တပ်ပြီးတဲ့နောက် ပျက်သွားရင် ပြန်ဖွင့်၊ ပြင်၊ အစားထိုးလို့ရမလား?

ဥပမာ_

𝟑𝐃 မှာ 𝐖𝐚𝐥𝐥-𝐭𝐨-𝐖𝐚𝐥𝐥 𝐁𝐮𝐢𝐥𝐭-𝐢𝐧 𝐂𝐚𝐛𝐢𝐧𝐞𝐭 တစ်ခုကို အရမ်း 𝐜𝐥𝐞𝐚𝐧 ဖြစ်အောင် ဆွဲထားတယ်ဆိုပါစို့။
𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 က ဒီလောက်နဲ့ မရပ်ဘဲ—
* 𝐄𝐱𝐢𝐬𝐭𝐢𝐧𝐠 𝐖𝐚𝐥𝐥 က တကယ် 𝐬𝐭𝐫𝐚𝐢𝐠𝐡𝐭 ဖြစ်ရဲ့လား? 𝐖𝐚𝐥𝐥 က မညီရင် 𝐂𝐚𝐛𝐢𝐧𝐞𝐭 𝐃𝐨𝐨𝐫 တွေ တပ်ဆင်တဲ့အခါ ကျင်တွယ်မကျတာတွေဖြစ်တက်ပါတယ်။
* 𝐂𝐚𝐛𝐢𝐧𝐞𝐭 ကို ဘယ်လိုအပိုင်းခွဲပြီး 𝐬𝐢𝐭𝐞 ထဲသယ်မလဲ? ကြိုတင်မစီစဉ်ထားလျှင် သယ်တဲ့အခါမှာ အပျက်အစီဖြစ်တက်သလို 𝐃𝐞𝐬𝐢𝐠𝐧 ပါထိခိုက်စေနိုင်ပါသည်။
* 𝐌𝐃𝐅/𝐩𝐥𝐲𝐰𝐨𝐨𝐝 𝐬𝐡𝐞𝐞𝐭 𝐬𝐢𝐳𝐞 နဲ့ 𝐜𝐮𝐭𝐭𝐢𝐧𝐠 𝐩𝐥𝐚𝐧 ကိုက်ရဲ့လား? မကိုက်ရင် 𝐝𝐞𝐬𝐢𝐠𝐧 ကဆက်ရာတွေများပြီး 𝐒𝐞𝐚𝐦𝐥𝐞𝐬𝐬 မဖြစ်တော့ပါ။
* 𝐃𝐨𝐨𝐫 𝐠𝐚𝐩 ကို ဘယ်လောက်ထားမလဲ? 𝐃𝐨𝐨𝐫 𝐠𝐚𝐩 တွေကြိုတင်သတ်မှတ်ထားမှ 𝐃𝐞𝐭𝐚𝐢𝐥 အလှက ပေါ်လွင်နေမှာပါ။
* 𝐄𝐝𝐠𝐞 ကို ဘယ်လို 𝐟𝐢𝐧𝐢𝐬𝐡 လုပ်မလဲ? 𝐋𝐚𝐦𝐢𝐧𝐚𝐭𝐞 နဲ့ 𝐄𝐝𝐠𝐞 တွေသပ်ရပ်ဖို့ အနီးစပ်တူတဲ့ 𝐓𝐞𝐱𝐭𝐮𝐫𝐞 တွေစျေးကွက်ထဲ ကြိုတင်စုံစမ်းထားဖို့ လိုအပ်ပါတယ်။
* 𝐖𝐚𝐥𝐥 နဲ့ 𝐂𝐚𝐛𝐢𝐧𝐞𝐭 ကြား 𝐭𝐨𝐥𝐞𝐫𝐚𝐧𝐜𝐞 ကို ဘယ်လိုဖြေရှင်းမလဲ?
* 𝐒𝐨𝐜𝐤𝐞𝐭 / 𝐬𝐰𝐢𝐭𝐜𝐡 တွေ 𝐜𝐚𝐛𝐢𝐧𝐞𝐭 နောက်မှာ မပိတ်သွားဘူးလား?
* 𝐋𝐄𝐃 𝐝𝐫𝐢𝐯𝐞𝐫 ကို နောက်ပိုင်း ပြန်ပြင်လို့ရမလား? 𝐃𝐂 𝐋𝐄𝐃 သုံးခြင်းကြောင့် 𝐃𝐫𝐢𝐯𝐞𝐫 ထားမယ့်နေရာကိုလည်း ကြိုတင် 𝐃𝐞𝐬𝐢𝐠𝐧 ချထားရန် လိုအပ်ပါသည်။
* 𝐈𝐧𝐬𝐭𝐚𝐥𝐥𝐚𝐭𝐢𝐨𝐧 ကို ဘယ်အဆင့်မှာ လုပ်မလဲ?
* 𝐒𝐢𝐭𝐞 𝐝𝐢𝐦𝐞𝐧𝐬𝐢𝐨𝐧 ပြောင်းသွားရင် ဘယ်လို 𝐚𝐝𝐣𝐮𝐬𝐭 လုပ်မလဲ?
ဆိုတာတွေကိုပါ စဉ်းစားဖို့လိုပါတယ်။
ဒါဟာ 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐛𝐢𝐥𝐢𝐭𝐲 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠 ပါ။

ဒါကြောင့် အိမ်ကို 𝐃𝐞𝐬𝐢𝐠𝐧 & 𝐁𝐮𝐢𝐥𝐝 လုပ်တဲ့အခါ စနစ်တကျ လိုအပ်ချက်တွေမကျန်အောင် ကြိုတင်စီစဉ်ချင်ရင်တော့ 𝐃𝐄𝐂𝐎𝐏𝐋𝐔𝐒 နဲ့ တိုင်ပင်ဆွေးနွေးလိုက်ပါ။
#𝐃𝐄𝐂𝐎𝐏𝐋𝐔𝐒 #𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫𝐃𝐞𝐬𝐢𝐠𝐧 #𝐀𝐢𝐫𝐜𝐨𝐧𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 #𝐇𝐨𝐦𝐞𝐑𝐞𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧

Site Installation လုပ်တဲ့အခါ Onground မှာ အမြဲခေါင်စားရတဲ့ ပြသနာများထဲက ပြသနာတစ်ခု…Existing Wall တွေက မညီမညာ လှိမ်နေတာတွ...
03/10/2026

