Mom’s Kitchen

Mom’s Kitchen mom sharing simple homemade meals from Myanmar 🇲🇲, Singapore 🇸🇬 & New Zealand 🇳🇿

🤤  နေ့လည်စာ ငါးဖယ်ခြစ်ကြော် အချဉ်ဆီပြန်၊ ရုံးပ‌တေသီး အစပ်ကြော်၊ ချဉ်ပေါင်ဟင်းချို တို့နဲ့ စားကြပါ အုံးရှင့်။  #ငါးဖယ်ခြစ...
21/10/2026

🤤 နေ့လည်စာ ငါးဖယ်ခြစ်ကြော် အချဉ်ဆီပြန်၊ ရုံးပ‌တေသီး အစပ်ကြော်၊ ချဉ်ပေါင်ဟင်းချို တို့နဲ့ စားကြပါ အုံးရှင့်။

#ငါးဖယ်ခြစ်ကြော် #အချဉ်ဆီပြန် #အိမ်ချက်ဟင်းလေးများ #ထမင်းမြိန်စေမယ့်ဟင်း


゚



ဒီနေ့ ထမင်းမြိန်စေမယ့် ဟင်းလေးကတော့ ငါးဖယ်ခြစ်ကြော် အချဉ်ဆီပြန်လေးပါ။ ❤️ #ငါးဖယ်ခြစ်ကြော်  #အချဉ်ဆီပြန်  #အိမ်ချက်ဟင်းလေ...
20/10/2026

ဒီနေ့ ထမင်းမြိန်စေမယ့် ဟင်းလေးကတော့ ငါးဖယ်ခြစ်ကြော် အချဉ်ဆီပြန်လေးပါ။ ❤️

#ငါးဖယ်ခြစ်ကြော် #အချဉ်ဆီပြန် #အိမ်ချက်ဟင်းလေးများ #ထမင်းမြိန်စေမယ့်ဟင်း

゚

20/10/2026

🤤 ဒီနေ့ ထမင်းမြိန်စေမယ့် ဟင်းလေးကတော့ ငါးဖယ်ခြစ်ကြော် အချဉ်ဆီပြန်လေးပါရှင့်။

ငါးဖယ်လုံးလေးတွေ ရွှေညိုရောင်သန်းပြီး ဖောင်းဖောင်းလေးဖြစ်လာတဲ့အထိ ကြော်ထားပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသတ်နံ့မွှေးမွှေးလေးနဲ့ ငရုတ်သီးအရောင်တင်မှုန့်ထည့်ပါ။

ပြီးတော့ မန်ကျည်းရည်လေးထည့်ပြီး အချဉ်အရသာလေးနဲ့ ဆီပြန်လာတဲ့အထိ ချက်ပေးရပါတယ်။ နောက်ဆုံး နံနံပင်လေးအုပ်လိုက်ရင်တော့ မွှေးနေရောပဲ။

ဒီဟင်းလေးနဲ့ဆို ထမင်းတစ်ပန်းကန်နဲ့တင် ရပ်နိုင်ပါ့မလားနော်။ 😁

#ငါးဖယ်ခြစ်ကြော် #အချဉ်ဆီပြန် #အိမ်ချက်ဟင်းလေးများ #ထမင်းမြိန်စေမယ့်ဟင်း


゚



20/10/2026

🌸🌸 Auckland မြို့က ချယ်ရီပန်းလေးတွေ သွားကြည့်ရအောင်နော် 🇳🇿

နယူးဇီလန်မှာ Spring ရောက်လာပြီဆိုရင် လှပတဲ့ ချယ်ရီပန်းလေး လှလှလေးတွေ ပွင့်လာတတ်ပါတယ်။

ကိုယ်တို့နေတဲ့ Auckland မြို့က Cornwell Park မှာလည်း ချယ်ရီပန်းလေးတွေ ပွင့်တဲ့အချိန်ဆို ပန်းလေးတွေကြည့်ရင်း ဓာတ်ပုံလှလှလေးတွေရိုက်၊ အေးအေးဆေးဆေး လမ်းလျှောက်ရင်း Spring ရဲ့အလှကို ခံစားလို့ရပါတယ်။

🌸 ချယ်ရီပန်းလေးတွေက Spring ရာသီမှာပဲ ပွင့်တာမို့ ပန်းလေးတွေပွင့် တဲ့အချိန်လေးကိုက်အောင် သွားကြည့်ဖို့တော့ လိုပါတယ်။ ပန်းလေးတွေက ကြာကြာမခံဘဲ နှစ်ပတ်အတွင်း တဖြည်းဖြည်း ကြွေသွားတတ်လို့ပါ။

