Aspect Management Security - Myanmar Co.,LTD

Aspect Management Security - Myanmar Co.,LTD Our Services
* Security Items Provided
* Security Personnel
* Aspect Security Training
* Patrol

Aspect Management Security (Myanmar) Co., Ltd. မှ ဂါရ၀တရားဖြင့် လှိုက်လှဲစွာနှုတ်ခွန်းဆက်သအပ်ပါသည်။

ကျွန်ုပ်တို့ Aspect Management Security (Myanmar) Co., Ltd. သည် လူကြီးမင်းတို့၏ အသက်၊အိုးအိမ်၊စည်းစိမ်များ ဆုံးရှုံးမှု့ အန္တရာယ် လျော့ပါးစေရန်အတွက် ကျွန်ုပ်တို့၏ အရည်အချင်းပြည့်မီသော လုံခြုံရေးဝန်ထမ်းများမှ ကာကွယ်စောင့်ရှောက်ပေးနှိုင်ရန် မိတ်ဆက်တင်ပြရခြင်း ဖြစ်ပါသည်။

ဤမိတ်ဆက်စာတွင် Aspect Management Security (Myanmar) Co., Ltd. ၏ ဖြစ်ပေါ်လာပုံသမိုင်း ၀န်ဆောင်မှု့ပေးမည့် အစီအစဉ်များ၊နိုင်ငံတကာအဆင့်မီ လုံခြုံရေးပညာ သင်တန်းအကြောင်းနှင့် လက်ရှိဆောင်ရွက်ပေးလျှက်ရှိသော အခြေအနေများအား အကျဉ်းအားဖြင့် တင်ပြလိုပါသည်။
ကုမ္ပဏီနောက်ခံသမိုင်း

Aspect Management Security (Myanmar) Co.,Ltd မှ ၀ါရင့်လုံခြုံရေးပညာရှင်များသည် ကမ္ဘာ့အဆင့်မီ လုံခြုံရေးကုမ္ပဏီတစ်ခု ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် Aspect Management Security (Myanmar) Co., Ltd အား မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်မှ စတင်ဖွဲ့စည်းထူထောင်ခဲ့ပါသည်။

၎င်းသင်ရိုးညွှန်းတမ်းတွင်ပါဝင်သော အခြေခံလုံခြုံရေးပညာများ၊ ဥပဒေပညာများ၊ ရှေးဦးသူနာပြုစုနည်းများ၊ အခြေခံမီးသတ်ပညာများ၊ ယဉ်စည်းကမ်း လမ်းစည်းကမ်းဥပဒေများ၊ ကိုယ်ခံပညာများ၊ CCTV ကင်မရာနှင့်အခြားလုံခြုံရေးဆိုင်ရာ ကိရိယာကိုင်တွယ်အသုံးပြုနည်းများ၊ သတ္ထု ရှာဖွေနည်းများ၊ လူမှု့ဆက်ဆံရေးနည်းလမ်းများ စသည့်ပညာရပ်များကို ပြည့်စုံစွာ သင်ကြားတတ်မြောက်ပြီးသော ၀န်ထမ်းများအား မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီရုံးခန်းများ၊ စက်ရုံ အလုပ်ရုံများ၊ သံရုံးများ၊ လူနေအိမ်များ၊ ဆေးရုံ ဆေးခန်းများ၊ ဟိုတယ်များနှင့် အခြားအရေးကြီး အဆောက်အဦးများ၊ ကုန်စည်ပြပွဲများ၊ အစည်းအဝေးပွဲများ၊ ပါတီပွဲများတွင် လုံခြုံမှု့အပြည့်အ၀ပေးနှိုင်ရန် ခန့်အပ်တာဝန်ပေးနှိုင်ခဲ့ပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီသည် လုံခြုံရေးဝန်ဆောင်မှု့လုပ်ငန်းအပြင် BODY GUARD လုပ်ငန်းကိုလည်း ပူးတွဲလုပ်ကိုင်လျှက်ရှိပါသည်။ V.I.P ပုဂ္ဂိုလ်များ၊ နိုင်ငံခြားသားခရီးသည်များ၊ အရေးကြီးစာရွက်စာတန်းနှင့် အရေးကြီးပစ္စည်းများသယ်ယူလာသည့်လမ်းကြောင်းများ စသည့်ဝန်ဆောင်မှု့လုပ်ငန်းများကိုလည်း ကျွန်ုပ်တို့၏အထူးလေ့ကျင့်သင်ကြားပေးထားသော BODY GUARD များမှ စောင့်ရှောက်တာဝန်ယူပေးလျှက်ရှိပါသည်။