Site Installation လုပ်တဲ့အခါ Onground မှာ အမြဲခေါင်စားရတဲ့ ပြသနာများထဲက ပြသနာတစ်
ခု…
Existing Wall တွေက မညီမညာ လှိမ်နေတာတွေ ဖြစ်ပါတယ်…
တချို့ Condo/တိုက်ခန်း များတွင် Wall ချောသားများမညီမညာဖြစ်ခြင်းသည် 5mm ကနေ 10mm ကြားထိ ရှိနေတက်ပါတယ်။ Design အတွက် Survey ဆင်းတဲ့ အခါမှာလဲ အခန်းအကျယ်အဝန်းသာ အဓိကထားတိုင်းတဲ့ အတွက် ချောသား မညီညာတာတွေကို သတိထားမိလေ့မရှိသဖြင့် Design Concept စဉ်းစားတဲ့အခါ အနာအစာတွေကို Design Cover မဖြစ်တော့ပဲ ဆေးအမျိုးအစားရွှေးတဲ့အခါ မှားယွင်းသွားတာတွေဖြစ်နိုင်သလို Accent Wall Panel တွေထည့်ပြီး Design မလုပ်မိတာတွေ ဖြစ်တက်ပါတယ်။ ဥပမာ Matte ဖြစ်တဲ့ဆေးသားသုံးသင့်တဲ့နေရာမှာ Glossy ဖြစ်တဲ့ဟာ ရွှေးမိသွားတာတွေ၊ ဆိုးဆိုးဝါးဝါး နေရာတွေမှာ Accent Wall Panel မထည့်မိတာတွေဖြစ်တက်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ onground installation လုပ်မှ Wall ချောသားမညီညာတာတွေပေါ်လာတက်ပြီး Customer အတွက်ပြောစရာတွေဖြစ်လာတက်ပါတယ်။ ဒီ Error မျိုးကို ပြန်ပြင်တဲ့အခါမှာလည်း Quotation ထဲမပါတဲ့ Scope of work တွေပိုလာတက်ပါတယ်။ Budget Design တွေမှာ Customer စီက Additional ထပ်တောင်းနိုင်သော်လည်း Fully Funished Project တွေမှာတော့ Additional မတောင်းပဲ ပြန်ပြင်ပေးသင့်ပါတယ်လို့ ယူဆမိပါတယ်။ ဒါကြောင့် ကိုယ့်ဘက်ကလည်း အဆုံးရှုံးမရှိအောင် Customer မှာလဲ ကျေနပ်အောင်ဆိုရင်တော့ Survey တိုင်းကတည်းက Wall တွေကိုလည်း Laser Leveling ထောက်သင့်တယ်လို့ အကြံပြုချင်ပါတယ်။

Wall မျက်နှာပြင် မညီမညာဖြစ်နေတဲ့ အခန်းကို Major Civil Repair / Masonry Work (အုတ်အင်္ဂတေ ပြန်မဆွဲဘဲ) ပြန်မပြင်ဘဲ Structural Cover-up နဲ့ Visual Illusion (အမြင်အာရုံ လှည့်စားမှု) နည်းလမ်းတွေ သုံးပြီး ခေတ်မီဆန်းသစ်တဲ့ Interior Design အဖြစ် အောက်ပါအတိုင်း ဖန်တီးနိုင်ပါတယ်။

၁။ အသုံးပြုသင့်သည့် Design & Material အမျိုးအစားများ
မညီမညာဖြစ်နေတဲ့ Surface ကို ဖုံးကွယ်ဖို့ အောက်ပါ Design Concepts နဲ့ Materials များကို သုံးနိုင်ပါတယ် -

(က) Accent Wall & Paneling System (နံရံအကန့်များဖြင့် ဖုံးအုပ်ခြင်း)

နံရံတစ်ခုလုံးကို ပြန်မပြင်ဘဲ Frame သို့မဟုတ် Batten ခံ၍ Wall Cladding လုပ်ခြင်းသည် အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။
- Fluted Wall Panels / WPC Panels: လိုင်းစင်းပါသော Fluted Panels (Wood Plastic Composite) များကို အသုံးပြုခြင်းဖြင့် Vertical / Horizontal Lines များက မညီညာသော Surface ကို သဘာဝကျကျ ဖုံးကွယ်ပေးနိုင်။
- Wood Slat / Timber Batten Accent: သစ်သားချောင်း အတုံးလေးများကို Eco Wood ပုံစံ ရိုက်ပေးခြင်းဖြင့် Shadow Depth ဖြစ်ပေါ်စေပြီး နံရံ အကွေးအခွက် များကို သတိမထားမိစေနိုင်။
- Textured Wallpaper (Heavy-duty Vinyl Wallpaper): Wallpaper ကပ်မည်ဆိုပါက Plain smooth မသုံးပဲ Fabric Texture, Brick Texture, Canvas Pattern ပါသည့် vinyl wallpaper ထူထူများကို ကပ်ပေးပါက Surface အဖုအထစ်များကို လုံးဝဖုံးသွားနိုင်။

(ခ) Industrial / Rustic Rough Texture Design

နံရံ မညီမညာ ဖြစ်နေတာကို အားနည်းချက်အဖြစ် မထားဘဲ Intended Design (တမင်ဖန်တီးထားသော အလှ) အဖြစ် ပြောင်းလဲပစ်သည့် နည်းလမ်းဖြစ်ပါတယ်။
- Loft / Concrete Microcement Finish: Raw Concrete Look သို့မဟုတ် Stucco Plaster အကြမ်းစား ရိုက်ပေးလိုက်ပါက နံရံ၏ မညီမညာ အတိမ်အနက်များသည် Loft Style အလှအပအဖြစ် သဘာဝကျကျ ပြောင်းလဲသွားနိုင်။

၂။ အသုံးပြုသင့်သည့် Color & Paint Finish အမျိုးအစားများ

ဆေးရွေးချယ်မှုသည် အလင်းပြန်မှုနှင့် Shadow Effect ကို ထိန်းချုပ်ရန်အတွက် အရေးကြီးဆုံးဖြစ်ပါတယ်။

(က) Paint Finish (ဆေးအချောသတ်)

- Flat Matt သို့မဟုတ် Ultra-Matt Paint သာသုံးပါ: Gloss (သို့) Semi-Gloss ဆေးများကို လုံးဝ (လုံးဝ) ရှောင်ရပါမည်။ Gloss ဆေးသည် အလင်းပြန်သဖြင့် မညီမညာဖြစ်မှုတိုင်းကို ပိုမိုထင်ရှားစေသည်။ Matt Paint က အလင်းကို စုတ်ယူ/ဖြန့်ကျက် (Absorb/Diffuse) ပေးသည့်အတွက် မညီမညာ အဖုအထစ်များကို ပျောက်ကွယ်စေနိုင်။

(ခ) Color Selection (အရောင် ရွေးချယ်မှု)