Auckland မှာနေတဲ့သူတွေထဲ မသွားဖူးသေးရင် ဒီနှစ် Spring မှာ ကိုယ်ချစ်တဲ့သူတွေနဲ့အတူ ပန်းလေးတွေကြည့်ရင်း အမှတ်တရလေးတွေ ဖန်တီးကြည့်ဖို့ သူငယ်ချင်းတွေနဲ့ ပြင်ထားလိုက်တော့နော်။ 🫶🏻

🌸🇳🇿




19/10/2026

ကြွပ်ကြွပ်မွမွ မွှေးမွှေးလေးနဲ့ ဝက်သားလုံးကြော် 😋

အပြင်က ကြွပ်ကြွပ်လေး၊ အတွင်းသားက နူးနူးအိအိနဲ့ သူ့အရသာလေးကလည်း ပြည့်စုံနေပါတယ်။

ဝက်သားလုံးကြော် လုပ်နည်းလေးက လွယ်ပါတယ်။
🥩 ဝက်သားကြိတ်သား
🥚 ကြက်ဥ
🧅 ကြက်သွန်ဖြူ၊ ကြက်သွန်နီ တောက်တောက်စင်း
🌽 ပြောင်းကော်မှုန့်
🧂 ဆား၊ သကြား
🌶️ ငရုတ်ကောင်းမှုန့်
🌟 တရုတ်မဆလာ၊ ပဲငံပြာရည် နဲ့ နှမ်းဆီအနည်းငယ်
ပြီးလျှင်အားလုံးကို သမအောင်နယ်ပြီး အသားထဲ အရသာဝင်အောင် နာရီဝက်လောက် နှပ်ထားပေးပါ။ ကြော်ခါနီးတွင် အကြော်မှုန့်လေးနဲ့ အသားလုံးတွေ မကပ်အောင် လုံးပေးပြီး ဆီအပူအနေတော်မှာ ရွှေညိုရောင်သန်းလာပြီး ကြွပ်ကြွပ်မွမွလေး ဖြစ်လာတဲ့အထိ ကြော်ပေးရုံပါပဲနော်။ 😋
ထမင်းပူပူလေးနဲ့ တွဲစားစား၊ ငရုတ်ဆော့စ်လေးနဲ့ တို့စားစား အရမ်းလိုက်ဖက်တဲ့ ဝက်သားလုံးကြော်လေးပါ။ ကလေးရော လူကြီးပါ ကြိုက်ကြမယ့် ဟင်းတစ်ခွက်ဆိုတာ သေချာပါတယ်။

#ဝက်သားလုံးကြော် #အိမ်ချက်ဟင်းလျာ #ကြွပ်ကြွပ်မွမွ 🍽️❤️

゚




ပုဇွန်ခြောက် မရမ်းသီး ငပိကြော် ချဉ်ငံစပ်လေး 🤤တစ်ဇွန်းစားလိုက် ချဉ်ချဉ်ငံငံ စပ်စပ်လေးနဲ့ နောက်တစ်လုပ် ထပ်စားချင်လာမယ့် အိ...
19/10/2026

ပုဇွန်ခြောက် မရမ်းသီး ငပိကြော် ချဉ်ငံစပ်လေး 🤤

တစ်ဇွန်းစားလိုက် ချဉ်ချဉ်ငံငံ စပ်စပ်လေးနဲ့ နောက်တစ်လုပ် ထပ်စားချင်လာမယ့် အိမ်ချက်လက်ရာလေးပါ။

ကြော်နည်းလေး ပြောပြမယ်နော်…

ပထမဆုံး ဆီပူလာရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့မွှေးလာပြီး မနွမ်းတစ်နွမ်းလေးဖြစ်အောင် ဆီသတ်ပါ။ ပြီးရင် ငရုတ်သီးခွဲကြမ်းလေးတွေထည့်ကြော်ပြီး ငရုတ်သီးကျက်လာတဲ့အခါ စိမ်းစားငပိနဲ့ မရမ်းသီးလေးတွေ ထည့်ကြော်ပေးပါ။

ဆားနဲ့ ဟင်းခတ်မှုန့်ကို မိမိနှစ်သက်တဲ့ အရသာအလိုက် ထည့်ပြီး မရမ်းသီးလေးတွေ နူးလာပြီဆိုရင် ထောင်းထားတဲ့ ပုဇွန်ခြောက်လေးတွေ ထည့်ကာ အားလုံး သမအောင် မွှေပေးပါ။

ရေခမ်းပြီး ဆီလေးပြန်လာပြီဆိုရင်တော့… ချဉ်၊ ငံ၊ စပ်အရသာထိထိမိမိ ပုဇွန်ခြောက် မရမ်းသီး ငပိကြော်လေး ရပါပြီ။

