KMMG Glass&Aluminium Myanmar

KMMG Glass&Aluminium Myanmar kmmgglass

24/10/2026
24/10/2026

လူတစ်ချို့
မင်းကို စွန့်ပစ်သွားတယ်ဆိုတိုင်း
မင်းက တန်ဖိုးမရှိလို့ မဟုတ်ဘူး...။

လူတစ်ချို့
မင်းနားမှာ မပျော်တော့ဘူးဆိုတိုင်း
မင်းက အသုံးမဝင်တော့လို့ မဟုတ်ဘူး...။

လူတစ်ချို့
မင်းကို အရေးမလုပ်တော့ဘူးဆိုတိုင်း
မင်းက လူရာမဝင်တော့လို့ မဟုတ်ဘူး...။

တကယ်တော့
မင်းမေတ္တာ မင်းစေတနာ မင်းရဲ့ပေးဆပ်မှု
မင်းရဲ့အလေးထားမှုနဲ့ မတန်တဲ့သူတွေရှိသလို
အရမ်းချစ်တဲ့ဒဏ်ကို မခံနိုင်တဲ့သူတွေလည်း ရှိတယ်...။

လွယ်လွယ်နဲ့ရရင်
လူတော်တော်များများက တန်ဖိုးမထားချင်ကြဘူး
ဒါကိုမင်းသိရင်နောက်တစ်ခါ
ဘယ်အရာကိုမှ အလကားမပေးနဲ့...။

စွန့်ပစ်ခံရတယ်ဆိုတိုင်း
တန်ဖိုးမရှိတဲ့အမှိုက်မဟုတ်ဘူးဆိုတာ နားလည်
တစ်ဖက်က တန်ဖိုးကို မသိတာလည်း ဖြစ်နိုင်တယ်...။

တစ်ခါတလေမှာ
ကိုယ်နဲ့ မထိုက်တန်တဲ့သူတွေ
ကိုယ့်ကို အမြဲနာကျင်စေတဲ့
သူတွေကိုလောကကြီးက
သူ့နည်း သူ့ဟန်နဲ့
ရှင်းထုတ်ပေးသွားတာလဲ ရှိတယ်...။

ပြေးလိုက်ရတာ ပင်ပန်းသလို
ဆွဲထားရတာလည်း ပင်ပန်းတာပါပဲ...။

အဲတော့ မနေချင်တဲ့
သူတွေကို သွားခွင့်ပြုလိုက်
နေချင်သူတွေကိုတော့
သူ့သဘောအတိုင်း ရှိပါစေ...။

သူတို့ ဆုံးရှုံးသွားကြတာက
ဂရုစိုက် ပေးဆပ်ပြီး
ချစ်တတ်တဲ့သူကို
မင်း ဆုံးရှုံးရတာက
အမြဲ စိတ်ဆင်းရဲအောင်
လုပ်တဲ့သူတွေကို...။

ကဲ...ဘယ်သူနာလဲ?
မင်း မနာပါဘူး
အမှိုက်တွေရှင်းသွားတော့
မရှုပ်တော့ဘူးပေါ့။

တစ်ယောက်ထဲနေလည်း ဖြစ်တယ်
နှစ်ယောက်ရှိမှ ဘဝမဟုတ်ပါဘူး
လူတွေများလေ အပူတွေများလေပဲ။

ကိုယ့်မိသားစုနဲ့
ကိုယ့်အပေါ်
တကယ်ကောင်းတဲ့သူတွေကိုပဲ
တန်ဖိုးထား မြတ်နိုးပြီး ချစ်လိုက်ပါ။

ကျန်တဲ့ အပေါ်ယံတွေအတွက်
အလေးအနက်ထားပြီး ခံစားမနေနဲ့။

နောက်ထပ် မမိုက်ချင်ပါနဲ့
မင်းက သင်ခန်းစာတွေရဖို့ စာလေးတစ်ပုဒ်ပဲ ဖတ်ရတာ
ငါ့မှာက ဘဝနဲ့ရော
မျက်ရည်တွေနဲ့ပါရင်းခဲ့ရတာ
မင်းဖတ်ရတာ တန်ပါတယ်...။