- Dark & Muted Tones (အရောင်ရင့်များ): Charcoal Gray, Deep Navy, Olive Green, Dark Chocolate, Dark Emerald စသည့် အရောင်ရင့်များ သုံးပေးပါက Light Absorption များပြီး Shadow Effect ကို နည်းပါးစေသဖြင့် Surface Defects များကို ကြည့်၍ မသိနိုင်။
- Monochromatic Palette (တစ်ရောင်တည်း အနုအရင့် သုံးခြင်း): နံရံ၊ Skirting Board နဲ့ Door Frame များကို အရောင်တူ တသတ်မတ်တည်း (Monochrome) သုတ်ပေးခြင်းဖြင့် နံရံ အနက်/အထုများကို အမြင်အာရုံ ချောမွေ့သွားစေနိုင်။

၃။ အလင်းအသုံးပြုပုံ (Lighting Strategy)

မညီမညာဖြစ်နေသော နံရံများအတွက် Lighting သည် ပိုဆိုးစေနိုင်သလို လှသွားအောင်လည်း ကူညီပေးနိုင်ပါတယ်။

- Avoid Wall Grazing / Wall Washers: နံရံနား ကပ်ပြီး အပေါ်မှ အောက်သို့ တိုက်ရိုက်ထွန်းသော Spotlight / Strip Light များကို ရှောင်ပါ။ ယင်းအလင်းများသည် နံရံအဖုအထစ်တိုင်းတွင် အရိပ် (Shadow) များ ပေါ်စေနိုင်။
- Use Central Diffused Ambient Light: အခန်းအလယ်ခေါင်မှ အလင်းပျံ့ ပေးသော (Diffused) Pendant Light / Ceiling Light များကို သုံးပါ။
- Low Angle / Warm Accent Lighting: နံရံကို တိုက်ရိုက် မရိုက်ဘဲ အခန်းတွင်း ပရိဘောဂများ ပေါ်သို့သာ အလင်းကျရောက်စေမည့် Floor Lamp သို့မဟုတ် Table Lamp များကို နေရာချပေးပါ။

အဲကွန်းတပ်ပြီးမှ ပိုက်လိုင်းနဲ့ 𝐃𝐫𝐚𝐢𝐧 ကို ပြန်ပြင်နေရသလား?အဲကွန်းကို အခန်းပြီးမှ တပ်ဆင်ဖို့ စီစဉ်ထားရင် 𝐈𝐧𝐝𝐨𝐨𝐫 𝐔𝐧𝐢𝐭, 𝐎𝐮𝐭...
02/10/2026

အဲကွန်းတပ်ပြီးမှ ပိုက်လိုင်းနဲ့ 𝐃𝐫𝐚𝐢𝐧 ကို ပြန်ပြင်နေရသလား?

အဲကွန်းကို အခန်းပြီးမှ တပ်ဆင်ဖို့ စီစဉ်ထားရင် 𝐈𝐧𝐝𝐨𝐨𝐫 𝐔𝐧𝐢𝐭, 𝐎𝐮𝐭𝐝𝐨𝐨𝐫 𝐔𝐧𝐢𝐭 နေရာနဲ့ ပိုက်လိုင်းတွေကို နောက်မှပြင်ဆင်ရနိုင်ပါတယ်။ တချို့အခြေအနေတွေမှာ နံရံဖောက်ရခြင်း၊ ပိုက်လိုင်းကို 𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧အလှတွေ အပေါ်ကသွယ်ရခြင်း၊ ရေထွက်မကောင်းလို့ 𝐃𝐫𝐚𝐢𝐧 လမ်းကြောင်း ပြန်စီစဉ်ရခြင်းတွေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် အိမ်ဆောက်တဲ့အခါ၊ ပြင်ဆင်တဲ့အခါ ဒါမှမဟုတ် 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐋𝐚𝐲𝐨𝐮𝐭 ချကတည်းက 𝐀𝐢𝐫𝐜𝐨𝐧 တပ်မယ့်နေရာကို ကြိုတင်စဉ်းစားထားဖို့လိုအပ်ပါတယ်။

အဓိက စဉ်းစားသင့်တာတွေက—

* 𝐈𝐧𝐝𝐨𝐨𝐫 𝐔𝐧𝐢𝐭 နေရာ — လေထွက်ပေါက်ကို ပရိဘောဂ၊ ကုတင်၊ ဆိုဖာတွေနဲ့ မပိတ်မိစေဖို့

* 𝐎𝐮𝐭𝐝𝐨𝐨𝐫 𝐔𝐧𝐢𝐭 နေရာ — လေဝင်၊လေထွက်ကောင်းပြီး စစ်ဆေးပြုပြင်ထိန်းသိမ်းရန် လွယ်ကူစေဖို့
* ပိုက်လိုင်းလမ်းကြောင်း — သပ်ရပ်စွာသွယ်နိုင်ပြီး နောက်ပိုင်း စစ်ဆေးထိန်းသိမ်းရန် လွယ်ကူဖို့
* 𝐃𝐫𝐚𝐢𝐧 ရေထွက်လမ်းကြောင်း — ရေကို သင့်တော်တဲ့နေရာသို့ ထုတ်နိုင်ပြီး ရေယို၊ ရေတင်ကျန်မှု မဖြစ်အောင် စီစဉ်ဖို့
အခန်းအရွယ်အစား၊ နေရောင်ဝင်ပုံ၊ လက်ရှိနံရံနဲ့ အဆောက်အအုံအခြေအနေအလိုက် တပ်ဆင်နိုင်တဲ့နေရာနဲ့ လိုအပ်ချက်တွေ မတူနိုင်ပါဘူး။ ဒါကြောင့် တပ်ဆင်မယ့်ပုံစံကို 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐫/𝐒𝐢𝐭𝐞 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫 နဲ့ စစ်ဆေးအတည်ပြုတာ အကောင်းဆုံးပါပဲ။

အဲကွန်းအတွက် နေရာကို အစကတည်းက စဉ်းစားထားခြင်းက အိမ်ရဲ့ 𝐃𝐞𝐬𝐢𝐠𝐧 ကို သပ်ရပ်စေပြီး နောက်ပိုင်းပြန်ပြင်ရနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
ဒါကြောင့် အိမ်ကို 𝐃𝐞𝐬𝐢𝐠𝐧 & 𝐁𝐮𝐢𝐥𝐝 လုပ်တဲ့အခါ စနစ်တကျ လိုအပ်ချက်တွေမကျန်အောင် ကြိုတင်စီစဉ်ချင်ရင်တော့ 𝐃𝐄𝐂𝐎𝐏𝐋𝐔𝐒 နဲ့ တိုင်ပင်ဆွေးနွေးလိုက်ပါ။
#𝐃𝐄𝐂𝐎𝐏𝐋𝐔𝐒 #𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫𝐃𝐞𝐬𝐢𝐠𝐧 #𝐀𝐢𝐫𝐜𝐨𝐧𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 #𝐇𝐨𝐦𝐞𝐑𝐞𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧

𝐌𝐚𝐬𝐭𝐞𝐫 𝐁𝐞𝐝𝐫𝐨𝐨𝐦 တစ်ခု ဖန်တီးတော့မယ်ဆိုရင် ဘာတွေကို အဓိက သတိထားရမလဲ? 🛌✨𝐌𝐚𝐬𝐭𝐞𝐫 𝐁𝐞𝐝𝐫𝐨𝐨𝐦 ပြုလုပ်တဲ့အခါ အိမ်ရှင် (𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫) တေ...
01/10/2026

𝐌𝐚𝐬𝐭𝐞𝐫 𝐁𝐞𝐝𝐫𝐨𝐨𝐦 တစ်ခု ဖန်တီးတော့မယ်ဆိုရင် ဘာတွေကို အဓိက သတိထားရမလဲ? 🛌✨

𝐌𝐚𝐬𝐭𝐞𝐫 𝐁𝐞𝐝𝐫𝐨𝐨𝐦 ပြုလုပ်တဲ့အခါ အိမ်ရှင် (𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫) တော်တော်များများက သီးသန့် အိမ်သာနဲ့ ရေချိုးခန်း (𝐀𝐭𝐭𝐚𝐜𝐡𝐞𝐝 𝐁𝐚𝐭𝐡𝐫𝐨𝐨𝐦) ထည့်သွင်းချင်ကြတာ သဘာဝပါပဲ။
ဒါပေမဲ့ ဒီလို ထည့်သွင်းတဲ့အခါ အခန်းရဲ့ 𝐋𝐚𝐲𝐨𝐮𝐭 အနေအထားနဲ့ အိမ်ရဲ့ 𝐌𝐚𝐢𝐧 𝐒𝐨𝐢𝐥 𝐏𝐢𝐩𝐞 𝐒𝐭𝐚𝐜𝐤 (စွန့်ပစ်ရေဆိုးပိုက်လိုင်း) ဘယ်လောက် အလှမ်းဝေးသလဲဆိုတဲ့ အချက်က အလွန်အရေးကြီးပါတယ်။
ဆောက်လုပ်ရေးနဲ့ ဒီဇိုင်းပိုင်းမှာ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 လိုချင်တာကိုပဲ ချက်ချင်း လိုက်လုပ်ပေးမိရင် နောက်ပိုင်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ကြုံရနိုင်ပါတယ်။ 𝐌𝐚𝐢𝐧 𝐒𝐭𝐚𝐜𝐤 𝐏𝐢𝐩𝐞 နဲ့ 𝐌𝐚𝐬𝐭𝐞𝐫 𝐁𝐚𝐭𝐡𝐫𝐨𝐨𝐦 အလှမ်းဝေးနေရင် အောက်ပါအချက်တွေကို ထည့်သွင်းစဉ်းစား အကြံပြုပေးဖို့ လိုအပ်ပါတယ် -
𝟏. 𝐅𝐥𝐨𝐨𝐫 𝐓𝐨𝐩𝐩𝐢𝐧𝐠 ထုနဲ့ 𝐂𝐞𝐢𝐥𝐢𝐧𝐠 𝐇𝐞𝐢𝐠𝐡𝐭:
ရေဆိုးပိုက်လိုင်း စီးဆင်းမှုမှန်စေဖို့ 𝐏𝐢𝐩𝐞 𝐒𝐥𝐨𝐩𝐞 (ပိုက်စောင်းအနိမ့်အမြင့်) ပေးရပါတယ်။ အကွာအဝေး ဝေးလေလေ 𝐒𝐥𝐨𝐩𝐞 လိုအပ်ချက်ကြောင့် ကြမ်းခင်း (𝐅𝐥𝐨𝐨𝐫 𝐓𝐨𝐩𝐩𝐢𝐧𝐠) ထု မြှင့်ပေးရလေလေပါပဲ။ အဲဒီအခါ အခန်းရဲ့ အမိုးအမြင့် (𝐂𝐞𝐢𝐥𝐢𝐧𝐠 𝐇𝐞𝐢𝐠𝐡𝐭) နှိမ့်သွားပြီး အခန်းကျဉ်းကျပ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။

𝟐. ပိုက်လိုင်း အကွေးအကောက် များခြင်း:
𝐌𝐚𝐢𝐧 𝐏𝐢𝐩𝐞 နဲ့ ဝေးရင် ပိုက်လိုင်းဆက်ကြောင်း (𝐄𝐥𝐛𝐨𝐰𝐬/𝐁𝐞𝐧𝐝𝐬) တွေ များလာနိုင်ပါတယ်။ ပိုက်အကွေးအကောက် များလေလေ နောက်ပိုင်းမှာ အိမ်သာ ရေပိုက်လိုင်း ပိတ်ဆို့တာ (𝐁𝐥𝐨𝐜𝐤𝐚𝐠𝐞) တွေ ကြုံတွေ့ရလွယ်လေလေ ဖြစ်ပါတယ်။

💡 အကြံပြုချက်:
𝐌𝐚𝐬𝐭𝐞𝐫 𝐑𝐨𝐨𝐦 ဖွဲ့တော့မယ်ဆိုရင် 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေကို 𝐒𝐚𝐧𝐢𝐭𝐚𝐫𝐲 𝐏𝐢𝐩𝐞 𝐋𝐢𝐧𝐞 ရဲ့ သဘောတရားနဲ့ ဖြစ်နိုင်ခြေတွေကို သေချာ ရှင်းပြပေးရပါမယ်။ 𝐋𝐚𝐲𝐨𝐮𝐭 ချကတည်းက 𝐏𝐥𝐮𝐦𝐛𝐢𝐧𝐠 𝐒𝐲𝐬𝐭𝐞𝐦 နဲ့ ကိုက်ညီပြီး 𝐄𝐫𝐫𝐨𝐫 အနည်းဆုံးဖြစ်မယ့် 𝐋𝐚𝐲𝐨𝐮𝐭 𝐝𝐞𝐬𝐢𝐠𝐧 ကို ဦးစားပေး အကြံပြုရေးဆွဲပေးတာကမှ နောင်တစ်ချိန်မှာ ပြုပြင်ထိန်းသိမ်းရလွယ်ကူပြီး ရင်းနှီးမြှုပ်နှံရတာ တန်ဖိုးရှိစေမှာ ဖြစ်ပါတယ်။

𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 က အခန်းကို လင်းစေရုံတင်မကဘဲ အခန်းရဲ့ အငွေ့အသက်နဲ့ အသုံးပြုပုံ ကိုပါ သက်ရောက်စေပါတယ်။ ဒါကြောင့် မီးတစ်မျိုးတည်းက...
30/09/2026

𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 က အခန်းကို လင်းစေရုံတင်မကဘဲ အခန်းရဲ့ အငွေ့အသက်နဲ့ အသုံးပြုပုံ ကိုပါ သက်ရောက်စေပါတယ်။ ဒါကြောင့် မီးတစ်မျိုးတည်းကို နေရာတိုင်းမှာ သုံးတာထက်၊ ဘယ်လိုအသုံးပြုမလဲဆိုတာအလိုက် စီစဉ်ဖို့ အရေးကြီးပါတယ်။

👉အနားယူဖို့
နွေးထွေးပြီး မျက်စိမစူးတဲ့ အလင်းရောင်ကို ရွေးပါ။ မီးအားကို လျှော့ချနိုင်တဲ့ 𝐃𝐢𝐦𝐦𝐞𝐫 သို့မဟုတ် အလင်းကို ပျော့ပျောင်းစေတဲ့ မီးအုပ်အဖုံးတွေက အခန်းကို သက်သောင့်သက်သာ ပိုဖြစ်စေပါတယ်။

👉စာဖတ်ဖို့၊ အလုပ်လုပ်ဖို့
စာအုပ်၊ စားပွဲနဲ့ အလုပ်လုပ်မယ့်နေရာကို တိတိကျကျ လင်းပေးနိုင်တဲ့ 𝐓𝐚𝐬𝐤 𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 ထည့်ပါ။ အလင်းမလုံလောက်တာ၊ မျက်စိထဲ တိုက်ရိုက်ထိုးတာမျိုး မဖြစ်အောင်လည်း သတိထားပါ။

👉ဧည့်ခံဖို့၊ မိသားစုနဲ့ စုဝေးဖို့
အခန်းတစ်ခုလုံးကို မျှတစွာလင်းစေတဲ့ အလင်းရောင်နဲ့ စားပွဲ၊ အလှဆင်ပစ္စည်း၊ နံရံအသေးစိတ်တွေကို ပေါ်လွင်စေမယ့် အလင်းရောင်ကို တွဲဖက်အသုံးပြုနိုင်ပါတယ်။

✅အခန်းတစ်ခန်းမှာ မီးအလင်းရောင်တစ်မျိုးတည်းကိုပဲ အားမကိုးဘဲ အခန်းတစ်ခုလုံးလင်းစေတဲ့ မီး၊ သီးသန့်လုပ်ငန်းအတွက် မီး၊ အလှအပနဲ့ အငွေ့အသက်အတွက် မီး ဆိုပြီး အလွှာလိုက် စီစဉ်တာက ပိုအသုံးဝင်ပါတယ်။
အလှအပတင်မက၊ အခန်းရဲ့အသုံးပြုပုံနဲ့လည်း ကိုက်ညီတဲ့ 𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 ဖြစ်ဖို့—𝐃𝐄𝐂𝐎𝐏𝐋𝐔𝐒 နဲ့ တိုင်ပင်လိုက်ပါ။
#𝐃𝐄𝐂𝐎𝐏𝐋𝐔𝐒 #𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫𝐃𝐞𝐬𝐢𝐠𝐧 #𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠𝐃𝐞𝐬𝐢𝐠𝐧

အိမ်တစ်အိမ်စီမှာ နေထိုင်ပုံ၊ အသုံးပြုပုံနဲ့ လိုအပ်ချက်တွေ မတူကြပါဘူး။ ဒါကြောင့် 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐃𝐞𝐬𝐢𝐠𝐧 ကလည်း ပုံစံတူတစ်ခုကို အိ...
29/09/2026

အိမ်တစ်အိမ်စီမှာ နေထိုင်ပုံ၊ အသုံးပြုပုံနဲ့ လိုအပ်ချက်တွေ မတူကြပါဘူး။ ဒါကြောင့် 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐃𝐞𝐬𝐢𝐠𝐧 ကလည်း ပုံစံတူတစ်ခုကို အိမ်တိုင်းမှာ အသုံးချတာမျိုး မဖြစ်သင့်ပါဘူး။

𝐃𝐄𝐂𝐎𝐏𝐋𝐔𝐒 မှာ သင့်ရဲ့ 𝐋𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞, 𝐒𝐩𝐚𝐜𝐞 အသုံးပြုပုံနဲ့ 𝐁𝐮𝐝𝐠𝐞𝐭 ကို နားထောင်ပြီး သင့်
အိမ်နဲ့ တကယ်ကိုက်ညီမယ့် 𝐃𝐞𝐬𝐢𝐠𝐧 ကို စီစဉ်တည်ဆောက်ပေးပါတယ်။

𝐁𝐮𝐝𝐠𝐞𝐭 ပိုသုံးတာက ပစ္စည်းဈေးကြီးတာတွေပဲ ရဖို့မဟုတ်ပါဘူး။ သင့်အတွက် အသုံးဝင်မယ့် 𝐒𝐩𝐚𝐜𝐞 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠, 𝐒𝐭𝐨𝐫𝐚𝐠𝐞, 𝐅𝐮𝐫𝐧𝐢𝐭𝐮𝐫𝐞 နဲ့ 𝐋𝐢𝐠𝐡𝐭𝐢𝐧𝐠 တွေကို ပိုပြီးသေချာစဉ်းစားဖန်တီးပေးဖို့ပါ။

သင့်အိမ်က သင့်ဘဝပုံစံနဲ့ လိုက်ဖက်နေဖို့—
𝐃𝐞𝐬𝐢𝐠𝐧 နဲ့ 𝐁𝐮𝐝𝐠𝐞𝐭 ကို 𝐃𝐄𝐂𝐎𝐏𝐋𝐔𝐒 နဲ့ အတူတိုင်ပင်ဆွေးနွေးလိုက်ပါ။
#𝐃𝐄𝐂𝐎𝐏𝐋𝐔𝐒 #𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫𝐃𝐞𝐬𝐢𝐠𝐧 #𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥𝐢𝐳𝐞𝐝𝐃𝐞𝐬𝐢𝐠𝐧 #𝐒𝐩𝐚𝐜𝐞𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠

"𝗕𝘂𝗱𝗴𝗲𝘁 ပိုသုံးထားတာတောင်…တခြားအိမ် 𝗗𝗲𝘀𝗶𝗴𝗻 ကြီးနဲ့ တူနေတုန်းပဲလား"𝗖𝘂𝘀𝘁𝗼𝗺𝗲𝗿 တစ်ယောက်က 𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 အတွက် 𝗕𝘂𝗱𝗴𝗲𝘁 ပိုသုံးလာတဲ့အ...
29/09/2026

"𝗕𝘂𝗱𝗴𝗲𝘁 ပိုသုံးထားတာတောင်…တခြားအိမ် 𝗗𝗲𝘀𝗶𝗴𝗻 ကြီးနဲ့ တူနေတုန်းပဲလား"