အနံ့လေးကလည်း မွှေး၊ အရသာလေးကလည်း စားလို့ကောင်း၊ မရမ်းသီးရဲ့ ချဉ်ချဉ်လေးနဲ့ ပုဇွန်ခြောက်ရဲ့ အချိုအရသာလေး ပေါင်းစပ်ထားတော့ ထမင်းမြိန်စေမယ့် အရံဟင်းကောင်းလေးတစ်ခွက်ဖြစ်မှာ အမှန်ပါဘဲ။

’sKitchen #ပုဇွန်ခြောက်မရမ်းသီးငပိကြော် #ချဉ်ငံစပ် #အိမ်ချက်ဟင်းလေးများ #ထမင်းမြိန်စေမယ့်ဟင်း #မြန်မာ့အစားအစာ


゚



#ငပိ

19/10/2026

ဒီနေ့တော့ ကြက်သားဒံပေါက် ရှယ်😋

ဒံပေါက်မဆလာမွှေးမွှေးလေးနဲ့ ကြက်သားဒံပေါက်ထမင်းပူပူလေးထဲမှာ ကြက်ဆီပြန်အနှစ်လေး ကိုဆမ်း ကြက်အသည်းဖတ်လေးတစ်ဖဲ့ထည့်နဲ့ မရမ်းသီးပုစွန်ခြောက် ချဉ်ချဉ်ငံငံစပ်စပ်လေး ပါလေရုံထည့် တွဲစားလိုက်ရင်တော့ အရသာက ရှယ်ပါပဲ။

ထမင်းတစ်လုပ်စားလိုက်တိုင်း ပါပလာအကြွပ်ကြော်လေး ကိုက်လိုက်၊ ချဉ်ပေါင်ဟင်းချိုပူပူလေး သောက်လိုက်နဲ့… အရသာစုံလင်လို့ စားမြိန်နေမှာ အသေအချာပဲ။ 🥰

ဒီလိုစားကောင်းတဲ့အချိန်ဆို ဆွေမျိုးတောင် မေ့သွားနိုင်တယ်နော်

ဒါကြောင့် ဆွေမျိုးမေ့ခြင်ရင် ဟင်းကောင်းကောင်းချက်စားကြည့်ပါ 😂😂 နောက်တာနော်
#ကြက်သားဒံပေါက် #မရမ်းသီးပုစွန်ခြောက် #အိမ်ချက်လက်ရာ #စားမြိန်စေ ❤️


゚

#ဒံပေါက်

19/10/2026

🍜🐟 ငါးများများနဲ့ ရန်ကုန်မုန့်ဟင်းခါး ရှယ်ကြီး

မုန့်ဟင်းခါးဆိုတာ မြန်မာလူမျိုးတွေအတွက် ဘယ်အချိန်စားစား မရိုးနိုင်တဲ့ အစားအစာလေးနော်။ အထူးသဖြင့် ငါးများများ၊ ဟင်းရည်ပျစ်ပျစ်လေးနဲ့ မွှေးမွှေးလေးချက်ထားတဲ့ ရန်ကုန်မုန့်ဟင်းခါးဆိုရင်တော့ တစ်ပွဲနဲ့တင် မလောက်ချင်ဘူး။

ဒီနေ့တော့ ငါးကြင်းများများနဲ့ ရန်ကုန်မုန့်ဟင်းခါး ရှယ်ချက် လေး ချက်ဖြစ်ပါတယ်။

ငါးကြင်းကို စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နနွင်းမှုန့်နဲ့ အရောင်တင်မှုန့်တို့ထည့်ပြီး ဆီသတ်ထားလို့ အနံ့ကတည်းက မွှေးနေပြီ။

ဆန်လှော်မှုန့်နဲ့ ပဲအစိမ်းမှုန့်ကို ကြက်သွန်ဥလေးတွေနဲ့ ရောပြီး အရသာသင့်တော်အောင် ဆားထည့်တည်ထားပါ။ ဟင်းရည် ဆူလာလျှင် ဟင်းရည်ထဲကို ဆီသတ်ထားတဲ့ ငါးတွေထည့်၊ ငါးဖယ်ကြော်လေးတွေ၊ ပါးပါးလှီးထားတဲ့ ကြက်ဥပြုတ်လေးတွေ ထည့်ပြီး နောက်ဆုံး ငရုတ်ကောင်းမှုန့်လေး ဖြူးလိုက်တဲ့အခါ အနံ့ရော အရသာပါ ပြည့်စုံတဲ့ ရန်ကုန်မုန့်ဟင်းခါးဟင်းရည် မွှေးမွှေးချိုချိုပျစ်ပျစ်လေး ရပါပြီ။