ယခုအခါ ကျွန်ုပ်တို့ကုမ္ပဏီ၏ သက်တမ်းသည်ငါးနှစ်ကျော်ခဲ့သည့် အားလျှော်စွာ ကမ္ဘာ့ အဆင့်မီ ပညာရပ်များအပြင် မြန်မာနိုင်ငံနှင့်ကိုက်ညီသော အဓိကလိုအပ်ချက်များ လက်တွေ့လုပ်ကိုင်ရာတွင် တွေ့ကြုံရင်ဆိုင်ရသော အခက်အခဲများအပေါ် ပိုမိုကျွမ်းဝင်နားလည်လာခဲ့သဖြင့် စည်းကမ်းပြည့်ဝပြီး အရည်အချင်းပြည့်မီသည့် ၀န်ထမ်းများမွေးထုတ်နှိုင်ခဲ့ပြီး ပိုမိုခိုင်မာတောင်တင်းလာသော ယုံကြည်စိတ်ချရသည့် ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နှိုင်ခဲ့ပါသည်။

ကျွန်ုပ်တို့ ကုမ္ပဏီသည် “မနက်ဖြန်အတွက် ဆုံးရှုံးမှုအန္တရာယ်လျော့ပါးစေဖို့ Apsect နှင့် ဆွေးနွေးစို့” ဆောင်ပုဒ်ကို လက်ကိုင်ထားသည့်အားလျော်စွာ လူကြီးမင်းတို့ အနာဂါတ်တွင် သာယာချမ်းမြေ့သော လုံခြုံစိတ်ချရသည့် ဘ၀တစ်ခုကို ဖန်တီးတည်ဆောက်နိုင်စေရန်အတွက် အပြည့်အ၀တာဝန်ယူလျက်ရှိပါသည်။ လူကြီးမင်းတို့၏ဘ၀လုံခြုံမှု၊ စိတ်ကျေနပ်မှုများသည် Aspect ၏ အောင်မြင်မှုပင်ဖြစ်ကြောင်း နှလုံးသွင်း၍ အပြည့်အ၀ကာကွယ်စောင့်ရှောက်ပေးရန် အသင့်စောင့်မျှော်လျက်ရှိပါသည်။

လူကြီးမင်းအနေဖြင့် Apsect ၏ ကာကွယ်စောင့်ရှောက်ပေးမှုများအပေါ် စိတ်ဝင်စားမှုရှိပါက ကျွန်ုပ်တို့၏ ၀ါရင့်လုံခြုံရေး အသိပညာ အတတ်ပညာရှင်များမှ လာရောက်ဆွေးနွေးပေးမည့်အပြင် Ph-01-541758 သို့လည်း (၂၄)နာရီ ဆက်သွယ်စုံစမ်းနိုင်သည်။

၎င်းအပြင် ကျွန်ုပ်တို့၏ Admin Assistant ဒေါ်မေသူလှိုင် Ph-01-541758 သို့ဖြစ်စေ၊ Email – [email protected], [email protected] သို့ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
“မနက်ဖြန်အတွက် ဆုံးရှုံးမှုအန္တရာယ်လျော့ပါးစေဖို့ Apsect နှင့် ဆွေးနွေးစို့”

Address

No. 39(A), Pho Sein Road, Bahan Township
Yangon
11

Alerts

Be the first to know and let us send you an email when Aspect Management Security - Myanmar Co.,LTD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aspect Management Security - Myanmar Co.,LTD:

Shortcuts

Share