𝗖𝘂𝘀𝘁𝗼𝗺𝗲𝗿 တစ်ယောက်က 𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 အတွက် 𝗕𝘂𝗱𝗴𝗲𝘁 ပိုသုံးလာတဲ့အခါ သူမျှော်လင့်တာက 𝗠𝗮𝘁𝗲𝗿𝗶𝗮𝗹 ပိုကောင်းတာတစ်ခုတည်း မဟုတ်ပါဘူး။

“ကျွန်တော့်အိမ်အတွက် ပိုပြီးစဉ်းစားပေးထားတယ်” ဆိုတဲ့ 𝗣𝗿𝗶𝘃𝗶𝗹𝗲𝗴𝗲 ဖြစ်တဲ့ 𝗙𝗲𝗲𝗹𝗶𝗻𝗴 ကိုပါ ရချင်တာပါ။
ဒါပေမယ့် တခြားအိမ်နဲ့ 𝗗𝗲𝘀𝗶𝗴𝗻 𝗖𝗼𝗻𝗰𝗲𝗽𝘁 တူတူ၊ 𝗟𝗮𝘆𝗼𝘂𝘁 တူတူ၊ 𝗙𝘂𝗿𝗻𝗶𝘁𝘂𝗿𝗲 𝗦𝘁𝘆𝗹𝗲 တူတူ ဖြစ်ပြီး 𝗠𝗮𝘁𝗲𝗿𝗶𝗮𝗹 ပဲ 𝗨𝗽𝗴𝗿𝗮𝗱𝗲 လုပ်ထားမယ်ဆိုရင်—
“ငါပိုက်ဆံပိုသုံးလိုက်တာ ဘာအတွက်လဲ?”
ဆိုတဲ့ မေးခွန်းက 𝗖𝘂𝘀𝘁𝗼𝗺𝗲𝗿 စိတ်ထဲမှာ ပေါ်လာနိုင်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ 𝗗𝗘𝗖𝗢𝗣𝗟𝗨𝗦 က 𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻 လုပ်ပေးတဲ့အခါ 𝗕𝘂𝗱𝗴𝗲𝘁 ကို 𝗠𝗮𝘁𝗲𝗿𝗶𝗮𝗹 𝗨𝗽𝗴𝗿𝗮𝗱𝗲 တစ်ခုတည်းအတွက် မကြည့်ပဲ 𝗕𝘂𝗱𝗴𝗲𝘁 ပိုများလာလေလေ 𝗖𝘂𝘀𝘁𝗼𝗺𝗲𝗿 ရဲ့ 𝗟𝗶𝗳𝗲𝘀𝘁𝘆𝗹𝗲, 𝗦𝗽𝗮𝗰𝗲 𝗣𝗹𝗮𝗻𝗻𝗶𝗻𝗴, 𝗖𝘂𝘀𝘁𝗼𝗺 𝗙𝘂𝗿𝗻𝗶𝘁𝘂𝗿𝗲, 𝗟𝗶𝗴𝗵𝘁𝗶𝗻𝗴, 𝗦𝘁𝗼𝗿𝗮𝗴𝗲 နဲ့ 𝗗𝗲𝘁𝗮𝗶𝗹𝘀 တွေကို ပိုပြီး 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹𝗶𝘇𝗲 ဖြစ်ဖို့အလေးအနက်ထားစဉ်စားပေးရပါတယ်။ ဒါမှသာလျှင် 𝗖𝘂𝘀𝘁𝗼𝗺𝗲𝗿 က ပေးရတဲ့ 𝗕𝘂𝗱𝗴𝗲𝘁 နှင့် ရရှိမယ့် 𝗘𝘅𝗽𝗲𝗿𝗶𝗲𝗻𝗰𝗲 က တစ်ထပ်တည်းကျနေမှာ ဖြစ်ပါတယ်။
“𝗠𝗼𝗿𝗲 𝗯𝘂𝗱𝗴𝗲𝘁 𝘀𝗵𝗼𝘂𝗹𝗱 𝗰𝗿𝗲𝗮𝘁𝗲 𝗺𝗼𝗿𝗲 𝘃𝗮𝗹𝘂𝗲, 𝗻𝗼𝘁 𝘀𝗶𝗺𝗽𝗹𝘆 𝗺𝗼𝗿𝗲 𝗲𝘅𝗽𝗲𝗻𝘀𝗶𝘃𝗲 𝗺𝗮𝘁𝗲𝗿𝗶𝗮𝗹𝘀.”

သင့်အိမ်အတွက် သင့်တော်တဲ့ Design နဲ့ Budget ကို ဆွေးနွေးချင်ရင် DECOPLUS ကို ဆက်သွယ်လိုက်ပါ။

Small Living Room တွေမှာ နေရာကန့်သတ်ထားတဲ့အတွက် Function အားလုံးကို တစ်ပြိုင်နက်တည်း ထည့်ဖို့တော့ မလွယ်ပါဘူး။ဒါကြောင့် S...
28/09/2026

Small Living Room တွေမှာ နေရာကန့်သတ်ထားတဲ့အတွက် Function အားလုံးကို တစ်ပြိုင်နက်တည်း ထည့်ဖို့တော့ မလွယ်ပါဘူး။
ဒါကြောင့် Space Planning လုပ်တဲ့အခါ ဒီ အချက် 4 ချက် ကို အရင်ဆုံးဖြေရှင်းဖို့လိုပါတယ်။

၁။ ဘယ်မှာ အများဆုံးထိုင်ကြမလဲ?TV ကြည့်တာများလား?မိသားစုနဲ့ စကားပြောတာများလား?ဧည့်သည်လာတာများလား?

၂။ Main Focal Point က ဘာလဲ?TV Wall လား?Window View လား?Feature Wall လား?

၃။ Walking Path က ရှင်းလင်းရဲ့လား?အခန်းထဲဝင်တာ၊ ထွက်တာ၊ Sofa ကနေထတာ၊ထိုင်တာတွေမှာ Furniture တွေကို ရွှေ့ပေးနေရသလား?