ပြီးတော့ မုန့်ဖတ်လေးထည့်၊ ပဲကြော်ကြွပ်ကြွပ်၊ ကြက်သွန်ကြော်မွှေးမွှေး၊ နံနံပင်၊ ငရုတ်သီးမှုန့်စပ်စပ်နဲ့ ကြက်သွန်ဆီချက်လေး ဆမ်းလိုက်ရင်တော့… 😍 စားချင်စရာကြီးနော်။

ငါးများများ၊ ဟင်းရည်မွှေးမွှေး၊ အကြော်စုံစုံနဲ့ အိမ်ချက်ရန်ကုန်မုန့်ဟင်းခါး ရှယ်တစ်ပွဲ 🍜

#ရန်ကုန်မုန့်ဟင်းခါး #ငါးများများမုန့်ဟင်းခါး #အိမ်ချက်မြန်မာဟင်းလျာ 🍜🐟



゚


ရုံးပတေသီးအစပ်ကြော် အင်ဒိုစတိုင် 😋ဒီနေ့တော့ ထမင်းမြိန်စေမယ့် ရုံးပတေသီးအစပ်ကြော်လေး လုပ်စားဖြစ်တယ်။စိမ်းစားငပိလေး အနည်းင...
18/10/2026

ရုံးပတေသီးအစပ်ကြော် အင်ဒိုစတိုင် 😋

ဒီနေ့တော့ ထမင်းမြိန်စေမယ့် ရုံးပတေသီးအစပ်ကြော်လေး လုပ်စားဖြစ်တယ်။

စိမ်းစားငပိလေး အနည်းငယ်၊ ငရုတ်သီးစိမ်းပါးပါးလှီးလေးတွေ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ပုစွန်ခြောက်လေးတွေ ထည့်ပြီး ဆီသပ်လိုက်တော့ ထွက်လာတဲ့အနံ့လေးကတင် သွားရည်ကျစရာဖြစ်စေပါတယ်။

ကြက်သွန်ကြော်လေးတွေ နွမ်းလာတဲ့အခါ မှာ ရုံးပတေသီးလေးတွေ ထည့်ကြော်လိုက်တော့ ငပိနံ့မွှေးမွှေး၊ ပုစွန်ခြောက်အရသာလေးနဲ့ ငရုတ်သီးစပ်စပ်လေး ပေါင်းစပ်ပြီး အရသာကတစ်ကယ့် ရှယ်ပဲနော်။

ထမင်းပူပူလေးနဲ့ ဒီဟင်းတစ်ခွက်တည်းရှိရင်တောင် စားကောင်းမယ့် အနေအထားပါပဲ 😋

အစပ်ကြိုက်သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ဟင်းလေးတစ်ခွက်ပါရှင်။

ရုံးပတေသီးကို ဒီလို အင်ဒိုစတိုင် စပ်စပ်လေး ကြော်စားဖူးကြလား? 😋👇

#ရုံးပတေသီးအစပ်ကြော် #အင်ဒိုစတိုင် #အိမ်ချက်ဟင်းလေးများ #ထမင်းမြိန်စေမယ့်ဟင်း






18/10/2026

🍜❤️ ချဉ်ငံစပ်ခေါက်ဆွဲသုပ်လေး
ခေါက်ဆွဲဝါဝါလေးကို ပဲငံပြာရည်နဲ့ အရောင်ဆိုးမထားဘဲ ဆီချက်ဖတ်များများ၊ မန်ကျည်းမှည့် အချဉ်ရည်ရွှဲရွှဲ လေးဆမ်း၊ ပဲမှုန့် မွှေးမွှေးလေးတွေ ခပ်များများထည့်ပြီး ချဉ်ချဉ်ငံငံ စပ်စပ်လေး သုပ်ထားတာကို ဂေါ်ဖီ၊ ပဲပင်ပေါက်လေးတွေ ငရုတ်ကောင်းနံ့မွှေးနေတဲ့ ဟင်းခါးပူပူလေးပါ တွဲစားလိုက်ရတော့… အရသာက ရှယ်ပဲပေါ့ရှင်။

#ချဉ်ငံစပ်ခေါက်ဆွဲသုပ် #ငယ်ဘဝအမှတ်တရ #မြန်မာ့အစားအစာ #အိမ်ချက်အစားအစာ 🇲🇲🍜❤️





Address

North Shore
Auckland

Alerts

Be the first to know and let us send you an email when Mom’s Kitchen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share