#လူငယ်များအတွက်
#ဘဝစာပေ
#ဗဟုသုတစာပေ


Project-Okkalapa Project10mm Tempered  Curved Glass 80%ပြီးစီး Frame & Install
06/10/2026

Project-Okkalapa Project
10mm Tempered Curved Glass 80%ပြီးစီး
Frame & Install

Project -Aurora 9 Auto ServiceCanopy Composite & Glass တပ်ဆင်ရေး ကို Kmmg မှတာဝန်ယူတပ်ဆင် ပေးထားပါတယ်ခင်ဗျာ  3mm thk.whi...
30/09/2026

Project -Aurora 9 Auto Service

Canopy Composite & Glass တပ်ဆင်ရေး ကို Kmmg မှတာဝန်ယူတပ်ဆင် ပေးထားပါတယ်ခင်ဗျာ

3mm thk.white color

Ph 09 450052172.

Project-Shower Room Glass Partition 💠10mm clear glass & Accessoryတပ်ဆင်ပြီးစီး ✅
31/07/2026

Project-Shower Room Glass Partition

💠10mm clear glass & Accessory

တပ်ဆင်ပြီးစီး ✅

ရုံးခန်းတွေမှာ ဘာကြောင့် Glass Partition Wall တွေတပ်ဆင်သင့်တာလဲ❓Glass Partition Wall တွေဟာ ခေတ်ဆန်တဲ့ အသွင်ကို ပေးစွမ်းန...
24/07/2026

ရုံးခန်းတွေမှာ ဘာကြောင့် Glass Partition Wall တွေတပ်ဆင်သင့်တာလဲ❓

Glass Partition Wall တွေဟာ ခေတ်ဆန်တဲ့ အသွင်ကို ပေးစွမ်းနိုင်တာကြောင့် ကုမ္ပဏီ၊ရုံးခန်းတွေအတွက် အသင့်တော်ဆုံးပဲဖြစ်ပါတယ်။

✅ပုံမှန် အခန်းကန့်ဖို့အတွက် သပ်သပ်ရပ်ရပ်ဖြစ်စေမယ့် Clear Glass တွေကို ‎ရွေးချယ်နိုင်သလို

✅Meeting Room တွေအတွက်ဆိုရင်တော့ အပြင်ကနေ ဖောက်ထွင်းမမြင်နိုင်အောင် Clear Glass ကို Privacy Flim ကပ်ပြီး တပ်ဆင်နိုင်ပါတယ်။

✅တံခါးတွေမှာဆိုရင် ပိုမိုခိုင်ခံ့အောင် Tempered သွင်းပြီး အသုံးပြုနိုင်ပါတယ်။

ဘယ်လိုမှန်အမျိုးအစားပဲဖြစ်ဖြစ် ကုမ္ပဏီ၊ရုံးခန်းတွေမှာ တပ်ဆင်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ KMMG ကိုသာ ဆက်သွယ်လိုက်ပါ။

တပ်ဆင်မယ့်နေရာအထိ လာရောက် survey တိုင်းတာပေးပြီး ဒီဇိုင်းဖြတ်ပေးခြင်းမှအစ အပြီးသပ်ဆင်ပေးခြင်းအထိ KMMG မှ တာဝန်ယူဆောင်ရွက်ပေးနေပါပြီခင်ဗျာ။

💬 𝗗𝗲𝘁𝗮𝗶𝗹𝘀 : 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿

📞 𝗖𝗼𝗻𝘁𝗮𝗰𝘁 :09 976661356,

📧 𝗘𝗺𝗮𝗶𝗹 : 𝗸𝗺𝗺𝗴𝗴𝗹𝗮𝘀𝘀𝗺𝘆𝗮𝗻𝗺𝗮𝗿@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺




&Windows


Project-Mingaladon Project Glass Handrail 100% 💠10mm clear tempered glassSteel 304 Bio wood 🪵 Ph; 09 976661356 Email; km...
24/07/2026

Project-Mingaladon Project

Glass Handrail 100%

💠10mm clear tempered glass
Steel 304
Bio wood 🪵

Ph; 09 976661356
Email; [email protected]