၄။ နေ့စဉ်သုံးပစ္စည်းတွေကို ဘယ်မှာ သိမ်းမလဲ?Remote, Charger, Books, Toys, Electronics စတဲ့ ပစ္စည်းသေးသေးလေးတွေကို သိမ်းဖို့ ဘယ်နေရာမှာစီစဉ်မလဲ?မရှိရင် အခန်းက ပိုရှုပ်ထွေးနေသလို ဖြစ်နေပါလိမ့်မယ်။

ဒါကြောင့် Sofa ရွေးတဲ့အခါ Width တစ်ခုတည်းမကြည့်ဘဲ Depth ကိုပါ ကြည့်ဖို့လိုပါမယ်။ Sofa အရမ်းနက်နေရင် Coffee Table အတွက်နေရာ၊ Walking Path အတွက်နေရာတွေကို လျော့သွားစေနိုင်ပါတယ်။

Coffee Table ဆိုရင်လည်း အခန်းကျဉ်းတဲ့နေရာမှာ Round / Oval Shape တွေက ထောင့်ချွန်မရှိတဲ့အတွက် သွားလာရတာ ပိုအဆင်ပြေနိုင်ပါတယ်။

TV Wall မှာလည်း Storage ကို စနစ်တကျ စဉ်းစားဖို့လိုပါတယ်။ Open Shelf အများကြီးထည့်တာထက် Closed Storage သုံးပေးရင် နေ့စဉ်သုံးပစ္စည်းတွေကို ဖုံးကွယ်ထားနိုင်ပြီး ဧည့်ခန်းက ပိုပြီးသပ်သပ်ရပ်ရပ်ဖြစ်နိုင်ပါတယ်။

ဒါကြောင့်...Small Living Room Design ဆိုတာ Furniture နည်းနည်းထည့်ရုံ မဟုတ်ပါဘူး။ ရှိတဲ့နေရာကိုထိုင်လို့အဆင်ပြေ၊ ကြည့်လို့အဆင်ပြေ၊ လျှောက်လို့အဆင်ပြေပြီး သိမ်းစရာရှိတာ သိမ်းလို့ရအောင်စီစဉ်ပေးထားဖို့ လိုပါတယ်။

𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 တွေက အိမ်တစ်လုံးကို ဒီဇိုင်းမဆွဲခင် ပထမဆုံး စလုပ်တဲ့အရာ တစ်ခုရှိပါတယ်။အဲ့ဒါကတော့ 𝐅𝐮𝐫𝐧𝐢𝐭𝐮𝐫...
05/09/2026

𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 တွေက အိမ်တစ်လုံးကို ဒီဇိုင်းမဆွဲခင် ပထမဆုံး စလုပ်တဲ့အရာ တစ်ခုရှိပါတယ်။

အဲ့ဒါကတော့ 𝐅𝐮𝐫𝐧𝐢𝐭𝐮𝐫𝐞 တွေ၊ ဆေးရောင်တွေ မရွေးခင် 𝐂𝐥𝐢𝐞𝐧𝐭 ရဲ့ 𝐋𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞 ကို အရင် 𝐃𝐞𝐬𝐢𝐠𝐧 လုပ်တဲ့ 𝐏𝐫𝐨𝐜𝐞𝐝𝐮𝐫𝐞 ၆ ဆင့်ပဲ ဖြစ်ပါတယ်။

𝐒𝐭𝐞𝐩 𝟏: 𝐃𝐢𝐬𝐜𝐨𝐯𝐞𝐫𝐲 𝐒𝐞𝐬𝐬𝐢𝐨𝐧
ပထမဆုံး 𝐂𝐥𝐢𝐞𝐧𝐭 နဲ့ ၁ နာရီ၊ ၂ နာရီလောက် ထိုင်ပြီး သေချာ စကားပြောကြပါတယ်။ အိမ်မှာ ဘယ်နှစ်ယောက်နေလဲ၊ 𝐖𝐨𝐫𝐤 𝐅𝐫𝐨𝐦 𝐇𝐨𝐦𝐞 ရှိလား၊ ကလေးနဲ့ အိမ်မွေးတိရစ္ဆာန် ရှိလား၊ 𝐖𝐞𝐞𝐤𝐞𝐧𝐝 တွေမှာ ဘာလုပ်လေ့ရှိလဲဆိုတဲ့ နေ့စဉ်ဘဝ သွားလာလှုပ်ရှားမှု 𝐃𝐚𝐭𝐚 တွေကို အရင်ယူပါတယ်။

𝐒𝐭𝐞𝐩 𝟐: 𝐋𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬
ရလာတဲ့ 𝐃𝐚𝐭𝐚 ပေါ်မူတည်ပြီး 𝐋𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞 ကို ခွဲခြားပါတယ်။ 𝐂𝐥𝐢𝐞𝐧𝐭 က ဧည့်သည်လာတာ ကြိုက်တဲ့ 𝐒𝐨𝐜𝐢𝐚𝐥 𝐏𝐞𝐫𝐬𝐨𝐧 ဆိုရင် 𝐋𝐢𝐯𝐢𝐧𝐠 𝐑𝐨𝐨𝐦 နဲ့ 𝐃𝐢𝐧𝐢𝐧𝐠 𝐀𝐫𝐞𝐚 ကို ပိုအဓိကထားပေးပြီး၊ အေးအေးဆေးဆေး နေချင်တဲ့ 𝐏𝐫𝐢𝐯𝐚𝐭𝐞 𝐏𝐞𝐫𝐬𝐨𝐧 ဆိုရင်တော့ 𝐁𝐞𝐝𝐫𝐨𝐨𝐦 ကို ပို 𝐋𝐮𝐱𝐮𝐫𝐲 ဖြစ်အောင်နဲ့ 𝐐𝐮𝐢𝐞𝐭 𝐂𝐨𝐫𝐧𝐞𝐫 လေးတွေ ထည့်ပေးတာမျိုးပါ။

𝐒𝐭𝐞𝐩 𝟑: 𝐌𝐨𝐨𝐝 & 𝐄𝐦𝐨𝐭𝐢𝐨𝐧 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬
ဒီဇိုင်းက လှဖို့တင်မကပဲ ခံစားချက်ပါ ပေးနိုင်ရပါမယ်။ "အလုပ်ကပြန်လာရင် စိတ်အေးချင်တယ်" ဆိုတဲ့ 𝐂𝐥𝐢𝐞𝐧𝐭 အတွက် 𝐖𝐚𝐫𝐦 𝐋𝐢𝐠𝐡𝐭၊ 𝐄𝐚𝐫𝐭𝐡 𝐓𝐨𝐧𝐞 နဲ့ 𝐖𝐨𝐨𝐝 𝐓𝐞𝐱𝐭𝐮𝐫𝐞 လို ခံစားချက်ကို ငြိမ်းအေးစေတဲ့ 𝐓𝐨𝐧𝐞 တွေကို သုံးပေးပါတယ်။

