31/08/2026
🏡 ရွှေချမ်းသာကွန်ဒိုမှ Client စိတ်တိုင်းကျ ဖန်တီးပေးဖြစ်ခဲ့တဲ့အခန်း
==========================================================
ကြက်ဘဲဈေးအနီး ရွှေချမ်းသာကွန်ဒို မှာ လူကြီးမင်းတို့ရဲ့ လိုအပ်ချက်နဲ့ စိတ်ကြိုက်ဒီဇိုင်းအတိုင်း Colour Decoration မှ သေသပ်လှပပြီး နေထိုင်ရတာ အဆင်ပြေစေမယ့် အခန်းလေးတစ်ခန်းကို ဖန်တီးပေးခဲ့ပါတယ်။ ❤️
ဒီ Project မှာတော့ အလှအပသာမက အသုံးဝင်မှုပါ ပြည့်စုံစေဖို့ Furniture Design တွေကို နေရာအကျယ်အဝန်းနဲ့ လိုက်ဖက်အောင် စနစ်တကျ ဖန်တီးပေးထားပါတယ်။
ဆောင်ရွက်ပေးထားတဲ့ လုပ်ငန်းများက
✅ ဆေးသုတ်ခြင်းနှင့် မီးလိုင်းသွယ်တန်းခြင်း
အခန်းရဲ့ အတွင်းပိုင်းအလှနဲ့ လိုက်ဖက်အောင် ဆေးသုတ်ခြင်းနှင့် မီးလိုင်းလုပ်ငန်းများကို သေသပ်စွာ ဆောင်ရွက်ပေးထားပါတယ်။
✅ Block Board ဖြင့် Furniture ပြင်ဆင်ခြင်း
အရည်အသွေးကောင်းမွန်တဲ့ Block Board များကို အသုံးပြုပြီး အခန်းနဲ့ လိုက်ဖက်တဲ့ Furniture Design တွေကို ဖန်တီးပေးထားပါတယ်။
✅ Client စိတ်ကြိုက် မှန်တင်ခုံ
အသုံးပြုရလွယ်ကူပြီး အခန်းရဲ့ Design နဲ့ လိုက်ဖက်အောင် Client စိတ်တိုင်းကျ မှန်တင်ခုံလေးကို ထည့်သွင်းဖန်တီးပေးထားပါတယ်။
✅ ပြတင်းပေါက်ဘေး အနားယူခုံ
ဘီဒိုနှစ်ခုကြားရှိ ပြတင်းပေါက်နေရာကို အလဟဿမဖြစ်စေဘဲ အေးအေးဆေးဆေး ထိုင်ပြီး အနားယူနိုင်တဲ့ ခုံလေး အဖြစ် ဖန်တီးပေးထားပါတယ်။
💡 Retro ဆန်တဲ့ မီးအလှဆင်မှု
အခန်းရဲ့ Overall Mood နဲ့ လိုက်ဖက်စေဖို့ Retro ဆန်ဆန် မီးအလှများကို ထည့်သွင်းအသုံးပြုပေးထားပါတယ်။
👗 အဝတ်အစားထည့် ဘီဒို
အဝတ်အစားများကို စနစ်တကျ သိမ်းဆည်းနိုင်ဖို့ သီးသန့်ဘီဒို ထည့်သွင်းပေးထားပါတယ်။
ဖန်စီနှင့် အလှပစ္စည်းများ သိမ်းဆည်းရန် ဘီဒို
အလှပစ္စည်းများကို လှပစွာ ပြသနိုင်သလို စနစ်တကျ သိမ်းဆည်းနိုင်အောင် သီးသန့် Storage Cabinet ဖန်တီးပေးထားပါတယ်။
📺 TV Stand
အခန်းရဲ့ Furniture တွေနဲ့ လိုက်ဖက်အောင် TV Stand ကိုလည်း Design တစ်ခုတည်းအဖြစ် ပေါင်းစပ်ဖန်တီးပေးထားပါတယ်။
💚 Colour Decoration ရဲ့ အားသာချက်
နေရာတစ်ခုကို ပြင်ဆင်တဲ့အခါ လှပရုံတင်မကဘဲ အသုံးဝင်မှု၊ နေရာအသုံးချမှုနဲ့ Client စိတ်ကြိုက်ဖြစ်မှုကိုပါ ပေါင်းစပ်ဖန်တီးပေးပါတယ်။
လူကြီးမင်းတို့ရဲ့ အခန်းလေးကိုလည်း ကိုယ်ပိုင်စတိုင်နဲ့ သပ်ရပ်လှပပြီး အသုံးဝင်တဲ့ Interior Space အဖြစ် ဖန်တီးချင်တယ်ဆိုရင် Colour Decoration ကို ယုံကြည်စွာ အပ်နှံနိုင်ပါတယ်။ 🏠
📞 09 420779799 | 09 975634935
Colour Decoration
Interior Design & Renovation Service