🙏ကဆုန်လပြည့် ဗုဒ္ဓနေ့🙏✨✨✨ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။🍀ဘုရားအလောင်းတော် သုမေဓာရှင်ရသေ...
30/04/2026

🙏ကဆုန်လပြည့် ဗုဒ္ဓနေ့🙏✨✨✨

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

🍀ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည်

ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့်

ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရား

ထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။

🍀မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်

ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား

ဖွားမြင်တော်မူခဲ့သည်။

🍀မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့

အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည်

သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။

🍀မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်

မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံ

ဝင်တော်မူခဲ့သည်။

✨ဤသို့ ထူးခြားချက် (၄) ရပ်နှင့် ပြည့်စုံသဖြင့်

ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား

ဘုရားနေ့ (ဗုဒ္ဓနေ့)ဟု သတ်မှတ်ခဲ့ကြသည်။

✨ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေ

ဉာဏ်တော်ကိုရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍

တရားအားထုတ်တော်မူခဲ့သည်။

✨ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား

ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို

ပြုလုပ်ကြသည်။

✨ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင်

ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို

လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။

✨ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင်

ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲ

ဖြစ်သည်။

နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ

ပြုလုပ်လျက်ရှိကြသည်။

#ကဆုန်လပြည့် #ဗုဒ္ဓနေ့

အလူမီနီယံ ပြတင်းပေါက်တွေကို ဈေးအသက်သာဆုံး တပ်ဆင်ချင်သူတိုင်းအတွက် KMMG မှာ Eco-Series Aluminum Window တွေ ရှိနေပါပြီ‼️✅E...
29/03/2026

အလူမီနီယံ ပြတင်းပေါက်တွေကို ဈေးအသက်သာဆုံး တပ်ဆင်ချင်သူတိုင်းအတွက် KMMG မှာ Eco-Series Aluminum Window တွေ ရှိနေပါပြီ‼️

✅Eco-Series Aluminum Window တွေ ဟာဆိုရင် ဘက်ဂျက်အသက်သာဆုံးဖြစ်ပြီး အသုံးပြုမယ့် Glass အမျိုးအစားအပေါ်မူတည်၍ 1 sq-ft ကို အပြီးအစီး ကျပ်(၂)သောင်းခွဲ မှ ကျပ်(၄)သောင်း ကြားပဲ ကျသင့်မှာဆိုတော့ ဈေးနှုန်းတန်တန်၊ Service ကောင်းကောင်းထဲက လိုချင်တဲ့ Customer တို့အတွက် သိပ်ကိုအဆင်ပြေတာပေါ့ဗျာ။

ကျွန်တော်တို့အနေနဲ့ ဒီ Eco-Series ‌Aluminum Window တွေသာမက တခြား Aluminum & Glass နဲ့ ပတ်သက်တဲ့ Service တွေကိုလည်းရနိုင်ပါတယ်

💬 𝗗𝗲𝘁𝗮𝗶𝗹𝘀 : 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿

📧 𝗘𝗺𝗮𝗶𝗹 : 𝗸𝗺𝗺𝗴𝗴𝗹𝗮𝘀𝘀𝗺𝘆𝗮𝗻𝗺𝗮𝗿@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺




&Windows


  Sunshades work Moe Kaung Project ✅10mm Grey Color Tempered Glass✅5” x 3” Hollow Frame &Painting Kmmg မှ တာဝန်ယူတပ်ဆင်ပ...
28/03/2026

Sunshades work

Moe Kaung Project

✅10mm Grey Color Tempered Glass
✅5” x 3” Hollow Frame &Painting

Kmmg မှ တာဝန်ယူတပ်ဆင်ပေးထားပါတယ်ခင်ဗျာ

Address

No. (187), Sein Chal Road, Northokklarpa Township
Yangon
0111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

09966662563

Website

Alerts

Be the first to know and let us send you an email when KMMG Glass&Aluminium Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KMMG Glass&Aluminium Myanmar:

Shortcuts

Share

Nearby home improvement businesses