𝐒𝐭𝐞𝐩 𝟒: 𝐒𝐩𝐚𝐜𝐞 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 & 𝐂𝐢𝐫𝐜𝐮𝐥𝐚𝐭𝐢𝐨𝐧
𝐅𝐮𝐫𝐧𝐢𝐭𝐮𝐫𝐞 တွေဘယ်နားထားမလဲဆိုတာထက် လူတွေ ဘယ်လို သွားလာလှုပ်ရှားမလဲဆိုတဲ့ 𝐂𝐢𝐫𝐜𝐮𝐥𝐚𝐭𝐢𝐨𝐧 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 ကို စဉ်းစားပါတယ်။ မီးဖိုချောင်ကနေ ထမင်းစားပွဲ သွားရတာ လွယ်ရဲ့လား၊ ဧည့်သည်ဝင်လာရင် ဘယ်လို 𝐅𝐥𝐨𝐰 ဖြစ်မလဲဆိုတာကို တွက်ချက်တာပါ။

𝐒𝐭𝐞𝐩 𝟓: 𝐃𝐞𝐬𝐢𝐠𝐧 𝐂𝐨𝐧𝐜𝐞𝐩𝐭 𝐂𝐫𝐞𝐚𝐭𝐢𝐨𝐧
𝐃𝐚𝐭𝐚 တွေအားလုံး ရပြီဆိုမှ 𝐉𝐚𝐩𝐚𝐧𝐝𝐢၊ 𝐔𝐫𝐛𝐚𝐧 𝐂𝐚𝐥𝐦 ဒါမှမဟုတ် 𝐐𝐮𝐢𝐞𝐭 𝐋𝐮𝐱𝐮𝐫𝐲 ဆိုပြီး စနစ်ကျတဲ့ 𝐃𝐞𝐬𝐢𝐠𝐧 𝐂𝐨𝐧𝐜𝐞𝐩𝐭 တစ်ခုကို ပုံဖော်ပါတယ်။

𝐒𝐭𝐞𝐩 𝟔: 𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥 & 𝐅𝐮𝐫𝐧𝐢𝐭𝐮𝐫𝐞 𝐒𝐞𝐥𝐞𝐜𝐭𝐢𝐨𝐧
နောက်ဆုံးမှ 𝐂𝐨𝐧𝐜𝐞𝐩𝐭/𝐁𝐮𝐝𝐠𝐞𝐭 နဲ့ ကိုက်ညီမယ့် 𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥 တွေ၊ 𝐜𝐮𝐬𝐭𝐨𝐦𝐢𝐳𝐞𝐝 𝐟𝐮𝐫𝐧𝐢𝐭𝐮𝐫𝐞 တွေကို စဒီဇိုင်းထုတ်ပါတယ်။ 𝐅𝐮𝐫𝐧𝐢𝐭𝐮𝐫𝐞 နဲ့ 𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥 ဆိုတာ 𝐃𝐞𝐬𝐢𝐠𝐧 𝐂𝐨𝐧𝐜𝐞𝐩𝐭 ကို ပံ့ပိုးပေးတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

လှပတဲ့ အိမ်တစ်လုံးဆိုတာ 𝐅𝐮𝐫𝐧𝐢𝐭𝐮𝐫𝐞 ကောင်းကောင်းတွေ စုထားရုံနဲ့ မရပါဘူး။ နေထိုင်သူရဲ့ 𝐋𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞 နဲ့ ထပ်တူကျတဲ့ 𝐒𝐩𝐚𝐜𝐞 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 ရှိမှသာ တကယ့် 𝐑𝐞𝐚𝐥 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐃𝐞𝐬𝐢𝐠𝐧 ဖြစ်လာတာပါ။

အိမ် ဆိုတဲ့ ကမ္ဘာငယ်လေးကို အနုပညာလက်ရာတစ်ခုလို အသက်သွင်းလိုက်ပါ။          မနက်ခင်း နေရောင်ခြည်နုနုလေး ဖြာကျနေတဲ့ ဧည့်ခန်...
05/08/2026

အိမ် ဆိုတဲ့ ကမ္ဘာငယ်လေးကို အနုပညာလက်ရာတစ်ခုလို အသက်သွင်းလိုက်ပါ။
မနက်ခင်း နေရောင်ခြည်နုနုလေး ဖြာကျနေတဲ့ ဧည့်ခန်း ကော်ဖီပူပူလေးတစ်ခွက်နဲ့ စာအုပ်တစ်အုပ်ဖတ်ရင်း အေးချမ်းမှုကို အပြည့်အဝခံစားရတဲ့ ထောင့်လေးတစ်နေရာ ဒါတွေဟာ စိတ်ကူးယဉ်သက်သက်မဟုတ်ဘဲ သင့်ရဲ့ နေ့စဉ်ဘဝမှာ အမှန်တကယ် ပိုင်ဆိုင်နိုင်တဲ့ အခိုက်အတန့်လေးတွေပါ။
ကျွန်တော်တို့အတွက်တော့ အိမ်ဆိုတာ အုတ်နံရံတွေ၊ ပရိဘောဂတွေနဲ့ တည်ဆောက်ထားရုံသက်သက် မဟုတ်ပါဘူး။ သင့်ရဲ့ စရိုက်လက္ခဏာ၊ နေထိုင်မှုပုံစံနဲ့ အမှတ်တရတွေ ကိန်းအောင်းနေတဲ့ အနွေးထွေးဆုံး နေရာလေးဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာလေးကို အလှပဆုံးဖြစ်အောင် ပုံဖော်ဖို့ဆိုတာ အနုပညာတစ်ရပ်ပါ။
DECO PLUS မှ သင့်ရဲ့ စိတ်ကူးထဲက ပုံရိပ်တွေကို အနုပညာဆန်ဆန် အကောင်အထည်ဖော်ပေးဖို့ အသင့်ရှိနေပါတယ်။
Minimalist ဆန်ဆန် ရိုးရိုးရှင်းရှင်းနဲ့ အေးချမ်းမှုကို လိုချင်တာလား? Classic ဆန်ဆန် ခမ်းနားထည်ဝါမှုကို နှစ်သက်တာလား? သင်ဖြစ်ချင်တဲ့ ပုံစံလေးကိုသာ ကျွန်တော်တို့ကို ပြောပြပေးပါ။
သင့်ရဲ့ နေ့စဉ်ဘဝ အမောတွေကို ဖြေဖျောက်ပေးမယ့် အိမ်လေးတစ်လုံးအဖြစ် ဖန်တီးဖို့ဆိုရင် အခုပဲ DECO PLUS ရဲ့ Chatbox ကနေတစ်ဆင့် လာရောက်ဆွေးနွေးတိုင်ပင်လိုက်ပါ။
Contact Us
Phone - 09 43135462
Address - No.71, Room 6B, Upper Pazundaung Road, Pazundaung Tsp., Yangon.

Address

No. 71 , Room 6B , Upper Pazundaung Road , Pazundaung Tsp
Yangon
11171

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959755851108

Website

Alerts

Be the first to know and let us send you an email when DECO PLUS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DECO PLUS:

Shortcuts

Share

Category